အင်္ဂလန်သားတသိုက်ကို မြေလှန်မယ့် တန်ဟဂ်ရဲ့ မဟာဗျူဟာမြောက် စီမံကိန်း

Posted on

မန်ယူနိုက်တဒ် ရဲ့ မြေလှန်စီမံကိန်း က လာမယ့် ဆောင်းဈေးကွက်မှာ ဆက်လက်ပြုလုပ်မှာဖြစ်ကြောင်း အဲရခ်တန်ဟဂ် ရဲ့ “ဇန်နဝါရီအထိသာ တည်ရှိမယ့်လူစာရင်း” ဆိုတဲ့ မှတ်ချက်က အတည်ပြုထားနိုင်ပါတယ်။တန်ဟဂ် က အသင်းမှာ ပုံမှန်ခြေစွမ်းမရှိသူတွေ၊အသင်းရဲ့ အဆင့်တန်းနဲ့ကိုက်ညီတဲ့ ခြေစွမ်းကို မပြသနိုင်သူတွေ၊နည်းပြအဖွဲ့ရဲ့ နည်းစနစ် နဲ့ မဟာဗျူဟာ ကို လိုက်ပါဆောင်ရွက်နိုင်ခြင်း မရှိသူတွေကိုသာမက သူ့ရဲ့စည်းကမ်းတွေကို ဖောက်ဖျတ်တဲ့သူတွေကိုပါ အလုံးစုံရှင်းလင်းသွားရန် နည်းပြရာထူးတာဝန်ကို လက်ခံခြင်းမရှိထဲက တောင်းဆိုထားပြီးဖြစ်ပါတယ်။ဒါကြောင့်လည်း ဟန်ဒါဆင်၊ဘိုင်လီ တို့လို စည်းကမ်းမလိုက်နာသူတွေကိုပါ ရှင်းထုတ်ခဲ့တာ ဖြစ်သလို လာမယ့် ဆောင်းနဲ့နွေဈေးကွက်နှစ်ခုအတွင်း ကစားသမားအများအပြား ထပ်မံ ရောင်းချသွားဖွယ်ရှိပါတယ်။

တန်ဟဂ် အနေနဲ့ ပြီးခဲ့တဲ့ ဈေးကွက်မှာ မရောင်းချလိုက်ရတဲ့ ကစားသမားတွေဖြစ်တဲ့ ဘစ်ဆာကာ၊တွမ်ဇမ်ဘီ တို့ကို ထက်မံရောင်းချသွားဖွယ်ရှိသလို အာမက်၊ဖာကွန်ဒို တို့ကို အငှားချသွားဖွယ်ရှိပါတယ်။ ဆီဗီလာကို အငှားချခဲ့တဲ့ တဲလက်စ် အတွက်လည်း အပြီးသတ်ရောင်းချမှု ပြုလုပ်ပေးဖွယ်ရှိသလို ကွင်းလယ် က ဗန်ဒီဘိခ့် ရဲ့ အနာဂတ် နဲ့ ပက်သက်လို့လည်း ရှင်းလင်းစွာအဖြေပေးသွားဖွယ် ရှိပါတယ်။ ယူနိုက်တဒ် အနေနဲ့ ချောင် ကို ဘာမင်ဂမ် ထံ အငှားချထားပေမယ့် ပေါင် (၈)သန်းနဲ့ ရောင်းချပေးရန် သဘောတူညီမှု ရယူထားပါသေးတယ်။ဟန်ဒါဆင် ကိုတော့ နော်တင်ဟမ်ဖောရက်စ် မှာ အငှားချမှု အပေါ် ပြန်လည်သုံးသပ်ပြီးမှသာ အနာဂတ် ကို ဆုံးဖြတ်ဖွယ်ရှိပါတယ်။

တန်ဟဂ် က ဘစ်ဆာကာ နဲ့ တွမ်ဇမ်ဘီ အပြင် လုခ်ရှော ကိုပါ ရောင်းချလိုပြီး မလာစီယာ ရောက်ရှိလာမှုအပြင် ပရက်စ်တန်နော့အန့် မှာ ခြေစွာနေတဲ့ အလ်ဗာရိုဖာနန်ဒက်စ် ကြောင့် အင်္ဂလန် သား အနေနဲ့ အတော်လေး ရုန်းကန်ရဖွယ် ရှိပါတယ်။ လက်တလောမှာတော့ မက်ဂွိုင်းယား အပါဝင် အင်္ဂလန်သားအများစုရဲ့ အနာဂတ် က မရေရာမှုတွေ ပြည့်နှက်နေပြီး တန်ဟဂ် ဟာ ဆာအဲလက်စ် အလွန် ပထမဆုံး နည်းပြရဲ့ အာဏာအပြည့် ရရှိတဲ့နည်းပြဖြစ်တာကြောင့် လည်း သူ့စိတ်တိုင်းကျ စီမံခန့်ခွဲမှုတွေ ပြုလုပ်နိုင်လို့ ယခင်လို ကစားသမားတွေ ပါဝါကြီးတဲ့ အဖြစ်ကို ရှောင်လွှဲနိုင်ပြီပဲ ဖြစ်ပါတယ်။

သို့သော်လည်း အခက်ခဲတွေတော့ရှိနေဆဲဖြစ်ပြီး အနာဂတ်မှာ ကစားသမားဖြည့်တင်းမှုထက် လူငယ်အသင်းကနေ ခေါ်ယူသုံးစွဲတာကို ပိုမိုမြင်တွေ့ရဖွယ်ရှိပြီး နည်းစနစ် ပြည့်ဝ တဲ့ ကစားသမားအစုအဖွဲ့ကိုတန်ဟဂ် ဖန်တီးနိုင်မှာလားဆိုတာတော့….