တရားဝင် လူညစ်ခံရခြင်း (သို့) မာတီနက်ဇ်ရဲ့ လက်ထိဘောပြသနာ

Posted on

မန်ယူနိုက်တဒ် ရဲ့ ဆိုစီဒက် ကို အရေးနိမ့်ခဲ့တဲ့ ပွဲဟာ ကစားကွက် နည်းစနစ်ပိုင်းအရ ကောင်းမွန်ခဲ့သလောက် အသင်းရဲ့အမှားတချို့က ပြန်ပြီး ဒုက္ခပေးခဲ့တဲ့ ယခင်အချိန်အတိုင်း ပဲ အရှုံးကို ခံစားခဲ့ရပါတယ်။ ယူနိုက်တဒ် ရဲ့နည်းပြအဆက်ဆက်ဟာ နိုင်ပွဲဆက်မှုအရှိနိလေး ကောင်းလာတာနဲ့ ကိုယ့်ကစားသမားရဲ့ ဒုက္ခပေးမှု ဒါမှမဟုတ် ဒိုင်ရဲ့ ညစ်မှု တွေ ကြောင့် အခက်ကြုံရလေ့ရှိပြီး တန်ဟဂ် ကတော့ အဆိုပါ ပြသနာနှစ်ခုလုံးကို တပြိုင်ထဲ ရင်ဆိုင်လိုက်ရပါတယ်။

အထူးသဖြင့် မက်ဂွိုင်းယား ကို အသုံးပြုခဲ့တဲ့ တန်ဟဂ် အတွက် လာမယ့် ရာသီကုန်အထိ အင်္ဂလန်ခံစစ်မှုးကို ပြန်လည်အသုံးပြုဖို့က ခက်ခဲသွားပြီပဲ ဖြစ်ပါတယ်။ မက်ဂွိုင်းယား နဲ့ လင်ဒီလောဖ့် ရဲ့ လေးလံမှုတွေကြောင့် မာတီနက်ဇ် ကို ထည့်သွင်းခဲ့တဲ့နောက် ခံစစ်-တိုက်စစ် အကူးပြောင်းတွေ မြန်ဆန်လာသလို ခံစစ်ပိုင်းစွမ်းဆောင်ရည်ကလည်း မြန်ဆန်တိုးတက်လာပါတယ်။

သို့သော်လည်း မာတီနက်ဇ် ရဲ့ ဖျတ်ထုတ်မှုတစ်ခုက အသင်းအတွက် နစ်နာခဲ့ပြီး ဒိုင်ရဲ့ ဆိုးရွားလွန်းတဲ့ ဆုံးဖြတ်ချက်က ပွဲကောင်းတစ်ပွဲရဲ့ ရသကို ရုပ်ဆိုးအကျည်းတန်စွာ ဖျက်စီးလိုက်တာပဲ ဖြစ်ပါတယ်။ မာတီနက်ဇ် ဟာ ဧရိယာအတွင်း လက်ထိခဲ့တာ မှန်ပေမယ့် ကန်ချက်ဟာ ပထမတချက်အဖြစ် ပေါင်ကိုထိမှန်ပြီး ဒုတိယထိချက်မှသာ လက်ကို ထိမှန်ခဲ့တာဖြစ်ပါတယ်။

UEFA ရဲ့ ဥပဒေအရ ball to hand ဟာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး (၅၀/၅၀) အခြေအနေသာ ဖြစ်ပေမယ့် ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကို လာရောက်ထိမှန်ပြီး ဒုတိယထိချက်မှ လက်ကိုထ်မှန်မယ်ဆိုရင် ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ကြောင်း အတိလင်း ဖော်ပြထားပါတယ်။

မာတီနက်ဇ် ရဲ့ လက်ထိဘောဟာ ဒုတိယထိချက် သာ ဖြစ်ပြီး hand to ball မဟုတ်တဲ့ ball to hand ဖြစ်တာကြောင့် ဒိုင်အနေနဲ့ ယုတ်ချည်းဆုံးဖြတ်ချက်ဖြစ်နေလို့ မှားယွင်းခဲ့ရင်တောင် VAR အနေနဲ့ သေချာပေါက် ပြုပြင်ပေးရမယ့် တာဝန်ရှိပါတယ်။

ရီးရဲလ်ဆိုစီဒက် ရရှိခဲ့တဲ့ ပယ်နယ်တီ ဟာ နေ့ခင်းကြောင်တောင်ဓားမြ တိုက်ခံရခြင်းလို့ ခေါင်းစဉ်တပ်လို့ရသလို ယူနိုက်တဒ် အတွက်တော့ တရားဝင်လူညစ်ခံရခြင်းလို့ ပြောလို့ရပါတယ်။ အဆိုပါပွဲရဲ့ ဒိုင်ဟာ အတော်ကို ညံဖျင်းပြီး အရည်ချင်း မမှီတာကို ဝေဖန်ရေးသမားတွေက ထောက်ပြခဲ့ကြသလို UEFA အနေနဲ့ ဒိုင်တွေရဲ့ အဆင့်တန်း ကို ပြန်လည်ဆန်းစစ်ဖို့လိုနေပြီပဲ ဖြစ်ပါတယ်။