လိဂ်ချန်ပီယံဖြစ်ရေးအတွက် အကူအညီပေးနိုင်မယ့် အသင်းသားအမည်ကို ပြောပြလိုက်တဲ့ တန်ဟတ်

Posted on

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်အနေနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း ဂိုး(၂၀)လောက် အလွယ်တကူ သွင်းယူနိုင်မှာ ဖြစ်တဲ့အပြင် အသင်းကိုလည်း အမှတ်ပေးချန်ပီယံလမ်းကြောင်းမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းကို ဖိအားပေးနိုင်ဖို့အတွက် အကူအညီ ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။

ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ လုပ်အားနှုန်း လျော့တိလျော့ရဲ ဖြစ်နေမှုတွေကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံနေရတတ်တဲ့ ရပ်ရှ်ဖို့ဒ်ဟာ နည်းပြတန်ဟက်ဂ်နဲ့ ပူးပေါင်းလိုက်ချိန်မှာတော့ အကောင်းဆုံးပုံစံတွေ ပြန်လည် ရရှိလာခဲ့သလို သူ့ကို တောင်ပံတိုက်စစ်ထက် အထောင်တိုက်စစ်နေရာမှာ အသုံးပြုလာရမှာ ရပ်ရှ်ဖို့ဒ်က ပိုမိုတောက်ပလာခဲ့လို့ သူ့ကို တန်ဟက်ဂ်က ဒီရာသီအတွင်း ဂိုးတွေ ပိုသွင်းလာနိုင်မယ်လို့ ယုံကြည်နေသလို ယူနိုက်တက် ကစားသမားတွေကပါ တိုက်စစ်မှာ ခရစ္စတီယာနိုရော်နယ်လ်ဒို ကစားတာထက် ရပ်ရှ်ဖို့ဒ် ကစားတာက အတွက် ပိုပြီးကောင်းမွန်စေတယ်လို့ပါ ယုံကြည်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုကနေ ဖော်ပြလာခဲ့ပါတယ်။

တန်ဟက်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီခြေစမ်းပွဲတွေမှာ ဗဟိုတိုက်စစ်မှူးနေရာမှာ မာစီရယ်လ်ကို အဓိကထားသုံးစွဲခဲ့ပြီး မာစီရယ်လ်ကလည်း ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် မာစီရယ်လ်က အခုချိန်ထိ ယူနိုက်တက်အတွက် ပွဲချိန်ပြည့် ကစားပေးနိုင်ခြင်း မရှိသေးပါဘူး။

အသက် ၂၄ နှစ်အရွယ် ရက်ချ်ဖိုဒ့်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ပွဲစဉ် ၆ အပြီးမှာပဲ ၃ ဂိုးသွင်းကာ ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဲရစ်တန်ဟက်က-

“ရက်ချ်ဖိုဒ့်ကို အသင်းတိုက်စစ်ကို ဦးဆောင်နိုင်မယ့် နံပါတ် ၁ တိုက်စစ်မှူးဖြစ်စေချင်ပါတယ်။ သူဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာဖို့အတွက် အရည်အသွေးတွေရှိနေတာကြောင့် ပွဲချိန်အတွင်းမှာ ခြေစွမ်းပြနိုင်ပြီး တိုးတက်လာစေချင်ပါတယ်။ သူဟာဒီရာသီမှာ ဂိုး ၂၀ လောက်ကို အေးအေးဆေးဆေးသွင်းနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့တစ်ခုတည်းသော ခြိမ်းခြောက်မှုက မန်စီးတီးပါပဲ။ သူတို့သာ ခြေချော်မယ်ဆိုရင် ကျွန်တော်တို့ အခွင့်အရေးယူနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။