ဘရိုက်တန် က ရှုံးကြွေးကို လန်ဒန်မှာ ဆပ်မယ့် ယူနိုက်တဒ် နဲ့ တတ်ဟဂ်(ပွဲကြို သုံးသပ်ချက်)

Posted on

မန်ယူနိုက်တဒ် အသင်းအတွက် လန်ဒန်ကလပ်တွေက ဒီရာသီမှာ ပိုမိုလွယ်ကူ နေသလို ရလာဒ်ကောင်းတွေ ရရှိထားတာကြောင့် ယနေ့ည သွားရောက်ကစားရမယ့် လန်ဒန်မြေက ပွဲအတွက်လည်း မျှော်လင့်ချက် ကောင်းနေပါတယ်။အထူးသဖြင့် ချဲလ်ဆီးနည်းပြသစ် ပေါ်တာ ဟာ ဘရိုက်တန် ကိုကိုင်တွယ်ပြီး ရာသီအစ မှာ ယူနိုက်တဒ် ကို ဂိုးပြတ်ချေမှုန်းခဲ့သူ ဖြစ်လို့ တန်ပြန်လက်စားချေရန် လိုနေပြီး စတန်းဖိုဒ့်ဘရချ့် ဟာ သွေးကြွေးတောင်းရမယ့် -တ်ကွင်း ဖြစ်လာပါလိမ့်မယ်။ ရော်နယ်ဒို ဂယက် ကြောင့် မမျှော်လင့်ထားတဲ့ အာရုံနောက်မှုတွေ ကြုံတွေ့ခဲ့ရရင်တောင် တန်ဟဂ် နဲ့ ယူနိုက်တဒ် ဟာ အတွဲညီနေပြီဖြစ်လို့ ကစားသမားတွေရဲ့ ပေါက်ကွဲအားကို အပြည့်အဝ တွေ့မြင်ရပါလိမ့်မယ်။

ယူနိုက်တဒ်လူစာရင်းမှာ ရော်နယ်ဒို မပါဝင်နိုင်ပေမယ့် အဲရခ်ဆင် ပါဝင်လာတာက အားသာချက်ဖြစ်ပေမယ့် ခံစစ်တန်း အပြောင်းလဲမရှိတဲ့အချက်က အသင်းကို ပွဲပန်းမှု ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် ဒါးလော့ နဲ့ ရှော အတွက် ပွဲပန်းတဲ့ ပြသနာရင်ဆိုင်ခဲ့ရရင် တောင်ပံတိုက်စစ်အားကောင်းတဲ့ ချဲလ်ဆီး ကို ရင်ဆိုင်ရာမှာ အခက်ခဲတွေ ကြုံတွေ့လာနိုင်ပါတယ်။

ဗဟိုခံစစ်မှာ ဗာရန်း နဲ့ မာတီနက်ဇ် ဆက်လက်ပါဝင်လာပြီး ကတ်စမဲရိုး က DM နေရာကို အပိုင်စား ဆက်ခံထားပြီဖြစ်လို့ ဆက်လက် ပါဝင်လာပါလိမ့်မယ်။ တော့တင်ဟမ် နဲ့ ပွဲမှာ ဖရဒ် က ခြေစွမ်းပြခဲ့ပေမယ့် ဒီပွဲမှာတော့ အဲရခ်ဆင် ပါဝင်နိုင်ပြီ ဖြစ်တာကြောင့် ပြန်လည်ပါဝင်လာနိုင်ပြီး ဘရူနို နဲ့ တွဲဖက်ကာ ပွဲထုတ်လာနိုင်ပါတယ်။ တိုက်စစ်ကတော့ ရော်နယ်ဒို အပြင် မာစီရယ် လည်း မပါဝင်တာကြောင့် အန်တိုနီ၊ရရှ်ဖိုဒ့် နဲ့ ဆန်ချို တို့ပဲပါဝင်လာဖွယ်ရှိပါတယ်။

ယူနိုက်တဒ် ဟာ စတန်းဖိုဒ့်ဘရချ့် မှာ အနိုင်ရဖို့ခက်ခဲခဲ့တဲ့နေ့ရက်တွေက ၂၀၁၇ရှေ့ပိုင်းမှာသာ ဖြစ်ပြီး ဒီဘက်ခေတ်မှာတော့ ချဲလ်ဆီး ဟာ နတ်ဆိုးတို့ကို နှောက်ယှက်ဖို့ လုံလောက်တဲ့ အင်အားတွေ ယုတ်လျော့နေပါပြီ။ လက်တလောခြေစွမ်း နဲ့ အသင်းလိုက်အင်အား အရလည်း ယူနိုက်တဒ် က အသာရနေသလို စိတ်ဓာတ်ရေးရာမှာလည်းအသာစီးရယူထားတာကြောင့် ကြွေတက်နေတဲ့ တန်ဟဂ် ရဲ့ နတ်ဆိုး ကို လန်ဒန်မှာ ခြေင်္သ့ပြာတွေ ရပ်တံ့နိုင်ဖို့က မလွယ်ကူတာတော့လအမှန်ပါပဲ။သို့သော်လည်း ဘောလုံးဟာ ဘာမဆိုဖြစ်သွားနိုင်လို့ သတိကြီးကြီးနဲ့ချဉ်းကပ်ကစားဖို့လိုပြီး ပေါ်တာ ကို ပညာပေးဖို့ဆိုရင် တန်ဟဂ် အနေနဲ့ တော့တင်ဟမ် က ပွဲမှာကစားခဲ့တဲ့ စိတ်ဓာတ်မျိူး ထပ်မံအသက်သွင်းဖို့လိုပါလိမ့်မယ်။