လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲမှ ယူနိုက်တက် ရရှိခဲ့တဲ့ အဓိကအားသာချက် (၃)ချက်

Posted on

လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲမှ ယူနိုက်တက် ရရှိခဲ့တဲ့ အဓိကအားသာချက် (၃)ချက်

မန်ယူနိုက်တဒ် အသင်းရဲ့လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ဟာ အသင်းအတွက်ကြီးမားတဲ့ အသက်ရှုပေါက်ရခဲ့သလို ပရိတ်သတ်တွေရဲ့ဖိအားကိုလည်း အတော်အတန် လျှော့ချနိုင်ခဲ့ပါတယ်။ ယူနိုက်တဒ်ကစားသမားတွေအနေနဲ့ အဲရခ်တန်ဟဂ် ရဲ့ နည်းစနစ်၊ညွှန်ကြားမှုတွေအတိုင်း တသွေမတိမ်းလိုက်ပါဆောင်ရွက်ခဲ့သလို လာမယ့် ပွဲစဉ်တွေမှာ လည်း အကျိုးရှိစေမယ့် အားသာချက်တချိုထွက်ပေါ်လာပါတယ်။

ဗဟိုခံစစ်အတွဲ

ယူနိုက်တဒ် ရဲ့ ဗဟိုခံစစ်တွေထဲမှာ ရီယို+ဗီဒစ် ခေတ်အလွန်မှာထဲကပိ အတွဲဖက်မိတဲ့ ခံစစ်အတွဲမျိုးရှားပါးနေတာကြာပါပြီ။မက်ဂွိုင်းယား၊လင်ဒီလောဖ့် တို့ဟာ တယောက်အမှားတယောက် ဖြည့်တင်းရမယ့်အစား ကိုယ့်နေရာကိုယ်တာဝန်ယူရင်း ဖြည့်ကစားတာမျိုးရှားပါးပြီး တာဝန်ယူထားတဲ့နေရာမှာလည်း ကောင်းမွန်စွာ မကစားနိုင်တာကြောင့် မကြာခဏ ခံစစ်ပေါက်နေတဲ့ အတွဲလည်း ဖြစ်ပါတယ်။ ဗာရန်း နဲ့ မာတီနက်ဇ် အတွဲဖက်ကတော့ အချိတ်ဆက်မိသလို တယောက် အမှား တယောက်ဖာထေးပြီး တောင်ပံခံစစ် နဲ့ ဗဟိုခံစစ်ကိုပါ ချိတ်ဆက်ကာ အကောင်းဆုံးမဟာဗျူဟာကိုပုံဖော်သွားနိုင်တာ ဖြစ်ပါတယ်။

ကတ်စမဲရိုး

ယူနိုက်တဒ် မှာ ကာရစ်/ရွိုင်ကိန်း အလွန်ခေတ်မှာထဲက ကွင်းလယ်ခံစစ် ကစားသမားကောင်းကောင်းမရှိတာကြာပါပြီ။ကွင်းလယ်အတွက် ခေါ်ယူလိုက်တဲ့ ကစားသမားတိုင်းဟာ တိုက်စစ်ကိုပိုမိုလိုက်ပါချင်ကြသူတွေဖြစ်ပြီးနံပတ်(၈)နေရာကို ပိုပြီးစိတ်ဝင်စားနေကြသူတွေစာဖြစ်ပါတယ်။ကတ်စမဲရိုး ကတော့ ကွင်းလယ်ခံစစ် တနည်း အဖျတ်ကိုသာ စိတ်ဝင်စားသူ ဖြစ်ပြီး ဗာရန်း နဲ့ မာတီနက်ဇ် ရှေ့ ကနေ ကွင်းလယ်အဖျတ်ဝန်တွေကို ကူထမ်းပေးနိုင်မယ့် ကစားသမားမျိုးပဲ ဖြစ်ပါတယ်။

မာစီရယ်

ယူနိုက်တဒ် တိုက်စစ်ဟာ link up play ကောင်းကောင်းလိုနေတာကို ပြီးခဲ့တဲ့ နှစ်ပွဲမှာ မြင်တွေ့ခဲ့ရပြီး ဒီပွဲမှာတော့ မာစီရယ် က သူက နံပတ်(၉)နေရာနဲ့ ထိုက်တန်ကြောင်း ပြသနိုင်ခဲ့ပါတယ်။

မာစီရယ် ဝင်ရောက်လာတဲ့ ဒုတိယပိုင်းမှာ ဗန်ဒိုက် တစ်ယောက် high line def ကစားရင်း အလစ်ငိုက်မိသွားပြီး မားကပ်စ် ဂိုး ကို ခွင့်ပြုလိုက်ရသလို လီဗာပူးလ် ခံစစ်ကို တိုက်ရိုက်ခြိမ်းခြောက်နေတာကြောင့် ဖာဘင်ဟို ကိုပါပြောင်းလဲထည့်သွင်းခဲ့ရပါသေးတယ်။မာစီရယ် ဟာ လာမယ့် ပွဲတွေမှာလည်း အသင်းရဲ့ အဓိက တိုက်စစ်မှုးအဖြစ် ရှိနေမှာတော့ အသေချာပါပဲ။