ဗိုလ်ချုပ်ဇော်မင်းထွန်း

ထန်တလန်မြို့ သင်းအုပ်ဆရာ သေဆုံးမှု ဇော်မင်းထွန်း ဗြောင်လိမ်

Posted on

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ သင်းအုပ်ဆရာ Pastor Cung Biak Hmun ကို ပစ်သတ်ပြီး လက်သကြွယ်ဖြတ်ကာ လက်စွပ် ယူသွားတဲ့ ဖြစ်စဉ်ကို စီစစ်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်း

ယမန်နေ့ည (စက်တင်ဘာ ၂၁ရက်)မှာ ထုတ်လွင့်တဲ့ ည(၈)နာရီ သတင်းအစီအစဉ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထန်တလန် သင်းအုပ်ဆရာ သတ်ဖြတ်ခံရခြင်းကိစ္စနဲ့ ပတ်သက်ပြီး ယခုလို ပြောဆိုပါတယ်။

ကျွန်တော်တို့ သင်းအုပ်ဆရာ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ်။ လက်စွပ်ယူသွားတယ်ဆိုပြီး မဟုတ်မမှန်တွေ သတင်းတွေ ဖြန့်နေကြတယ်။ ဒါတွေက NUGနဲ့ CRPH အဖွဲ့တွေက တိုင်းပြည်မငြိမ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ မဟုတ်မမှန် သတင်းတွေဖြစ်ပါတယ်”လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

စက်တင်ဘာလ ၁၉ရက်က သတင်းဌာနအချို့က သင်းအုပ်ဆရာတော် သေဆုံးမှုဟာ တပ်မတော် ကျည် ထိမှန်လို့ သေဆုံးတာဖြစ်တယ်ဆိုပြီး မဟုတ်မမှန်သတင်းများ ဖြန့်ခဲ့တယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သင်းအုပ်ဆရာ Pastor Cung Biak Hmun
ဗိုလ်ချုပ်ဇော်မင်းထွန်း

စက်တင်ဘာ ၁၈ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF/CAN အဖွဲ့တို့အကြား ပစ်ခတ်မှုများဖြစ်ခဲ့ပြီး TCBC အသင်းတော်ရဲ့ သင်းအုပ်ဆရာ Pastor Cung Biak Hmun ပ စ် သ တ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူအားလုံးအတွက် ဝမ်းနည်းတယ်လို့ KBC ပြော

ထန်တလန်မြို့နယ်အတွင်း စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ခရစ်ယာန်သင်းအုပ်ဆရာ ကျူံးဗျက်ဟုမ်းနဲ့ပတ်သက်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ဝမ်းနည်းကြောင်းကြေညာချက်တစ်စောင်ကို စက်တင်ဘာ ၂၀ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

ထန်တလန် မြို့

ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှာ ပါဝင်ပြီး သင်းအုပ်ဆရာ ပါစတာ ကျူံးဗျက်ဟုမ်းဟာဆိုရင်လည်း အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့အတွက် KBC အနေနဲ့ ဝမ်းနည်းရပါကြောင်း ဖော်ပြထားပါတယ်။

ကျွန်တော်တို့ကတော့ ထန်တလန်ကဆရာတော်တင်မကဘူး။ မြန်မာတပြည်လုံး မှာရှိတဲ့ လက်နက်မကိုင်တဲ့ လူထုကို အခုလိုလက်နက်ကိုင်တဲ့ သူတွေရဲ့ပဋိပက္ခတိုင်းကြားမှာ ဖြစ်သွားတဲ့ကိစ္စတိုင်းမှာ ကျတော်တို့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က ဘာသာရေးအဖွဲ့အစည်းဖြစ်နေတော့ နေရာတိုင်းထုတ်ပြန်တာလည်းမသင့်တော်ဘူးလေ။ ဒါပေမဲ့ အခုလိုခရစ်ယာန် ဓမ္မအမှုတော်ဆောင်ဖြစ်ပျက်နေတဲ့အဖြစ်အပျက်မှာတော့ကျွန်တော်တိုမထုတ်လို့ကိုမရဘူးပေါ့ ” လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါက်တာခလမ်ဆမ်ဆွမ် ကပြောပါတယ်။

ထန်တလန် မြို့

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းမှာဖြစ်ခဲ့တဲ့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြားဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေကြောင့် ထန်တလန်မြို့နယ်အတွင်းက နေအိမ် ၂၀ ဝန်းကျင်မီးလောင်ခဲ့ပြီး သင်းအုပ်ဆရာတော်တစ်ဦးသေဆုံးခဲ့သလိုဒေသခံတွေလည်း မြို့ကိုစွန့်ခွာထွက်ပြေးနေရပါတယ်။

ထန်တလန်မှာ တမြို့လုံးနီးပါးစစ်ဘေးရှောင်နေရ

ချင်းပြည်နယ်၊ ထန်တလန်မှာ ပစ်ခတ်မှုတွေကြောင့် ပြည်သူအများစု နေအိမ်စွန့်ခွာနေကြပြီး ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာတော့ တမြို့လုံးနီးပါးစစ်ရှောင်နေကြပြီလို့ သိရပါတယ်။ ထန်တလန်မြို့မှာ လူဦးရေ ၈၀၀၀ နီးပါးရှိတာဖြစ်ပြီး အခုတော့ ထောင်နဲ့ချီစစ်ဘေးရှောင်နေကြကာ မြို့‌ပေါ်မှာ လူဦးရေ ၅၀ကျော်လောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာတွေဘက်နဲ့ အိန္ဒိယနယ်စပ် ကို စစ်ဘေးရှောင်နေကြပါတယ်။

ဓါတ်ပုံ – ထန်တလန် မြို့ Union of Catholic Asian News
ဓါတ်ပုံ – ထန်တလန် မြို့ Union of Catholic Asian News

ကျွန်တော်တို့ မြို့ကထွက်ခွာဖို့ ကားပေါ်က ထွက်တဲ့အချိန်တောင်လက်နက်ကြီးသံကြားလိုက်တယ်။ ထန်တလန်မြို့ပေါ်ကနေ ထွက်ပေါက် သုံးပေါက်ရှိတယ်။ နှစ်ပေါက်က စစ်တပ်ဘက်က နေရာယူထားပြီး ပစ်ခတ်မှုတွေလုပ်နေတယ်။ အခုလည်း လက်နက်ကြီးသံကြားတော့ ကျန်ခဲ့တဲ့သူတွေလည်း ထွက်လာ ဖို့ခက်နေတယ်။”လို့ စစ်ရှောင်ဒေသခံတဦးက ပြောကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

အခုလို အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ရတာကြောင့် ကိုဗစ်ကပ်ရောဂါတဖန်ကူးစက်ပျံ့ပွားမှာကို စိုးရိမ်နေကြရပြီး အစားအသောက်၊ဆေးဝါးတွေပါ လိုအပ်နေပါတယ်။

စက်တင်ဘာ (၁၈)ရက်က ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ အင်အားသုံးပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာ နေအိမ်အဆောက်အအုံ တွေ မီးလောင်ခဲ့ကာ မီးလောင်စဉ် မီးငြှိမ်းသတ်ဖို့ ထွက်လာသူတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ သေဆုံးရတာတွေရှိခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

အခုလို ထန်တလန်မြို့ပေါ်မှာ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ရတာဟာ သမိုင်းတလျှောက်ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *