ဟာလန်း ယူနိုက်တက်ကို မရောက်ရှိခဲ့ခြင်းရဲ့နောက်ကွယ်က အကြောင်းအရင်းအမှန်

Posted on

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်တလောမှာပဲ သူတို့ကို ဟက်ထရစ်သွင်းပြီး အသည်းခွဲသွားခဲ့တဲ့ အာလင်းဟာလန်းကို ယူရိုသန်း၂၀လောက်နဲ့ ခေါ်ယူခွင့်ရရှိမယ့်အရေးကို လက်လွှတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။ဟာလန်းဟာ ရက်ဒ်ဘူးလ် ဆဲဘာ့ဂ်အသင်းမှာ ခြေစွမ်းပြနေခဲ့တာကြောင့် အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး အဲ့ချိန်က သူ့ကို ခေါ်ယူချင်နေတဲ့ သူတွေထဲမှာ သူ့ဆရာဟောင်းဖြစ်တဲ့ ဆိုးလ်ရှားလည်း ပါဝင်ခဲ့ပါတယ်။

ဆိုးလ်ရှားနဲ့ ဟာလန်းတို့ဟာ မိုဒီအသင်းမှာ အတူလက်တွဲခဲ့ကြဖူးပြီး၊ ထိုစဉ် ကလည်း ဟာလန်းဟာ ပွဲ ၅၀မှာ ဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့ပါတယ်။ESPN ရဲ့ ဖော်ပြချက်အရ၊ ၂၀၁၉ ဒီဇင်ဘာအတွင်းမှာ ဆရာတပည့်ဟောင်း နှစ်ယောက်ဟာ အပြောင်းအရွှေ့ကိစ္စအတွက် တွေ့ဆုံခဲ့ကြပြီး ဟာလန်းကို ခေါ်ယူဖို့ ယူရို သန်း ၂၀ လောက်နဲ့တင် လုံလောက်နေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အမှူဆောင် ဥက္ကဌဟောင်း အက်ဒ်ဝု ဝါ့ဒ်က ဟာလန်းရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာအတွက် ပေးချေရမယ့် အေးဂျင့်ကြေး တွေနဲ့ ဟာလန်းရဲ့စာချုပ်ထဲမှာ အခိုင်အမာပါဝင်နေတဲ့ စာချုပ်ဖြတ်သိမ်းကြေးတွေ ကြောင့် ဟာလန်းကို ခေါ်ယူဖို့ ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ဟာလန်းဟာ ဂျာမန်ကလပ် ဒေါ့မွန်အသင်းကို ၂၀၁၉ ဒီဇင်ဘာလကုန်မှာပဲ လေးနှစ်စာချုပ်နဲ့အတူ ပြောင်းရွှေ့သွားခဲ့ပါတယ်။ဒေါ့မွန်အသင်းမှာတော့ ဟာလန်းဟာ ဘောလုံးလောကရဲ့ ကြောက်စရာ အ ကောင်းဆုံး တိုက်စစ်မှူးတွေထဲက တယောက်အဖြစ် တိုးတက်လာခဲ့ပြီး လက်ရှိ အချိန်မှာတော့ သူဟာ မန်ချက်စတာစီးတီးအသင်းထံ ရောက်ရှိ ခြေစွမ်းပြသနေခဲ့ပြီ ဖြစ်ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးအသင်းနဲ့အတူ ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုထားပြီး တပတ်ကို ပေါင် သုံးသိန်း ခုနှစ်သောင်း ငါးထောင် ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။