လီဗာပူးလ်နဲ့ ပွဲမှာ ကွင်းလယ်နဲ့ တိုက်စစ် အပြောင်းလဲပြုလုပ်မယ့် မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ ယနေ့ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာတော့ အသင်းရဲ့ ကစားကွက်အခင်းကျင်းထက် ပွဲထွက်လူစာရင်းအပေါ် မှသာပြောင်းလဲမှုတွေပြုလုပ်လာဖွယ်ရှိပါတယ်။တန်ဟဂ် က သူ့ရဲ့အသင်းဟာ ရာသီအစနှစ်ပွဲ ရုန်းကန်ခဲ့ရတဲ့ အခြေအနေကို ကွင်းလယ်ပြသနာအဖြစ် ရှုမြင်ထားပြီး မက်ဖရဒ် အတွဲကို ယနေ့ညပွဲမှာ သေချာပေါက် ချန်လှပ်ထားဖို့ ပြင်ဆင်လာပါလိမ့်မယ်။

အထူးသဖြင့် ကွင်းလယ်မှာ လုပ်အားနှုန်းတစ်ခုကလွဲလို့ ဉာဏ်ရည်၊စွမ်းဆောင်ရည် အရာရာ အားနည်းနိမ့်ကျလာတဲ့ တော်မနေး ကို အနားပေးဖွယ်ရှိပြီး မာတီနက်ဇ် က DM အဖြစ် ပါဝင်လာဖွယ် ရှိပါတယ်။ ယနေ့ ပွဲဟာ လီဗာပူးလ် နဲ့ ကြံခိုင်မှု၊လျှင်မြန်မှု၊တိကျမှုတွေ အားပြိုင်ရမှာ ဖြစ်တာကြောင့် မာတီနက်ဇ် လို တည်ငြိမ်ပြီး ကြမ်းတမ်းတဲ့ ကစားသမားကို DM နေရာမှာ အသုံးပြုတာက ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။

မာတီနက်ဇ် ကို DM အဖြစ် အသုံးပြုခဲ့ရင် ဖရဒ် ကို နံပတ်(၈)နေရာမှာ ပွဲထွက်စေဖို့လိုပါလိမ့်မယ်။အဲရခ်ဆင် ရှိနေပေမယ့် လီဗာပူးလ် ရဲ့ High Pressing ကို တန်ပြန်ဖို့နဲ့ ကြံခိုင်မှုခြင်း ယှဉ်ကစားဖို့ အတွက် ယူနိုက်တဒ်ကွင်းလယ် မှာ ဖရဒ် လို ကစားသမားလိုအပ်ပြီး မာတီနက်ဇ်+ဖရဒ် အတွဲဟာ ယူနိုက်တဒ် ကွင်းလယ်အတွက် dustance cover အတော်များများပြုလုပ်ပေးနိုင်သလို ဗာရန်း+မက်ဂွိုင်းယား ခံစစ်အတွက်လည်းအကောင်းဆုံး အကာကွယ်ပေးနိုင်မယ့် တံတိုင်းဖြစ်လာပါလိမ့်မယ်။

လီဗာပူးလ် တိုက်စစ်မှာ ဒါဝင်နူနက်ဇ် လို အမြင့်ဘောအသုံးချကောင်းမွန်တဲ့ တိုက်စစ်မှုးမပါဝင်သလို ပြီးခဲ့တဲ့ ရာသီမှာ ခေါင်းတိုက်ဂိုးတွေများစွာ သွင်းယူပေးခဲ့တဲ့ ဂျိူတာ လည်း မပါဝင်နိုင်တာကြောင့် ဗာရန်း + မက်ဂွိုင်းယား အတွဲဖက် က အကောင်းဆုံး အတွဲဖြစ်လာနိုင်ပါတယ်။

တိုက်စစ်ပိုင်းမှာတော့ အဲရခ် အနေနဲ့ မာစီရယ် ပြန်ပါဝင်လာမှုကြောင့် ထူးခြားတဲ့ အလှည့်အပြောင်းတစ်ခုကို ပြုလုပ်မလားစောင့်ကြည့်ရပါတယ်။ ရော်နယ်ဒို ကို သူ့ရဲ့မူလအစီစဉ်အတိုင်း ဘယ်ခြမ်းတိုက်စစ်ကို ပို့ဆောင်ခဲ့ရင် မာစီရယ် အထောင် နဲ့ ဆန်ချို (ညာ) ဖြစ် ပွဲထွက်နိုင်ပြီး မားကပ်စ်ရရှ်ဖိုဒ့် က အရံခုံထိုင်ရနိုင်ချေများပါတယ်။အကယ်လို့ ယနေ့ညမှာ ရော်နယ်ဒို ကို အရံခုံထိုင်ခိုင်းခဲ့ရင်တော့ ပေါ်တူဂီသားရဲ့ ထွက်ခွာမှုကို လာမယ့် တပတ်အတွင်း မြင်တွေ့ရဖို့ရှိပါတယ်။

တန်ဟဂ် အနေနဲ့ မာစီရယ် ကို နံပတ်(၉) အဖြစ် ဦးစားပေးပွဲထုတ်လိုဟန် ရှိပြီး တဖက်မှာလည်း ရော်နယ်ဒို/ရရှ်ဖိုဒ့် တို့ထဲက ဘယ်သူ့ကို ထည့်သွင်းမှာလည်းဆိုတာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အထူးသဖြင့် အာနိုးလ် လို တိုက်စစ်အလွန်အကျွံလိုက်ပါကစားတဲ့ ကစားသမားအတွက် မြန်နှုန်းမြင့်တဲ့ ရရှ်ဖိုဒ့် က ပိုပြီး အံဝင်နေချိန် ရော်နယ်ဒို ကို အရံခုံတင်ထားမှာလားဆိုတာတော့….