ကလောပ့်ရဲ့ရူးသွပ်ခြင်းကို စားသုံးခဲ့တဲ့ သရဲနီများ (ပွဲပြီး သုံးသပ်ချက်)

Posted on

တန်ဟဂ် ရဲ့လူစာရင်းအပေါ် အနည်းငယ် သံသယဝင်မိတာကလွဲလို့ ဒီနေ့ပွဲဟာအရှက် နဲ့ လူလုပ်တဲ့ သူတွေ အသက်ကိုရင်းမယ့် ပွဲဖြစ်လို့ မျှော်လင့်ချက်တွေကို မန်ချက်အပေါ်မှာပဲ ပုံအပ်ခဲ့တယ်။ ကံကကို့ဖက်မရှိနေရင်တောင် အဆုံးစွန်ဆုံးသော ကြိုးစားမှုဟာ အောင်မြင်ခြင်းဆီ တွန်းပို့လိမ့်မယ်လို့ မှတ်ယူရင်းနဲ့ပဲ ကျွန်တော်တို့ဟာ နတ်ဆိုးတွေရဲ့ နောက်ကနေ ရင်ထိတ်စွာ အားပေးခဲ့ကြရတယ်။

နှစ်ပွဲကန် ရမှတ်မရှိ၊ရထားတဲ့သွင်းဂိုး က လက်ဆောင် ဒီအသင်းလောက် လိုအပ်ချက်တွေများပြီး အဆင်မချောတာမျိုး ရှိနိုင်ပါ့မလား၊ တန်ဟဂ် ရဲ့ မရသောလူခေါ်ခြင်းတွေ၊ပိုင်ရှင်ရဲ့ ဂုတ်သွေးစုပ်ခြင်း ပြီးတော့ လွဲမှားနေတဲ့ စီမံခန့်ခွဲမှုတွေ ဒါတွေဟာ အိုးထရဒ့်ဖိုဒ့် ကို မြစ်ရေလို တိုက်စားလာလိုက်တာ အခုဆိုရင် Battle Of The Red မှာ မန်ချက်စတာ မှာ (၈)ဂိုးလောက် နဲ့ အရေးနိမ့်မယ်လို့ နှိမ့်ချခံရတဲ့ထိပါပဲ။

သို့သော်လည်း ပွဲအစ စက္ကန့်ပိုင်းမှာ မျှော်လင့်ခြင်းကမ်းကို စိုက်ကပ်လာတဲ့ ကျွန်တော်တို့ကို နတ်ဆိုးနဲ့ရောင်းရင်းများက စိတ်ပျက်စေခဲ့ခြင်းအလျင်းမရှိ၊ လီဗာပူးလ် ကို press လုပ်ခွင့်မပေးပဲ ဘောလုံးကို ခပ်မြန်မြန် နဲ့ တည်ငြိမ်စွာ ထုတ်သွားတာမျိုးတွေ၊ အလက်ဆန်ဘက်ကာ တောင် အြကိမ်ြကိမ် လူမှားပေးရတဲ့ထိ ဖြစ်ခဲ့တဲ့ ယူနိုက်တဒ် ရဲ့ pressing ပြီးတော့ ကလောပ့် ရဲ့ ခါးချိုး တစ်တောင့်ထိုးဗျူဟာ ကို စနစ်တကျ နဲ့ တစ်ဦးချင်းရော မဟာဗျူဟာအရပါ ပိတ်ဆို့ခဲ့တဲ့ ခံစစ် ပြီးခဲ့တဲ့တနှစ်လုံး ဝဠ် ခံခဲ့ရသမျှ ဒီတစ်ပွဲဟာ ရေဆာနေချိန် ကျွန်တော်တို့ကြုံကြိုက်ခဲ့တဲ့ အိုအေစစ်ပါပဲ။ ဘရူနို နဲ့ မာတီနက်ဇ် ရဲ့ OG ဖြစ်သွားနိုင်တဲ့ အနေထားတွေကို ကာကွယ်ခဲ့တာအပါဝင် ဒီနေ့ပွဲမှာ ဒဟေးယား ဟာ တာဝန်ကျေတာထက်ပိုမိုခဲ့ပါတယ်။

ဂျေဒန်ဆန်ချို ပြီးဆုံးသွားကြောင်း သတင်းစကားတွေကို ပြန်ရုတ်သိမ်းကြမားကပ်စ်ရရှ်ဖိုဒ့် လူမကျော်တော့ဘူးဆိုတာလည်းမေ့လိုက်မက်ဂွိုင်းယား နဲ့ ရှော ဆိုတာကို နတ်ဆိုးရဲ့ ရန်သူလို့ ခများမြင်လို့ရတယ် ဗတ်ဒိုက်ကို မေးပေးပါဦး ပထမတန်းထိုင်ခုံက အဆင်ပြေရဲ့လား ဒါမှမဟုတ် မီလ်နာထံ ခရီးရှည်နဲ့ပက်သက်ပြီးမေးစမ်းကြည့်လို့ရကောင်းရဲ့ အာနိုးလ် ကတော့ ရရှ်ဖိုဒ့် နဲ့ တွေ့တိုင်း ဂျိုးရုပ်ပါပဲ ဒါဟာထူးမခြားတော့တဲ့ ပုံပြင်တစ်ပုဒ် ဖြစ်နေခဲ့ပြီ။

ထူးခြားတာကတော့ မာတီနက်ဇ် ရဲ့ ရဲရင့်ခြင်း၊မလာစီယာ ရဲ့ ရဲစွမ်းသတ္တိ၊ဗာရန်းရဲ့ ခေါင်းဆောင်မှု နဲ့ ဒါးလော့ ရဲ့ လျှင်မြန်မှုတွေ ပေါင်းစည်းထားတဲ့ ခံစစ်ပါပဲ ရှေ့လာမယ့် ပွဲတွေမှာ ဒီလေးဖော်ရှေ့ ကတ်စမဲရိုး ရောက်ရှိလာခဲ့ရင် ပြီးတော့ အီလန်ဂါ နေရာမှာ အန်တိုနီ ဖြစ်လာပြီး စက်တပ်ထားတဲ့ အဲရခ်ဆင် ကို ဖရန်ကီဒီဂျောင် က အနားပေးခဲ့ရင် ………
We Are Manchester United