အန်တိုနီ ကြောင့် အပြိုင်ဆိုင်များလာတော့မယ့် မန်ယူနိုက်တဒ်တိုက်စစ်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ အန်တိုနီ ကို ယူရိုသတ်း(၁၀၀) နဲ့ ခေါ်ယူမှုက ရိုင်ယန်ဂစ် အလွန် ကာလရှည်ကြာ ဘယ်ခြေတောင်ပံတိုက်စစ် ကစားသမား လစ်လပ်နေမှုကို ဖြည့်တင်းနိုင်ခဲ့တာဖြစ်သလို မေဆင်ဂရင်းဝုဒ် ရဲ့ အမှားကြောင့် ဖြစ်ပေါ်လာတဲ့ ကွပ်လပ်ကို ဖြည့်တင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အန်တိုနီ က ရိုင်ယန်ဂစ် လို ဘယ်တောင်ပံကစားမယ့် ဘယ်ခြေသုံး ခေတ်ဟောင်းတောင်ပံကစားသမားမဟုတ်ပဲ အတွင်းကိုချိုးဝင်ကာ ဖန်တီးတာ နဲ့ ဂိုးသွင်းယူတာတွေ ပြုလုပ်မယ့် inverted winger ဖြစ်တာကြောင့် တန်ဟဂ် ကတော့ ညာတောင်ပံ တိုက်စစ်မှာအသုံးပြုမယ်လို့အတည်ပြုထားပါတယ်။

အန်တိုနီ က အိုင်းယက်စ်အသင်းမှာ တန်ဟဂ် လက်အောက်ကနေ ထွန်းတောက်လာတဲ့ကစားသမားဖြစ်ပြီး ညာတောင်ပံမှာ width ယူပြီး အစွန်တွေကနေ ထိုးဖောက်ကစားတတ်သူ ဖြစ်ပါတယ်။အန်တိုနီ ရဲ့ တစ်ကိုယ်တော်စွမ်းရည် ပြည့်ဝမှု နဲ့ ထိုးဖောက်နိုင်စွမ်းက ပြိုင်ဘက် နောက်ခံလူတွေ အတွက်သာမက ကွင်းလယ်ခံစစ်ကပါ ဆင်းကူရလေ့ရှိတာကြောင့် ဇုံ-၁၄ အတွင်း နေရာလွပ်တွေပိုမိုရရှိစေကာ ဘရူနို/အဲရခ်ဆင် အတွက် အခွင့်အရေးတွေရရှိလာစေမှာပါ။

ဂျေဒန်ဆန်ချို က ဘယ်တောင်ပံ မှာ ကစားရင် အန်တိုနီ ထက်ပိုမြင့်မားတဲ့အတွေ့ကြုံနဲ့စွမ်းရည်ကိုပိုင်ဆိုင်တာကြောင့် ပိုမိုလုပ်ပြနိုင်လို့ ယူနိုက်တဒ် ရဲ့ တောင်ပံနှစ်ဖက်က အတော်လေး အလုပ်ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။

အန်တိုနီ ရောက်ရှိလာတာကြောင့် ဂျေဒန်ဆန်ချို အနေနဲ့ ဘယ်ခြမ်းတောင်ပံကို ထွက်ကစားရနိုင်ပြီး အဓိက ပြသနာတက်လာနိုင်မယ့်ကစားသမားက မားကပ်စ်ရရှ်ဖိုဒ့် ဖြစ်လာပါလိမ့်မယ်။

မားကပ်စ် နေနဲ့ လက်တလောမှာ လီဗာပူးလ် နဲ့ ပွဲ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပုံစံကောင်းတချို့ပျောက်ဆုံးနေသလို အထောင်တိုက်စစ်နေရာကလည်း ရော်နယ်ဒို နဲ့ မာစီရယ် ကြောင့် အပိုင်စားရဖို့ အခက်ခဲရှိနေပါတယ်။ မားကပ်စ် နဲ့ ဂျေဒန်ဆန်ချို အားပြိုင်မှုက ယူနိုက်တဒ် ဘယ်ခြမ်းမှာ ပိုမိုကောင်းမွန်တဲ့ အားပြိုင်မှုဖြစ်လာနိုင်ပေမယ့် ပင်ကိုယ်ခြေစွမ်းကောင်းသလို ဒဏ်ရာလည်းကင်းစင်တဲ့ ဆန်ချို က သာ အနိုင်ရပြီး နေရာရယူသွားဖွယ်ရှိပါတယ်။