လာမယ့်အပြောင်းရွှေ့ဈေးကွက်မှာ အဲရခ်တန်ဟဂ် ပထမဆုံးအားဖြည့်မယ့် တည်နေရာ

Posted on

မန်ယူနိုက်တဒ်အသင်းဟာ တိုက်စစ်ကိုဖြည့်တင်းရန်ပြင်ဆင်နေပြီးလာမယ့် ဆောင်းဈေးကွက်အတွင်း တိုက်စစ်မှုးသစ် ခေါ်ယူသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ အနာတိုဗစ် ကို ခေါ်ယူရန် ချဉ်းကပ်ခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့ ဟန့်တားမှုကြောင့် နောက်ဆုတ်ခဲ့ရတဲ့ တန်ဟဂ် က လာမယ့် ဆောင်းဈေးကွက်အတွင်း တန်းဝင် တိုက်စစ်မှုး တစ်ဦးကို ခေါ်ယူလိုနေတာပဲ ဖြစ်ပါတယ်။မာစီရယ် ရဲ့ ဒဏ်ရာပြသနာက ပျောက်ကင်းဖို့ အချိန်လိုအပ်နေပြီး ရော်နယ်ဒို ကလည်းယခင်လို စွမ်းဆောင်ရည် မကောင်းတော့တာကြောင့် တိုက်စစ်မှုးသစ်တစ်ဦး အရေးတကြီးလိုအပ်လာတာပဲ ဖြစ်ပါတယ်။

ယူနိုက်တဒ် အနေနဲ့ ဘရန်းဖိုဒ့် တိုက်စစ်မှုး အိုင်ဗန်တိုနေး ကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ဘရန်းဖိုဒ့် အသင်းရဲ့ မြင့်မားတဲ့ တောင်းဆိုဈေး က အဟန့်တားဖြစ်လာမှာကိုစိုးရိမ်နေပါတယ်။နယ်သာလန်လိဂ်မှာတော့ ဘရိုင်ရန်ဘရော်ဘီ ရှိနေပြီး အိုင်းယက်စ် အသင်းကအလွယ်တကူရောင်းချမှာတော့ မဟုတ်တာသေချာပါတယ်။

ဘာစီလိုနာ ရဲ့ မန်းဖစ်ဒီပိုင်းက ရွေးချယ်စရာတစ်ခုအဖြစ်ရှိပေမယ့် တန်ဟဂ်က အရပ်မောင်းမြင့်မားပြီး အမြင့်ဘောအထိန်းသိမ်းကောင်းသူကို အလိုရှိတာဖြစ်လို့ ဈေးကွက်ထဲ ခက်ခဲစွာရှာဖွေရဖွယ်ရှိပါတယ်။အထူးသဖြင့် ယူနိုက်တဒ် အနေနဲ့ တိုက်စစ်မှုးသစ်ရှာဖွေရာမှာ No9 စစ်စစ် ဖြစ်ရေးထက် link up play ကောင်းမွန်ပြီး hold up လုပ်နိုင်တဲ့ ဘက်စုံသုံးတိုက်စစ်မှုးကို ရှာဖွေနေတာပဲဖြစ်ပါတယ်။

အသင်းရဲ့ လူစာရင်းထဲမှာတော့ ဂါနာချို နဲ့ ချာလီမက်နေးလ် တို့ရှိနေပြီး ဂါနာချို က တောင်ပံတိုက်စစ်နေရာကိုပိုမို ရယူဖွယ်ရှိတာကြောင့် မက်နေးလ် က အထောင်တိုက်စစ်မှုး ဖြစ်လာနိုင်ပါတယ်။အရပ် (၆’၁”) ရှိတဲ့ ချာလီမက်နေးလ် ဟာ အသက် (၁၉) နှစ်သာ ရှိသေးပြီး လူငယ်အသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ တိုက်စစ်မှုးတစ်ယောက်မှာ လိုအပ်တဲ့ စွမ်းရည်တွေ ပြည့်ဝနေပြီး အတွေ့ကြုံတချို့သာ လိုအပ်နေတာဖြစ်တာကြောင့် ရော်နယ်ဒို သာ အကူညီပေးနိုင်ရင် များစွာ တိုးတက်လာမယ့် တိုက်စစ်မှုးတစ်ဦးလည်းဖြစ်ပါတယ်။သို့သော်လည်း တန်ဟဂ် ကတော့ လက်ရှိရာသီကိုအကောင်းဆုံးယှဉ်ပြိုင်နိုင်ရန် အတွက်အထောင်တိုက်စစ်မှုး တစ်ဦး မဖြစ်မနလိုအပ်နေပြီး လာမယ့်ဆောင်းဈေးကွက်အတွင်း ဝယ်ယူရန်ကြိူးပမ်းသွားဖွယ်ရှိပါတယ်။