အဲရခ်တန်ဟဂ် ရှင်းထုတ်ရတော့မယ့် လူပိုဖြစ်လာတဲ့ အဓိကကစားသမား (၂)ဦး

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့လူစာရင်းမှာ အပိုအလျှံတွေ များနေသလို အသင်းရဲ့ ပင်မကျောရိုးဖြစ်တဲ့ ပွဲထွက်(၁၁)ယောက်စာရင်းမှာလည်း ကစားသမားတချို့ဟာ လှိုင်းစီးရင်းကမ်းပျောက်နေကြသူတွေ ရှိလာပါတယ်။ယူနိုက်တဒ် အနေနဲ့ လက်တလောမှာ ဆောင်းရာသီဈေးကွက်အတွင်းဝင်ရောက်ရန်မရှိတာကြောင့် နွေဈေးကွက်အတွက်ကြိုတင် စဉ်းစားနေတာဖြစ်ပြီး တန်ဟဂ် ရဲ့ စိတ်တိုင်းကျ ဖြစ်စေမယ့် အသင်းကို ဖန်တီးပုံဖော်နိုင်ဖို့ အသင်းရဲ့ထောက်တိုင်ကစားသမား နှစ်ဦးကို စွန့်လွှတ်သွားဖွယ်ရှိပါတယ်။သူတို့နှစ်ဦးကတော့ ဝါရင့်ဂိုးသမားကြီး ဒေးဗစ်ဒဟေးယား နဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် တို့ပဲ ဖြစ်ပါတယ်။

ဒဟေးယား က လက်ရှိ မော်ဒန်လောကမှာ ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ ဂိုးသမားဖြစ်ရန် လုံလောက်တဲ့ စွမ်းဆောင်ရည်မျိူး မရှိတော့ပဲ အားနည်းချက်တွေပြည့်နှက်လာသူပဲ ဖြစ်ပါတယ်။ ဒဟေးယား ရဲ့ အဓိက အားနည်းချက်တွေဖြစ်တဲ့ ဘောလုံးလက်ခံရယူပြီး တိကျစွာပြန်လည်ပေးပို့တာ၊ထွက်ဆွဲ/ဖျတ် နိုင်စွမ်းတွေက ယနေ့ခေတ်အသင်းငယ်တွေရဲ့သာမန်ဂိုးသမားတွေတောင် ပြုလုပ်နိုင်တဲ့ အရာတွေ ဖြစ်ပြီး ဒဟေးယား တစ်ယောက်ကတော့ ဒီအရာတွေနဲ့ အဝေးမှာ ခေတ်ဟောင်းဂိုးသမားအဖြစ်သာကျန်ရစ်နေခဲ့သူဖြစ်ပါတယ်။

ဒဟေးယား ကြောင့် High Line Defence ဆော့ချင်တဲ့ တန်ဟဂ် က Low-Block ဆော့နေရပြီး ခံစစ် နဲ့ ဂိုးသမားကြားက ချိတ်ဆက်မှုကိုလည်းလျှော့ချထားရလို့ ကစားကွက်တည်ဆောက်တဲ့အပိုင်းမှာ အခက်ခဲတွေရှိလာစေပါတယ်။ယူနိုက်တဒ်ရဲ့ နောက်ထပ်ပြသနာက ဘရူနိုဖာနန်ဒက်စ် ဖြစ်ပြီး သူဟာလည်း တန်ဟဂ် ရဲ့ နည်းစနစ်ထဲ လိုက်လျောညီထွေဖြစ်ဖိုခက်ခဲနေပါတယ်။

Free Role-All Rounded Attacking Mid ဖြစ်တာကြောင့် ကွင်းရဲ့နေရာစုံမှာ ပိုင်နိုင်စွာ ကစားလိုတဲ့ ဘရူနို ကို နံပတ်(၁၀)မှာအသုံးပြုတာက အသင်းအတွက်ရော သူ့အတွက်ပါ ဗျာများစေပါတယ်။ဘရူနိုလို risk taker တစ်ယောက် ကို စိတ်အေးသက်သာစွာလူပေးနိုင်တဲ့ ကွင်းလယ်မှာမထားပဲ ဘောလုံးလက်ခံရမယ့် တိုက်စစ်အခင်းအကျင်းထဲ ဝင်ရောက်နေစေတာက လူပို တစ်ယောက်သာဖြစ်လာခဲ့ပြီး အဆိုပါနေရာမှာ ဗန်ဒီဘိခ့် ကပိုပြီး အသုံးဝင်နိုင်ပါသေးတယ်။ဘရူနိုကိုအသုံးပြုမယ်ဆိုရင် အနောက်ပြန်ပို့ဖို့လိုပြီး မဟုတ်ရင်တော့ တန်ဟဂ်စိတ်ကြိုက် ကွင်းလယ်လူတစ်ဦး ခေါ်ယူရဖွယ်ရှိပါတယ်။