နယူးကာဆယ်နဲ့ ပွဲမှာ ပြန်လည်ပါဝင်နိုင်မယ့်သူနဲ့ လွဲချော်မယ့်သူတွေကို အတည်ပြုလိုက်တဲ့ တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် ရဲ့ ယနေ့ညပြုလုပ်လျက်ရှိတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း နည်းပြကြီး တန်ဟဂ် က ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ အဲဗာတန် နဲ့ ပွဲမှာ လူစားလဲခဲ့ရတဲ့ မာစီရယ် ကိုပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ယူနိုက်တဒ် တိုက်စစ်မှုး ဟာ ရာသီအစ လီဗာပူးလ် နဲ့ ပွဲမှာထဲက ဒဏ်ရာရနေခဲ့တာ ဖြစ်ပြီး ကြားမှာ မိနစ်အနည်းငယ်သာကစားရသေးပြီး အဲဗာတန် နဲ့ ပွဲမှာတော့ ပြန်လည် အနာတရာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။သို့သော်လည်း မာစီရယ် ဟာ ကစားထားတဲ့ ပွဲချိန်တိုင်းမှာ ဂိုး ဒါမှမဟုတ် ဖန်တီးမှု တစ်ခုခုတော့ပြုလုပ်နိုင်ပြီး တန်ဟဂ် ရဲ့ အားထားရတဲ့ ကစားသမားအဖြစ် ခြေစွမ်ဒပြလျက်ရှိပါတယ်။

တန်ဟဂ်က”အန်သိုနီမာစီရယ် က နယူးကာဆယ် နဲ့ ပွဲအတွက်အသင့်ရှိနေပါလိမ့်မယ်။ဒါပေမယ့် ကျွန်တော်တို့သူ့ရဲ့တိုးတက်မှုနဲ့ပက်သက်လို့ စောင့်ကြည့်ရပါမယ်။အထူးသဖြင့် လာမယ့်နာရီပိုင်းအတွင်း သူ့ရဲ့ကြံခိုင်မှုဘယ်လောက်ရှိလည်းဆိုတာကအဖြေ ဖြစ်ပါလိမ့်မယ်။ဟယ်ရီမက်ဂွိုင်းယား ကတော့ ဒီပွဲအတွက်အသင့်မရှိသေးပါဘူး၊ဒါပေမယ့် သူလည်းသိပ်ကြာကြာတော့ ထပ်ပြီးအနားယူရတော့မှာမဟုတ်ပဲ ရှေ့တစ်ပတ်ထဲမှာ သူပြန်လာနိုင်မယ်လို့ မျှော်လင့်ရပါတယ်”လို့ဆိုပါတယ်။

ယူနိုက်တဒ် ရဲ့ လူစာရင်းမှာ မက်ဂွိုင်းယား အပြင် ဘစ်ဆာကာ၊ဝီလျံ နဲ့ ဗန်ဒီဘိခ့် တို့လည်း ပါဝင်နိုင်ဦးမှာမဟုတ်သေးပဲ ကာလအတန်ကြာ အနားယူရဦးမယ်လို့ သိရပါတယ်။တဆက်ထဲမှာပဲ အိုးထရဒ့်ဖိုဒ့် ကို လာရောက်ကစားမယ့် နယူးကာဆယ် အသင်းမှာတော့ အားထားရတဲ့ တိုက်စစ်မှုး အီဆက် ပါဝင်နိုင်မှာ မဟုတ်ကြောင်း သိရပါတယ်။

ရီးရဲလ်ဆိုစီဒက် ကနေ ယူရို(၇၂)သန်းနဲ့ခေါ်ယူထားတဲ့ ဆွီဒင် တိုက်စစ်မှုး က ဒဏ်ရာရရှိနေတာကြောင့် အိုးထရဒ့်ဖိုဒ့် ကို လိုက်ပါနိုင်မှာမဟုတ်လို့ တန်ဟဂ် အတွက်တော့ အနည်းငယ် စိတ်သက်သာရာရတယ်လို့ ဆိုနိုင်ပါတယ်။သို့သော်လည်း ယူနိုက်တဒ် ဟာ နယူးကာဆယ် ကို တနင်္ဂနွေ မှာ ကစားပြီးနောက် ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ် ကို လက်ခံကစားရဦးမှာ ဖြစ်ပြီး စနေမှာတော့ လန်ဒန် ကို သွားရောက်ကာ ချဲလ်ဆီး အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။