ဆိုက်ပရက်စ် မြေမှာ Omonia ကို ခြေမှုန်းပြီး ဒါဘီပွဲဒဏ်ရာကို ဖြေဖျောက်မယ့် နတ်ဆိုး (ပွဲကြို အချက်လက်နဲ့ သုံးသပ်ချက်

Posted on

မန်ယူနိုက်တဒ် ရဲ့ ဒါဘီပွဲရလာဒ်နာကျင်မှုကို ဖြေသိမ့်ရန်အတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲကမဖြစ်မနေလိုအပ်နေတယ်ဆိုရင် ယနေ့ည ကစားမယ် Omoniabအသင်းနဲ့ ပွဲက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ဆိုက်ပရက်စ်အခြေစိုက် Omonia အသင်းဟာ အင်္ဂလန်ကလပ်တွေနဲ့ ကလပ်အသင်းသမိုင်းကြောင်းတလျှောက် (၄)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး အာဆင်နယ်၊မန်စီးတီး တို့နဲ့ဆုံတွေ့ခဲ့ာ လေးကြိမ်လုံးကိုရှုံးနိမ့်ခဲ့ပါတယ်။

ယူနိုက်တဒ် အတွက်တော့ ဆိုက်ပရက်စ် အသင်းကို ပထမဆုံးရင်ဆိုင်ကစားတာဖြစ်ပြီး ယနေ့ညမှာတော့ One X တို့အခြေစိုက်ရာ ဆိုက်ပရက်စ်မြေမှာ ဂိုးပြတ်နိုင်ပွဲနဲ့ ချေမှုန်းအနိုင်ယူဖွယ်ရှိပါတယ်။ တန်ဟဂ် အနေနဲ့ ယနေ့ညမှာ ခံစစ်ပိုင်းအတွက် အသုံးပြုစရာ မာတီနက်ဇ် နဲ့ လင်ဒီလောဖ့် ပဲ ရှိတာကြောင့် ဒါးလော့ နဲ့ ရှော ကို ရံပြီး ပွဲထွက်လာနိုင်ပြီး ဒဟေးယား အစား ဂိုးသမားသစ် ဒူဗက်ကာ ကို အသုံးပြုလာဖွယ်ရှိပါတယ်။

ကွင်းလယ်မှာတော်မနေးအစား ကတ်စမဲရိုး ကို သေချာပေါက်အသုံးပြုမှာဖြစ်ပြီး အဲရခ်ဆင် နဲ့ ဘရူနို က ထုံးစံအတိုင်းပါဝင်လာပါလိမ့်မယ်။ တိုက်စစ်အတွက်တော့ တိုက်စစ်ပိုင်းမှာတော့ ရော်နယ်ဒို ကို ပြန်လည်ပွဲထွက်ခွင့်ပေးပြီး အန်တိုနီ နဲ့ မာစီရယ် ကို တောင်ပံတွေကနေ ထိုးဖောက်စေဖို့ တန်ဟဂ် တစ်ယောက်ပြင်ဆင်လာပါလိမ့်မယ်။

ယူနိုက်တဒ် အနေနဲ့ ပြီးခဲ့တဲ့ဒါဘီမှာအရေးနိမ့်ခဲ့တာကြောင့် ယခုတစ်ပတ်မှာတော့ မဖြစ်မနေအနိုင်ရဖို့လိုနေပြီး ပရိတ်သတ်တွေကို ဖြေသိမ့်ဖို့နဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြှင့်တက်စေဖို့ အတွက် ဂိုးပြတ်အနိုင်ရစေဖို့လိုအပ်ပြီးဆိုက်ပရက်စ် မှာ သေချာပေါက် သွင်းဂိုးမုန်တိုင်းတွေ တိုက်ခတ်ဖို့လိုပါတယ်။အထူးသဖြင့် ဂိုးပေါက်ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ရော်နယ်ဒို အနေနဲ့ ယနေ့ညမှာ သွင်းဂိုးတွေပြန်လည်ရှာတွေရန်လိုအပ်ပြီး မဖြစ်မနေအနိုင်ယူရန် လိုအပ်နေတာကြောင့် ဆိုက်ပရက်စ် မြေမှာ နတ်ဆိုးတွေရဲ့ ဂိုးမြူးမှုကို မြင်တွေ့ရပါလိမ့်မယ်။