ကြံခိုင်မှု မတိုးတက်လာရင် ကစားသမားဘဝပါ ထိခိုက်နိုင်တဲ့ မန်ယူနိုက်တက်တိုက်စစ်မှုး

Posted on

မန်ယူနိုက်တဒ်အသင်းဟာ တိုက်စစ်မှာ ဒဏ်ရာပြသနာများနေပြီး အထူးသဖြင့် အထောင်တိုက်စစ်မှုးအဖြစ် ကစားနေတဲ့ အန်သိုနီမာစီရယ် ရဲ့ ကြံခိုင်မှု မပြည့်ဝတဲ့ ပြသနာ ကြောင့် တန်ဟဂ် တစ်ယောက် ခေါင်းကိုက်နေရတယ်လိုသတင်းတွေကဆိုပါတယ်။မာစီရယ် က ရာသီအစမှာထဲက ခြေလုံးကြွက်သား နဲ့ ဖနောင့်ကြော နာကျင်ပြသနာတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လက်တလောမှာ လီဗာပူးလ် နဲ့ ဝင်ကစားခဲ့တဲ့ ဒုတိယပိုင်းကလွဲရင် နှစ်လကျော်ကြာမြင့်လာတဲ့ လိဂ်ပွဲတွေအတွင်း လွဲချော်နေရပါတယ်။

ဆိုးလ်ရှား လက်ထက်မှာ ဒဏ်ရာရှိလျက် ကစားစေခဲ့တဲ့ အကျိုးဆက်အဖြစ် လက်ရှိအချိန်မှာ ဒဏ်ရာတွေ တသီကြီး ကုသနေရတာဖြစ်ပြီး မာစီရယ်သာမက မားကပ်စ်ရရှ်ဖိုဒ့်၊မက်ဂွိုင်းယား၊ရှော တို့အပြင် အသင်းပြောင်းသွားတဲ့ ပေါဂ့်ဘာ ပါ ရင်ဆိုင်နေရပါတယ်။မာစီရယ် ရဲ့ ဒဏ်ရာပြသနာက အစောပိုင်းမှာ စိုးရိမ်ရခြင်းမရှိပေမယ့် အနားယူချိန် ကြာမြင့်လာတဲ့ အခြေအနေမှာတော့ ဒဏ်ရာရဲ့ အတိမ် အနက် ဟာ ပိုမိုနက်ရှိုင်းနိုင်တယ်လို့ ဂျာနယ်လစ် တွေကယူဆနေပါတယ်။

မာစီရယ် နဲ့ ပုံစံတူဒဏ်ရာကို ခံစစ်က ဗာရန်း လည်း ရရှိထားပြီး ပြီးခဲ့တဲ့ရာသီမှာ နှစ်ပွဲအထက်ကစားနိုင်တဲ့ ပွဲမရှိခဲ့ပေမယ့် ယခုရာသီမှာတော့ တန်ဟဂ် ရဲ့ လေ့ကျင့်မှုကြောင့် အကောင်းဆုံး ကြံခိုင်မှု ရရှိကာ ပွဲဆက် ကစားနိုင်ပြီပဲ ဖြစ်ပါတယ်။ သို့သော်လည်း မာစီရယ် ကတော့ ပြန်လည်ပါဝင်နိုင်ဖို့ခက်ခဲနေဆဲ ဖြစ်သလို လာမယ့် မန်ချက်စတာဒါဘီ မှာ ပါဝင်နိုင်ခြင်း မရှိရင် ပိုမိုကြာမြင့်တဲ့အနားယူချိန် ယူရဖွယ်ရှိပါတယ်။

မာစီရယ် ရဲ့ ဒဏ်ရာနဲ့ပက်သက်ပြီး ကျွမ်းကျင် ဆရာဝန်တစ်ဦးကတော့ ” မန်ချက်စတာဒါဘီ မှာ သူ ပြန်ပြီးမပါဝင်နိုင်သေးရင် ဒဏ်ရာရဲ့အနားယူချိန်က ထင်တာထက်ပိုမိုကြာမြင့်နေတာကြောင့် စိုးရိမ်စရာ ကောင်းပါလိမ့်မယ်။မာစီရယ် အနေနဲ့ လာမယ့် ရက်သတ္တပတ်တွေအတွင်း အခြေအနေတိုးတက်မှုမရှိရင် သူ့ရဲ့ ကစားသမားဘဝ မှာပါ ဆိုးရွားတဲ့ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်”လို့ MEN က ဖော်ပြခဲ့ပါသေးတယ်။ယူနိုက်တဒ် အနေနဲ့ မာစီရယ် ရဲ့ ဒဏ်ရာပြသနာကို အနီးကပ်လေ့လာနေပြီး အခြေအနေတိုးတက်မှု မရှိခဲ့ရင် ကော်ဒီဂတ်ပို ကို ကမ္ဘာ့ဖလားအပြီး မှာ ခေါ်ယူသွားဖွယ်ရှိပါတယ်။