Getty Images

ဖာဂူဆန် ကြောင့် နည်းပြသစ်တွေ ကြုံနေရတဲ့အခက်ခဲကို ရှင်းပြလိုက်တဲ့ ချီချာရီတို

Posted on

မန်ယူနိုက်တဒ် အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်အလွန် ခေတ်မှာ အောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့ပြီး ကစားသမားဟောင်း ချီချာရီတို ကတော့ အသင်းရဲ့ အားနည်းချက်တချို့ကို ထောက်ပြသွားပါတယ်။

ချီချာရီတို က ဆာအဲလက်စ် ရဲ့ ဝှက်ဖဲ ဖြစ်ပြီး အရံကနေ ဝင်ရောက်လာတိုင်း ဂိုးတွေ သွင်းယူပေးလေ့ရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ပရိတ်သတ်အချစ်တော် ကစားသမားလည်းဖြစ်ပါတယ်။

Getty Images

ယူနိုက်တဒ်ပရိတ်သတ်တွေက ဖာဂီ ရဲ့ ရွှေထီးဆောင်းခဲ့တဲ့ ခေတ် ကိုသာ အိမ်မက် မက်နေကြပြီး နည်းပြသစ်တွေဟာ စကော့ဘိုးတော်လို မှော်ဆန်တဲ့ အလှည့်အပြောင်းတွေ မပြုလုပ်နိုင်ကြရင် စိတ်ပျက်ပြီး မကြာခဏ နည်းပြကိုပဲ ပစ်တင်ဝေဖန်တာတွေ ပြင်သင့်ပြီလို့ မက္ကစီကို တိုက်စစ်မှုးကဆိုပါတယ်။

ဟာနန်ဒက်စ် က ” နည်းပြတစ်ယောက်အတွက် (၂၆)နှစ်လောက် အသင်းတစ်သင်းထဲမှာပဲ အောင်မြင်မှုတွေ ဆွတ်ခူးဖို့ဆိုတာက မလွယ်ကူပါဘူး ဒါပေမယ့် ဆာအဲလက်စ်ကတော့ လုပ်ပြနိုင်ခဲ့တယ်လေ။ဆာအဲလက်စ် က အသင်းကို တစ်ရာသီပြီးတစ်ရာသီ ဘာဆက်လုပ်ရမယ်ဆိုတာ ကောင်းစွာသိသလို အသင်းမှာရှိတဲ့လူတိုင်းကို ဘယ်လိုတိုးတက်အောင် ညှစ်ထုတ်ပေးရမလည်းဆိုတာ အပြည့်အဝသိရှိတဲ့သူပါ။

သူ့ရဲ့ခေတ်နှောင်းပိုင်းကစပြီး အခုထိ ခန့်အပ်ခဲ့သမျှ နည်းပြတိုင်းက ဆာအဲလက်စ် လုပ်ခဲ့တာရဲ့ (၈၀%) ကိုတောင် လုပ်နိုင်မယ်လို့မထင်ပါဘူး။ဒါကြောင့်လည်း ပရိတ်သတ်တွေက ဖာဂူဆန်ရဲ့ခေတ်ကို ဆွဲသွင်းလာတဲ့အခါ လက်ရှိနည်းပြတွေ အတွက် ဖိအားတွေပိုတ်ိုးလာပြီး အဆင်မပြေ ဖြစ်တော့တာပါပဲ“လို့ဆိုပါတယ်။

Getty Images

ဆက်လက်ပြီး ချီချာရီတိုက “ယူနိုက်တဒ် ရဲ့ ပရိတ်သတ်အားလုံးအနေနဲ့ ဆာအဲလက်စ် ခေတ်ကို ပြန်မတမ်းတပဲ ဒါဟာ အတိတ်ဖြစ်သွားပြီဆိုတာ လက်ခံဖို့လိုပါတယ်။လူတ်ိုင်းက တစ်စုံတစ်ယောက်ထွက်သွားတဲ့အခါ ထပ်တူနီးပါးကျတဲ့သူနဲ့အစားထိုးကြတာပဲလေ ဒါပေမယ့် ယူနိုက်တဒ် အတွက်တော့ ဆာအဲလက်စ်နေရာကို အစားထိုးနိုင်မှာ မဟုတ်သလို နောက်တစ်ယောက်လည်း သူ့လိုလူ ပေါ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့် ယူနိုက်တဒ် ရဲ့ တာဝန်ရှိသူတွေရော ပရိတ်သတ်တွေကပါ နည်းပြသစ်က်ို သူ့နည်းသူဟန် နဲ့ အလုပ်လုပ်နိုင်စေဖို့ ခွင့်ပြုပေးရပါလိမ့်မယ်“လို့ သတိပေးခဲ့ပါတယ်။

Getty Images