ပေါ်တူဂီရဲ့ ရော်နယ်ဒိုလက်သစ်ကို ချိန်ရွယ်နေတဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ်အသင်းဟာ ပေါ်တူဂီ ရဲ့ အနာဂတ် နံပတ်(၇) ဖြစ်လာနိုင်တဲ့ အေတီကို တိုက်စစ်မှုး ဂျိုအာဖီးလစ် ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။ဖီးလစ် နဲ့ အေတီကိုနည်းပြကြီး ဆီမြွန်နီကြားမှာ အဖုထစ်တချို့ရှိနေပြီး ကစားသမားဟာ စပိန်မြေကနေ စွန့်ခွာလိုနေတာကြောင့် လာမယ့်နွေမှာ အပြောင်းရွှေ့ဖြစ်ပေါိလာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အေတီကို က တော့ ဘင်ဖီကာ ကနေခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို(၁၁၈)သန်းအထက် ပြန်လည်ရရှိမှသာ ရောင်းချသွားဖွယ်ရှိပါတယ်။

ယူနိုက်တဒ် အနေနဲ့ တိုက်စစ်မှုးစစ်စစ် အဖြစ်သာမက နေရာစုံရွေ့လျားနိုင်ပြီး F9 အဖြစ်ရော ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်တဲ့ ဖီးလစ် ကို ပြီးခဲ့တဲ့ရာသီထဲက အလိုရှိနေတာ ဖြစ်ပြီး ယူရိုသန်း (၁၃၀) နဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ အပြောင်းရွှေ့ဈေးကွက်ပိတ်ခါနီးမှာပဲ ကမ်းလှမ်းခဲ့တဲ့ အဆိုပါကမ်းလှမ်းမှု ကို အေတီကိုအသင်းကအလျှင်အမြန် ပယ်ချခဲ့သလို ပေါ်တူဂီသားကို ရောင်းချရန်မဟုတ်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ သို့သော်လည်း လပိုင်းအကြာမှာတော့ ဆီမြွန်နီ ကြားက အဖုထစ်တွေ ကြောင့် ပေါ်တူဂီ ရဲ့ အနာဂတ်လို့ သတ်မှတ်ခံထားရတဲ့ ဖီးလစ် ဟာ အရောင်းစာရင်းထဲ ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။

ဖီးလစ် က ဆီမြွန်နီ ရဲ့ ခံစစ်အလွန်အကျွံကစားတဲ့ ဗျူဟာ နဲ့ အေတီကို ရဲ့ တန်ပြန်တိုက်စစ် သာ ကစားလိုတဲ့ နည်းစနစ် တွေက သူ့ရဲ့ စွမ်းဆောင်ရည်အပေါ် အကန့်သတ်ရှိစေတယ်လို့ ယူဆနေတာဖြစ်ပါတယ်။

အဲရခ်တန်ဟဂ် အတွက်တော့ ဖီးလစ် က မာစီရယ် နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် အကောင်းဆုံး ကစားသမား ဖြစ်ပြီး နည်းစနစ်ပိုင်းအရလည်း အံဝင်ခွင်ကျ ဖြစ်စေတာကြောင့် ဈေးကွက်ထဲ ဝင်ရောက်လာတာနဲ့ လက်ဦးမှုရယူနိုင်ဖို့ စတင်ကြိုးစားနေပြီပဲဖြစ်ပါတယ်။ အေတီကို အနေနဲ့ ပြီးခဲ့တဲ့နွေမှာပယ်ချခဲ့တဲ့ ယူရိုသန်း(၁၃၀)တန် ကမ်းလှမ်းချက်ထက်မနည်းတဲ့ ကမ်းလှမ်းမှု ရရှိဖို့ မျှော်လင့်ထားပြီး လာမယ့်နွေမှာတော့ PSG,ဘိုင်ယန်မြူးနစ် တို့နဲ့အပြိုင် ကြိုးစားရဖွယ်ရှိပါတယ်။