Getty Images

ကမ္ဘာ့ဖလားမှာ ရော်နယ်ဒို ကို မလိုအပ်ဘူးလို့ ဒဲ့​ပြောလိုက်တဲ့ မန်စီးတီးကြယ်ပွင့်

Posted on

ပေါ်တူဂီ အသင်းရဲ့ထိပ်သီးနောက်ခံလူ ရူဘင်ဒီယက်ဇ် ကတော့ လာမယ့် ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ဗိုလ်ဆွဲဖို့ဆိုရင် အသင်းရဲ့ ထာဝရအကောင်းဆုံး ကစားသမားဖြစ်တဲ့ ရော်နယ်ဒို ကို မှီခိုဖို့မလိုအပ်ဘူး လို့ ပေါ်တင် ပြောဆိုသွားပါတယ်။

ဘင်ဖီကာ ကနေ မန်စီးတီး ကို ပြောင်းရွှေ့လာပြီး ဂွာဒီယိုလာ လက်အောက်မှာ နှစ်အနည်းငယ်ကစားဖူးရုံ နဲ့ သွေးနားထင်ရောက်သွားတဲ့ ဒီယက်ဇ် က ပေါ်တူဂီ မှာ ဆေးလ်ဗား၊ကန်ဆယ်လို၊ရာဖေးလ်လီယို တို့ရှိတာကြောင့် ရော်နယ်ဒို ရဲ့ပါဝင်မှု ရှိခြင်း/မရှိခြင်းကအရေးမပါလှပဲ ကမ္ဘာ့ဖလား အဆုံးဖြတ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား မပါဝင်လည်း ရတယ်လို့ ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။

Getty Images

ဒီယက်ဇ် က ” ကျွန်တော့်အနေနဲ့အရိုးသားဆုံးပြောရရင် ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအ်မ်မက်က ရော်နယ်ဒိုတစ်ယောက်ထဲအပေါ်မှာပဲ မူတည်နေတာမဟုတ်ပါဘူး၊ ကျွန်တော်တို့အသင်းမှာ ဆေးလ်ဗား၊ကန်ဆယ်လို၊ရာဖေးလ်လီယို၊ပီပီ၊ ကျွန်တော်၊ဘရူနို၊ဂျိုတာ၊နူနိုမန်ဒက်စ်၊ဒန်နီလိုပါရဲရား အားလုံးအပေါ်မူတည်နေတာပါ။ရော်နယ်ဒို က ကျွန်တော်တို့ အတွက် အထူးတလည်အရေးကြီးတဲ့ ကစားသမားဆိုတာ မှန်ပေမယ့် ကမ္ဘာ့ဖလားမှာ အနိုင်ရခြင်တယ်ဆိုရင်ကျွန်တော်တို့ တစ်သင်းလုံး စုစုစည်းစည်းဖြစ်ဖို့တော့ လ်ိုပါတယ်။ကျွန်တော်တို့အသင်းဟာ တစ်ဦးချင်းစွမ်းဆောင်ရည်နိမ့်ကျတဲ့အသင်းထဲ မပါဝင်တာကြောင့် ဒီစွမ်းရည်တွေကိုစုစည်းပြီး အားကောင်းတဲ့အသင်းတစ်သင်းဖြစ်လာစေဖို့ ကြိုးစားရပါမယ် “လို့ဆိုပါတယ်။

Getty Images

ရော်နယ်ဒို ဟာ လက်တလော ခြေစွမ်းနဲ့သွင်းဂိုး တွေ ခမ်းခြောက်နေပေမယ့် ပြီးခဲ့တဲ့ ယူရို၂၀၂၀ မှာ ပေါ်တူဂီရဲ့ ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့သလို နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားအဖြစ်လည်း ဂရင်းနစ်စံချိန်တင်ထားနိုင်ပါသေးတယ်။

၂၀၀၄ ယူရို မှာ အသင်းနဲ့ ပွဲစထွက်တဲ့ ရော်နယ်ဒို ကို ဝေဖန်နေသူ ဒီယက်ဇ် က ၂၀၁၈ ကမှ နိုင်ငံအသင်းထံ ရောက်လာသူဖြစ်ပြီး မန်စီးတီး က လွဲလို့ ဘယ်အသင်းမှ ကစားဖူးခြင်းမရှိသလို ကမ္ဘာ့အဆင့်နောက်ခံလူလို့ပြောရလောက်အောင် လုံလောက်တဲ့တစ်ကိုယ်တော်စွမ်းဆောင်ရည်ပြသထားနိုင်ခြင်း မရှိသေးတဲ့ ကစားသမားသာဖြစ်ပါတယ်။

Getty Images

ဒီယက်ဇ် က လက်ရှိအချိန်မှာ ရော်နယ်ဒို အပါဝင် ပီပီ၊မော်တင်ဟို တို့ရဲ့ အနာဂတ်ကို မသိရှိပေမယ့် သက်ကြီးကစားသမားတွေဟာ မကြာခင် အနားယူသင့်ပြီလို့လည်း ပြောဆိုခဲ့ပါသေးတယ်။