ယူနိုက်တဒ်ကိုပြောင်းခွင့်မပေးလို့ ဒါရိုက်တာအဖွဲ့ကို ဒဲ့သွားဖြဲခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်

Posted on

ယူနိုက်တဒ်ကိုပြောင်းခွင့်မပေးလို့ ဒါရိုက်တာအဖွဲ့ကို ဒဲ့သွားဖြဲခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ်

မန်ယူနိုက်တဒ် ထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ လီဆန်ဒရိုမာတီနက်ဇ် ဟာ အပြောင်းရွှေ့မတိုင်မှီ ခွင့်ပြုမိန့်မပေးခဲ့တဲ့ အိုင်းယက်စ် အသင်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။

မာတီနက်ဇ် ဟာ သဘောထားတင်းမာသူဖြစ်ပြီး ရန်သူကို အမဲလိုက် -တ်ဖြတ်ရာမှာကျွမ်းကျင်လှတဲ့ သား-တ်သမားအဖြစ် တင်စား ခေါ်ဝေါ်ခံရသူဖြစ်တာနဲ့အညီ အိုင်းယက်စ်အသင်းရဲ့ ဘဝတက်လမ်းတားဆီးတဲ့လုပ်ရပ်အပေါ်အလွန်အမင်းဒေါသထွက်ပြီး ပြင်းပြင်းထန်ထန်တုံပြန်ခဲ့တာပဲဖြစ်ပါတယ်။

မာတီနက်ဇ် က ယူနိုက်တဒ် ရဲ့ ယူရိုသန်း(၆၀)တန်ကမ်းလှမ်းချက်ကို အိုင်းယက်စ် အသင်းက ပယ်ချလိုက်တဲ့နောက် ဒါရိုက်တာ ရုံးခန်းကို သွားရောက်ပြီး အားကစားဒါရိုက်တာဖြစ်သူ Hamstra ကို သွားရောက်တွေ့ဆုံကာ ပွဲကြမ်းခဲ့ပါတယ်။

မာတီနက်ဇ် ကို Hamstra ရှေ့မှာပဲ”မင်းက အိုဗာမားစ်ထွက်သွားလို့ ဒီနေရာရောက်နေတာ၊မင်းဘာကောင်မှမဟုတ်ဘူး” လို့ အော်ဟစ်ဆဲဆိုခဲ့တဲ့နောက် သူ့ရဲ့ အပြောင်းရွှေ့ကို Hamstra အပါဝင် အိုင်းယက်စ်ဘုတ်အဖွဲ့ကတားဆီးခြင်းမပြုတော့ပဲ ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။အိုင်းယက်စ် မှာ ပြသနာတက်ပြီး (၂)ရက်အကြာမှာတော့ အာဂျင်တိုင်း ဟာ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့နိုင်ခဲ့ပါတယ်။

မာတီနက်ဇ် ဟာ ဆင်းရဲတဲ့မိသားစုက မွေးဖွားလာသူဖြစ်ပြီး အစားသောက်အတွက် တိုက်ခိုက်ရတဲ့ လူသားဖြစ်တာကြောင့် သူ့အနေနဲ့ အောင်မြင်မှုရဖို့ဆိုရင် ဘာမဆိုပြုလုပ်မယ့်သူ ဖြစ်တယ်ဆိုတာကို ရှင်းလင်းစွာပြောဆိုခဲ့ပြီးဖြစ်ပါတယ်။

မာတီနက်ဇ် က “ကျွန်တော့်မိသားစုအတွက် ပေါင်မုန့်တစ်လုံးကအစ တိုက်ခိုက်ပြီးမှ ရယူခဲ့တာပါ ဒါကြောင့် အခုအချိန်မှာ ဘယ်လို ရင်ဆိုင်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့အသင့်ပါပဲ ကျွန်တော့်အတွက် အခွင့်အရေး က ၅၀/၅၀ ဖြစ်နေရင် ဒီအခွင့်အရေးကို ကျွန်တော်ပဲအနိုင်ရအောင် ကြိုးစားသွားမှာပါ။လူသေကောင်ပေါ်က ဘောလုံးကိုတောင် တက်လုဖို့ ကြောက်ရွံနေမှာ မဟုတ်ပါဘူး”လို့ ပြောဆိုခဲ့ဖူးပါတယ်။