ယူရိုပါလိဂ်နိုင်ပွဲက သူရဲကောင်း(၂)ဦးကို အထူးချီးကျူးလိုက်တဲ့ နည်းပြကြီး တန်ဟဂ်

Posted on

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု ဒုတိယပွဲစဉ်မှာ moldova ကလပ် ရှရစ်ဖ် အသင်းကို အဝေးကွင်းမှာ ဆန်ချို၊ စီရိုနယ်ဒိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဒီရာသိ ပထမဆုံး ဥရောပနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ဒီနိုင်ပွဲကနေ ယူနိက်တက်အသင်းအတွက် စိတ်အားတက်စရာများစွာလည်း ရရှိခဲ့တာဖြစ်ပြီး သူတို့အနေနဲ့ ဒီနိင်ပွဲကြောင့် လာမယ့် international break အပြီး ကစားရမယ့် မန်ချက်စတာ ဒါဘီပွဲအတွက်လည်း အားတက်နေတော့မှာဖြစ်ပါတယ်။

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ရှီရစ်ဖ်နဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ပြီးနောက် ယခုရာသီအတွက် ဂိုးဈေးဦးပေါက်သွားပြီဖြစ်သလို သူ့အတွက် ကစားသမားဘဝတစ်လျှောက် ပထမဆုံးယူရိုပါလိဂ်သွင်းဂိုးအဖြစ်ပါ မှတ်တမ်းဝင်သွားပါတယ်။ရော်နယ်ဒိုဟာ မန်ယူရဲ့ နာက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ခြင်းမရှိသလို ဂိုးလည်းမသွင်းနိုင်ဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့သည့်တစ်ပတ်ကယူရိုပါလိဂ်ပွဲစဉ်ဖြစ်သည့် ဆိုဆီဒက်နှင့်ပွဲတွင်လည်း ရော်နယ်ဒိုသည် ခြေစွမ်းမပြနိုင်ခဲ့ခြင်းမရှိပါဘူး။

မနေ့ညကပွဲတွင်မူ ရော်နယ်ဒိုသဟာ ဆန်ချို၊ အန်ထော်နီတို့နှင့်တွဲ၍ တိုက်စစ်ကို ဦးဆောင်နိုင်ခဲ့ပြီး ပင်နယ်တီမှ တစ်ဆင့်တစ်ဂိုးသွင်းနိုင်ကာ မန်ယူက ၂-၀ ဖြင့်အနိုင်ရရှိသလို အဖိုးတန်သုံးမှတ်ကိုလည်း ရရှိခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ယခုနှစ်ရာသီတွင် ပထမဆုံးသွင်းဂိုးကို သွင်းယူလိုက်နိုင်ပြီးနောက် နောက်ထပ် ဂိုးများစွာသွင်းယူနိုင်မယ်လို့ ယုံကြည်ကြောင်း တန်းဟက်က ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တန်းဟက်က “ဒီသွင်းဂိုးကို ရော်နယ်ဒို လိုအပ်ပါတယ်။ သူက ဂိုးဆာလောင်နေသလို ဂိုးရမလိုဖြစ်တာလည်း အကြိမ်ကြိမ်ပါပဲ။ အသင်းကလည်း သူ့ကို ဂိုးသွင်းစေချင်တယ်။ အားလုံးက သူ့ကို ဒီဂိုးကို ရစေချင်တာပါ။ သူက ရာသီအကြိုူပြင်ဆင်မှုကို လွဲခဲ့ပေမယ့် အရမ်းကြိုးစားပြီး ကြံ့ခိုင်မှုရအောင် အရမ်းလုပ်နေပါတယ်။ သူက ဒီထက်ပိုပြီး အသားကျလာရင် ဂိုးတွေပိုရလာဦးမှာပါ”ဟု ပြောဆိုလိုက်ပါတယ်။

ပွဲချိန် ၁၇ မိနစ်တွင် အဲရစ်ဆင်၏ ဖန်တီးပေးမှုမှ တစ်ဆင့် ဂိုးသွင်းယူလိုက်နိုင်သော ဆန်ချို၏ ခြေစွမ်းကိုလည်း တန်းဟက်က ချီးကျူးပြောဆိုလိုက်ပါတယ်။  “ဆန်ချိုကိုလညိး သဘောကျတယ်။ သူက ဂိုးထပ်သွင်းနိုင်သလို ဂိုးတွေလည်းသွင်းပြခဲ့ပြီးပါပြီ။ ဆန်ချိုမှာ အရည်အချင်းတွေအများကြီးရှိပြီး နောက်ထပ်လည်း တိုးတက်လာစရာတွေရှိပါတယ်။ အခုလို ယုံကြည်ချက်တွေပိုရလာချိန်မှာ သူက ပိုပြီးတောင်တိုးတက်လာစရာရှိပါတယ်။ ဂိုးတွေလည်းအများကြိးပိုသွင်းလာနိုင်ဦးမှာပါ”ဟု ဆန်ချိုနှင့် ပတ်သက်၍ တန်းဟက်က ပြောခဲ့ပါတယ်။ ဆန်ချိုကလည်း ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် နေရာတစ်နေရာ သေချာရန် ကြိုးစားနေတာလည်း ဖြစ်ပါတယ်။