မာစီရယ်ကြောင့် တိုက်စစ်ပိုင်းလိုအပ်ချက်တွေ မြင့်မားနေတဲ့ မန်ယူနိုက်တက်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ တိုက်စစ်ပိုင်းအားနည်းမှု က လက်ကျန်ရာသီဝက်အတွက် ကြီးမားတဲ့ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်လည်း တန်ဟဂ် က အသင်းကို ပြန်လည်ပြင်ဆင်ရာမှာ တိုက်စစ်ကို ဦးစားပေးရန် ဆုံးဖြတ်ခဲ့ပေမယ့် အန်တိုနီ တစ်ဦးတည်းကိုသာ ယူရိုသန်း(၁၀၀) နဲ့ ခေါ်ယူနိုင်ခဲ့တာကြောင့် လက်ကျန်ပွဲစဉ်တွေအတွက် တိုက်စစ် ကစားသမား ရှာဖွေရာမှာ အခက်ခဲတချို ရင်ဆိုင်လာရပါတယ်။အထူးသဖြင့် ရော်နယ်ဒို ရဲ့ ရုတ်တရက် ကျဆင်းသွားတဲ့ ခြေစွမ်းက အသင်းရဲ့ အထောင်တိုက်စစ်မှာ ပြသနယ တချို့ ဖြစ်ပေါ်လာစေပြီး (၃၈) နှစ်သားအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

ရော်နယ်ဒို ကို အသုံးမပြုပဲ ချန်ရစ်ခဲ့မယ်ဆိုရင်လည်း ဖိအားတွေမြင့်တက်လာမှာဖြစ်သလို မားကပ်စ်ရရှ်ဖိုဒ့် ကလည်း စွမ်းဆောင်ရည် မပြည့်ဝလို့ အခက်ကြုံနေရပါတယ်။ရရှ်ဖိုဒ့် က အထောင်တိုက်စစ်ထက် တောင်ပံမှာသာ ပိုမို ခြေစွမ်းပြလိုသူဖြစ်ပြီး သူ့ရဲ့ မြန်နှုန်းမြင့်ပြေးအား၊လိမ်ခေါက်ကျော်ဖြတ်နိုင်စွမ်းတွေက ဘယ်တောင်ပံတကြောမှာသာပိုပြီး အလုပ်ဖြစ်တာကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။

ရရှ်ဖိုဒ့် အနေနဲ့ အထောင်တိုက်စစ်မှုးတစ်ဦးရဲ့ တာဝန် တွေကို ရယူနိုင်ဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည် မရှိတာကြောင့် တန်ဟဂ် အနေနဲ့ အထောင်တိုက်စစ်မှုး လိုအပ်ချက်ကို ဆောင်းဈေးကွက် အတွင်း ဖြည့်တင်းရန် ကြိုးစားနေပါတယ်။ယူနိုက်တဒ် ရဲ့ တိုက်စစ်ပိုင်းမှာ အမြင့်ဘော၊ဘောလုံးအထိန်းသိမ်း၊ကွင်းလယ်/တောင်ပံ နဲ့ ချိတ်ဆက်နိုင်စွမ်း အစရှိတာတွေမှာ အားသာတဲ့ ကစားသမားတစ်ဦးရှိပြီး သူကတော့ အန်သိုနီ မာစီရယ်ပဲ ဖြစ်ပါတယ်။

မာစီရယ် က တန်ဟဂ် ရဲ့ ကစားဟန်မှာ အံဝင်ဂွင်ကျရှိပြီး နံပတ်(၉) စစ်စစ် အဖြစ် သာမက False9 အဖြစ်လည်းကစားနိုင်သူဖြစ်တာကြောင့် အကောင်းဆုံးရွေးချယ်စရာအဖြစ်ရှိနေပါတယ်။သို့သော်လည်း ရာသီစထဲက ပေါင်ခြံနဲ့တကောက်ကျောကြွက်သားနာကျင်ဒဏ်ရာတွေ ရရှိနေပြီး ယူနိုက်တဒ် ရဲ့ တိုက်စစ်အခင်းအကျင်းမှာ (၄၅)မိနစ်သာ ပါဝင်ရသေးတာကြောင့် ဒဏ်ရာအပေါ်စိုးရိမ်မှုတချို့ ရှိနေဆဲဖြစ်ပါတယ်။မာစီရယ် အနေနဲ့ မူလ ကျောနံပတ်(၉) ရဲ့ ထိုက်တန်သူဖြစ်ကြောင်း ပြသချင်ရင်တော့ ဒဏ်ရာကင်းစင်ဖို့ အရေးကြီးပြီး မဟုတ်ရင်တော့ ကမ္ဘာ့ဖလားအပြီး တိုက်စစ်မှုး တစ်ယောက်ကို ခေါ်သွင်းလာတာမျိုး ဖြစ်လာနိုင်ပါတယ်။