အာဆင်နယ်နဲ့ပွဲအတွက် ပရိတ်သတ်တွေ အလိုရှိတဲ့လူစာရင်း(သို့)တန်ဟဂ်ရဲ့ အတောင့်တင်းဆုံးအသင်း

Posted on

ယနေ့ည ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ် နဲ့ ပွဲဟာ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကြီးမားဆုံးသော ရန်သူတော်ကြီးတွေရဲ့ ထိုးစစ် တနည်း နန်းကျအိမ်နိမ့်စံမဟုတ်တော့တဲ့ ပလ္လင်လုပွဲလို့ ဆိုလို့ရပါတယ်။အာတီတာ ရဲ့ တည်ဆောက်မှု နဲ့ ရုပ်လုံးကြွလာတဲ့ ဂန်းနား တွေဟာ စိတ်ဓာတ်အမြင့်ဆုံးရောက်နေသလို လူအင်အားဖြည့်တင်းမှုအရလည်း ထိပ်သီးအသင်းတွေအနက် အတောင့်တင်းဆုံး လူစာရင်း ကို ပိုင်ဆိုင်လာတဲ့ နတ်ဆိုးရဲ့ သားရဲတွင်း ကို သက်ဆင်းရမှာဖြစ်လို့ အမြှောက်တပ်သားတွေ အတွက် အခြေအနေ ကောင်းမယ်ဆိုတဲ့ ယူဆချက်က ခပ်မှေးမှေးသာကျန်ရှိပါတယ်။

အထူးသဖြင့် ယူနိုက်တဒ်ဟာ ယနေ့ည လူစာရင်းအတွက် ကမ္ဘာ့အဆင့် ကစားသမားတွေ ကို တိုက်ရဲ ခိုက်ရဲ တဲ့ လူတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းလာမှာ ဖြစ်လို့ မျှော်လင့်ချက်က မြင့်တက်နေသလို ပရိတ်သတ်တွေကတော့ သူတို့ရဲ့ ဖြစ်လို့တဲ့ ဆန္ဒနဲ့ (၁၁)ယောက် လူစာရင်းကို မဲပေးရွေးချယ်ခဲ့ကြပါတယ်။

ဂိုး – ဒဟေးယား

နယူးကာဆယ် ကနေ ဒက်ဘူကာ ကို အငှားနဲ့ခေါ်ယူထားပေမယ့် အာဆင်နယ် လို အသင်းနဲ့ ပွဲမှာတော့ ဒဟေးယား ထက်ပိုကောင်းတဲ့ ရွေးချယ်စရာ မရှိတာအသေချာပါပဲ။ရာသီအစမှာ အနည်းငယ် တုံဆိုင်းခဲ့ပေမယ့် နောက်ဆုံး (၃)ပွဲမှာ တစ်ဂိုးသာပေးထားရသလို ပုံသေလက်စွမ်းပြန်ရနေတာကြောင့် အကောင်းဆုံးအခြေအနေကို ပြန်လည် ရောက်ရှိနေပြီလို့ဆိုနိုင်ပါတယ်။

ခံစစ်- ဒါးလော့၊ဗာရန်း၊မာတီနက်ဇ်၊မလာစီယာ

လက်တလော ယူနိုက်တဒ် ရဲ့ အကောင်းဆုံးအစုဖွဲ့လို့သတ်မှတ်လို့ရတဲ့ ဒီခံစစ်တန်းဟာ ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် အပြင် အနိုင်ရလိုစိတ်၊တိုက်ခိုက်လိုစိတ်၊ကူညီလိုစိတ် နဲ့ အသင်းအဖွဲ့အလုပ်လုပ်ကိုင်လိုစိတ် တွေ မှာ နောက်ထပ်အတွဲဖက်ဖြစ်တဲ့ ဘစ်ဆာကာ၊မက်ဂွိုင်းယား၊လင်ဒီလောဖ့်၊ရှော တို့ထက် အစစအရာရာ သာလွန်နေပါတယ်။သို့သော်လည်း ပွဲဆက်နေတာကို ဂရုပြုသင့်ပြီး ဗာရန်း နဲ့ မလာစီယာ ကို အနားပေးပြီး မက်ဂွိုင်းယား နဲ့ ရှော ဝင်လာနိုင်ချေကို သတိပြုရပါမယ်။

ကွင်းလယ်- ကတ်စမဲရိုး၊အဲရခ်ဆင်၊ဖာနန်ဒက်စ်

တော်မနေး က လက်စတာ နဲ့ ပွဲမှာ ကောင်းခဲ့ပေမယ့် စကော့သားဟာ နောက်တစ်ပွဲကိုတူညီတဲ့ ခြေစွမ်းနဲ့ ပွဲထွက်လာနိုင်မယ်လို့ မျှော်လင့်လို့မရပါဘူး။ ကတ်စမဲရိုး ဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားတစ်ဦဖြစ်သလို လေ့ကျင့်ချိန်လည်း လုံလောက်စွာ ရခဲ့ပြီး ဖြစ်တာကြောင့် တိုက်ရိုက်နေရာရဖို့ လိုလာပြီပဲ ဖြစ်ပါတယ်။ အဲရခ်ဆင် က တန်ဟဂ် ရဲ့ ကစားကွက်အတွက် အရေးပါပြီး ဘရူနို က ကပ္ပတိန်အဖြစ်ဆက်ပြီး ပါဝင်လာချေရှိပါတယ်။

တိုက်စစ်- အန်တိုနီ၊ရော်နယ်ဒို၊ဆန်ချို

ပရိတ်သတ်ရွေးချယ်မှုအရ အန်တိုနီ ကို ရွေးချယ်ခဲ့ပေမယ့် တန်ဟဂ် အနေနဲ့ နယ်မြေသစ် မှာ big match ဖြစ်တာကြောင့် စွန့်စားနိုင်ချေ အတော်နည်းပါတယ်။အရံလူစာရင်းမှာ ပါဝင်လာနိုင်ပေမယ့် ပွဲထွက်ခွင့်အတွက်တော့ အချိန်ယူရန်လိုပါသေးတယ်။ ရော်နယ်ဒို က ပြန်လည် ပါဝင်လာနိုင်ပြီး ဆန်ချိူ(ညာ) နဲ့ မားကပ်စ်ရရှ်ဖိုဒ့် က ဘယ်ခြမ်းတိုက်စစ်ကို ပြန်ပြီးနေရာရဖွယ်ရှိပါတယ်။