ရန်ကုန်မြို့တွင်းကရပ်ကွက်တစ်ခုမှာ စစ်ကောင်စီတပ်တွေလှည့်လှည်စစ်ဆေးနေတဲ့မြင်ကွင်း

အိမ်ငှားနေထိုင်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ ရပ်ကွက်ရုံးကိုပို့ဖို့လိုက်လံကြေညာ

Posted on

ရန်ကုန်မြို့တွင်းက မြို့နယ်၊ ရပ်ကွက်တွေမှာ အိမ်ငှားရမ်းနေထိုင်သူတွေနဲ့ပတ်သက်လို့ ဧည့်စာရင်းတိုင်ဖို့၊ အိမ်ငှားရမ်းနေထိုင်သူတွေရဲ့အချက်အလက်တွေကို သက်ဆိုင်ရာအိမ်ရှင်တွေကရပ်ကွက်ရုံးတွေကို အကြောင်းကြားဖို့လိုက်လံကြေညာတာတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။

ရန်ကုန်မြို့တွင်းကရပ်ကွက်တစ်ခုမှာစစ်ကောင်စီတပ်တွေလှည့်လှည်စစ်ဆေးနေတဲ့မြင်ကွင်း

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွှယ်တယ်လို့ ထင်ရှားပေါ်ပေါက်တဲ့နေအိမ်တိုက်ခန်းတွေကို နိုင်ငံတော်ပိုင်သိမ်းမှာဖြစ်တဲ့အကြောင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အပြီးမှာပဲ ရပ်ကွက်တွေအတွင်း ဧည့်စာရင်းတိုင်ဖို့၊ အိမ်ငှားရမ်းသူတွေရဲ့အချက်အလက်တွေကိုပေးဖို့ အိမ်ပိုင်ရှင်တွေကို ရပ်ကွက်ရုံးတွေက လိုက်လံနှိုးဆော်လာတာဖြစ်တယ်လို့ ရပ်ကွက်နေဒေသခံတချို့ကပြောဆိုပါတယ်။

Photo: CJ

ဒီလိုထုတ်ပြန်ချက်တွေဟာဆိုရင် ပြီးခဲ့တဲ့သြဂုတ်လထဲမှာ ပြန်လည်ပြင်ဆင်ခဲ့ တဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒေကိုပြန်လည်ပြင်ဆင်တဲ့ ဥပေဒကြောင့်ဖြစ်ပြီး ဒါတွေနဲ့ပတ်သက်လို့အရေးယူမှုတွေရှိလာခဲ့ရင် တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုပဲစောင့်ကြည့်ရမယ်လို့ ဥပေဒပညာရှင်တွေကသုံးသပ်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ NLD အဖွဲ့ဝင်တွေ၊ PDFတွေ၊ CRPH တွေကို ပုန်းခိုနေထိုင်ခွင့်မရအောင်တည်းခိုခွင့် အဆောက်အဦအသုံးပြုခွင့် မရအောင်ပိတ်ပင်တားဆီးတဲ့အနေနဲ့အဆောက်အဦပိုင်ရှင်တွေကိုချုပ်ကိုင်တဲ့သဘောပါပဲ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အတည်ဖြစ်နေတယ်လို့ အပ်နှင်းထားတဲ့အာဏာအရ ဥပဒေတွေအပြင်ဆင်ခွင့် အရေးပေါ်ကာလမှာ ရှိတယ်လို့ကြေညာပြီးသူကပြင်ဆင်တာကိုး၊ သို့သော်နိုင်ငံတကာဥပဒေတွေသဘာဝမှာ နိုင်ငံတနိုင်ငံမှာပင်မအရင်းခံဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမညီတဲ့ ဥပဒေတွေသည် အလိုအလျောက်ပျက်ပြယ်တယ်။

ရန်ကုန်မြို့တွင်းကရပ်ကွက်တစ်ခုမှာ စစ်ကောင်စီတပ်တွေလှည့်လှည်စစ်ဆေးနေတဲ့မြင်ကွင်း

ပြင်ဆင်လိုက်တဲ့ ဥပဒေတွေဟာလည်း ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေမှာအခန်း ၁၁မှာပါတဲ့ နိုင်ငံသားတွေရဲ့အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးနဲ့ဆန့်ကျင်နေတယ်။ဒါတွေကဘယ်ကျမှပြန်ဖြေရှင်းနိုင်မလဲဆိုတော့ သက်ဆိုင်ရာ တရားရုံးတွေမှာ၊ အထူးတရားရုံးတွေမှာတရားစွဲတဲ့အခါကျမှ တရားရုံးမှာ တရားစွဲခံရသူတွေကိုယ်စား ဆရာတို့က ဥပဒေနဲ့ညီညွတ်သလား၊မညီညွတ်ဘူးလား၊ ဖွဲစည်းပုံနဲ့ညီသလား၊ မညီသလား ဆရာတို့ကဆောင်ရွက်ရမှာပေါ့။အဲ့ဒီကျမှ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို စောင့်မျှော်ပြီးကြည့်ရမှာပေါ့ ” ဥပဒေအကြံပေးတစ်ဦးက သုံးသပ်ပါတယ်။

လက်ရှိမှာတော့ ဒီကြေညာချက်တွေကြောင့် ရပ်ကွက်တွေအတွင်းမှာ ဧည့်စာရင်းတိုင်တန်းမှုတွေပိုများလာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ ဆန္ဒပြလှုပ်ရှားတဲ့ကျောင်းသားလူငယ်တချို့ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေလည်းဆက်ပြီးဖြစ်နေတယ်လို့ မြို့ပြပျောက်ကြားလှုပ်ရှားသူလူငယ်တွေက ပြောပါတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *