ပွဲချိန်ဆွဲလွန်းတဲ့ နယူးကာဆယ်နဲ့ ကွင်းလယ်ဒိုင်ကြောင့် သရေတစ်မှတ်နဲ့ကျေနပ်ခဲ့ရတဲ့ ယူနိုက်တဒ်

Posted on

ယူနိုက်တဒ် ရဲ့ ပွဲထွက်အခင်းအကျင်း က မမျှော်လင့်ထားတဲ့ ဒဏ်ရာပြသနာတချို့နဲ့အတူ အပြောင်းလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။လင်ဒီလောဖ့်အစား ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ ဗာရန်းပါဝင်လာကာ ကွင်းလယ်မှာ အဝါကဒ်(၅)ကြိမ်ပြည့်လို့ ပွဲပယ်ခံထားရတဲ့ တော်မနေး နဲ့ လေ့ကျင့်ရေးဆင်းရင်း ဖျားသွားတာကြောင့် မပါဝင်နိုင်တဲ့ အဲရခ်ဆင် တို့နေရာမှာ ကတ်စမဲရိုး နဲ့ ဖရဒ် က ပါဝင်လာပါတယ်။ဘရူနို က ကပ္ပတိန်အဖြစ် ဆက်လက်ပါဝင်လာပြီး အန်တိုနီ၊ဆန်ချို နဲ့အတူ ရော်နယ်ဒို က ပွဲထွက်လာပါတယ်။နယူးကာဆယ်အသင်းကတော့ သတင်းတွေထွက်နေတဲ့အတိုင်းပဲ အဓိက ကစားသမားအများစုမပါဝင်ပဲ အရံအများစုနဲ့သာ ပွဲထွက်လာပါတယ်။

နယူးကာဆယ်အသင်းက ပွဲစတာနဲ့ ခပ်ကြမ်းကြမ်း ဖျတ်ထုတ်ဖို့သာ ကြိုးစားပြီး ဘောလုံးပျက်တဲ့အချိန်တိုင်း လှဲချဖို့ကြိုးစားအချိန်ဆွဲနေခဲ့လို့ ပထမပိုင်းမှာ ယူနိုက်တဒ် အတွက် ကစားရပိုမိုခက်ခဲခဲ့ပါတယ်။ အထူးသဖြင့် ယူနိုက်တဒ် ရဲ့ တန်ပြန်တိုက်စစ်စတင်ချိန်တွေမှာ နယူးကာဆယ်ကစားသမားတွေရဲ့ နာကျင်မှုအကြောင်းပြ အချိန်ဆွဲမှုက ပထမပိုင်းမှာတင် (၈)မိနစ်ကျော် ခဲ့ပြီး ကွင်းလယ်ဒိုင် ခရိဒ်ပေါလ်ဆန် ကလည်း အလိုတူအလိုပါခွင့်ပြုခဲ့တာကြောင့် ပွဲက အတော်လေး ကြည့်ရဆိုးစေခဲ့ပါတယ်။ နယူးကာဆယ် အတွက် အပိုင်အခွင့်အရေး ဟာ ထရစ်ပီယာ ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဂျိုလ်လီတန် ခေါင်းတိုက်သွင်းတဲ့နှစ်ကြိမ်သာ ဖြစ်ပြီး နှစ်ကြိမ်လုံးတိုင်ထိခဲ့တာတော့ ယူနိုက်တဒ် အတွက် ကံကောင်းခဲ့တယ်လို့ဆိုနိုင်ပါတယ်။

ယူနိုက်တဒ် အတွက် ပယ်နယ်တီရရှိနိုင်တဲ့ ရော်နယ်ဒို နဲ့ ဆန်ချို ပြစ်ဒဏ်ကျူးလွန်ခံရမှုတွေ အပေါ် ကွင်းလယ်ဒိုင် က မျက်ကွယ်ပြုခဲ့သလို နယူးကာဆယ်ကစားသမားတွေကို အသာရစေမယ့် ဆုံးဖြတ်ချက်တွေသာ မကြာခဏ ချမှတ်နေတာက ပရီးမီးယားလိဂ် ဒိုင်တွေရဲ့ အရည်အချင်းအပေါ် မေးခွန်းထုတ်စရာ တွေ ပြည့်နှက်လာပါတယ်။

တဖက်မှာလည်း ယူနိုက်တဒ်ကစားသမားတွေက ရော်နယ်ဒို ကို အလွန်အကျွံဖန်တီးပေးနေတာ နဲ့ ကိုယ်တိုင်အဆုံးသတ်ရာမှာ ညံဖျင်းနေတာကြောင့် အခက်ကြုံနေရပါတယ်။ဖရဒ် ဟာ ယူနိုက်တဒ် မှာ မရှိသင့်တော့တဲ့ ကစားသမားတစ်ယောက် ဖြစ်နေပြီး mid-player တချို့ကို အသင်းကနေ မရှင်းထုတ်နိုင်သရျ် ယနေ့ပွဲလိုအခက်ခဲတွေ ကြုံနေရမှာပဲ ဖြစ်ပါတယ်။