ယခုနွေမှာ ယူနိုက်တက်အသင်း ခေါ်ယူဖို့ ဒဲ့ ငြင်းခဲ့တဲ့ နာမည်ကျော်ကစားသမား(၉)ဦး

Posted on

ယခုနွေမှာ ယူနိုက်တက်အသင်း ခေါ်ယူဖို့ ဒဲ့ ငြင်းခဲ့တဲ့ နာမည်ကျော်ကစားသမား(၉)ဦး

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့အတွင်း ၎င်းတို့ကို ကမ်းလှမ်းမှု ပြုလုပ်လာခဲ့တဲ့ နာမည်ကျော် ကစားသမား ၉ ဦးခန့်ကို ငြင်းဆန်ပယ်ချမှုတွေ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့နွေအတွင်း မန်ယူအသင်း မရမက ခေါ်ယူလိုခဲ့တဲ့ ကစားသမားတွေ ရှိခဲ့ဖူးသလို အချို့သော အသင်းတွေကတော့ ၎င်းတို့အသင်းနဲ့ အသုံးမတည့်ဖြစ်နေတဲ့ ကစားသမားတွေကို ခေါ်ယူဦးမလားဆိုပြီး မန်ယူအသင်းထံ တိတ်တဆိတ် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် တန်ဟတ်ဂ်ရဲ့စိတ်ကြိုက်စာရင်းထဲ ပါဝင်ခြင်း မရှိခဲ့တာကြောင့် ငြင်းဆန်ပယ်ချခြင်း ခံခဲ့ကြရတာ ဖြစ်ပါတယ်။

မန်ယူအသင်း ငြင်းဆန်လိုက်တဲ့ ကစားသမားတွေအနက် ချဲလ်ဆီးမှ ပူလီဆစ် နဲ့ ဒီပေးတို့လို နာမည်ကျော်တွေ ပါဝင်နေပြီး ယခုသတင်းကို နာမည်ကျော် အပြောင်းအရွှေ့ သတင်းထောက် ဖေဘရီဇီယို ရိုမန်နိုက ဖွင့်ချသွားခဲ့တာ ဖြစ်ပါတယ်။

ဖာဘရီဇီယိုရိုမာနိုရဲ့ ဖွင့်ဟချက်အရ ဂျူဗင်တပ်မှ ကွင်းလယ်လူ ပါရာဒက်စ် နဲ့ McKennie၊ အေစီမီလန်မှ နောက်ခံလူ ဒက်စ် တို့အပြင် တီကိုမှ ကာရက်စ်ကို၊ ဒေါ့မွန် ညာနောက်ခံလူ မူနီယာ၊ ဘရိုက်တန်မှ ကိုင်စီဒို၊ နာပိုလီမှ လိုဇာနို တို့ ပါဝင်နေပြီး အဆိုပါ ကစားသမားတွေကတော့ မန်ယူအသင်းရဲ့ ငြင်းဆန်ပယ်ချမှုကြောင့် လက်ရှိ အသင်းနဲ့သာ ဆက်ပူးပေါင်းနေကြရတာ တွေ့ရပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေအတွင်း ၎င်းတို့ရဲ့ အဓိက ပစ်မှတ် ဒီဂျောင်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် အန်တိုနီ၊ အဲရစ်ဆင်၊ မာလာစီယာ၊ မာတီနက်ဇ်၊ ဒူဘရာကာ ၊ ကာဆာမဲရိုး စတဲ့ ကစားသမားတွေကိုတော့ ပရိသတ်တွေ စိတ်ကြိုက် ခေါ်ယူပေးနိုင်ခဲ့တာ တွေ့ရပါတယ်။