မန်ချက်စတာဒါဘီပွဲစဉ်မှာ ဘယ်အသင်းနိုင်မလဲ ပြတ်ပြတ်သားသား ခန့်မှန်းလိုက်တဲ့ အင်္ဂလန်လင်းမူ

Posted on

မန်ယူနိုက်တဒ် နဲ့ မန်စီးတီး တို့ရဲ့ ယခုတစ်ပတ် တနင်္ဂနွေမှာ ကစားရမယ့် မန်ချက်စတာဒါဘီပွဲ အတွက် အင်္ဂလန်လင်းမူ ရဲ့ ခန့်မှန်းချက်ကတော့ ထွက်ရှိလာပါပြီ။

အိုဝင် ရဲ့ ခန့်မှန်းတိုင်းလွဲ တဲ့ ယူဆချက်ကြီးကြောင့် မန်စီးတီး ပရိတ်သတ်တွေက စိတ်ပျက်နေကြပေမယ့် မန်ယူနိုက်တဒ် ပရိတ်သတ်တွေကတော့ စီးတီးအနိုင်ရမယ်ဆိုတဲ့ အိုဝင်ရဲ့ မှတ်ချက်အပေါ် ကျေနပ်ပျော်ရွှင်နေကြပါတယ်။ မန်ချက်စတာဒါဘီဟာ ယခုတစ်ပတ်မှာတော့ ယခင်ကလို ဂုဏ်သိက္ခာပိုင်းအရအားပြိုင်မှုသာ မဟုတ်တော့ပဲ နည်းစနစ်ပိုင်းဆိုင်ရာအားပြိုင်မှုတွေ ပါဝင်လာမှဖြစ်တာကြောင့် ပရိတ်သတ်တွေကြားပိုပြီး ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

အိုဝင်က “နိုင်ငံတကာပွဲတွေအလွန် ပျင်းရိငြီးငွေ့ဖို့ကောင်းတဲ့ ရက်တွေကျော်လွန်ပြီးတဲ့နောက်မှာတော့ ကျွန်တော့်အတွက် စိတ်ဝင်စားစရာအကောင်းဆုံး ပွဲတစ်ပွဲကစောင့်ကြိုက်နေပါပြီ။ဒီပွဲမှာ မန်ယူနိုက်တဒ်ကိုအနိုင်ရစေချင်တာ ကျွန်တော့်စိတ်ရင်းပါ ဒါပေမယ့် စီးတီးကပိုသာတဲ့အသင်းဆိုတာကိုလည်း ဖယ်ထားလို့မရပါဘူး။ဒါကြောင့် ဒီတစ်ပတ်မန်ချက်စတာဒါဘီ မှာတော့ ခြေစွမ်း၊လူအင်အား ပိုပြီးအသာရနေတဲ့ မန်စီးတီး ကပဲ အနိုင်ယူသွားမယ်လို့ယူဆရပြီး ဂိုးရလာဒ်ကတော့ ကြီးကြီးမားမားကွာခြားချက်ရှိမယ်လို့ မထင်ပါဘူး”လို့ဆိုပါတယ်။

မန်ယူနိုက်တဒ် အနေနဲ့ ယခုတစ်ပတ်ဒါဘီမှာ မားကပ်စ်ရရှ်ဖိုဒ့် နဲ့ မာစီရယ် တို့ပါဝင်ဖို့မသေချာတာကြောင့် တန်ဟဂ် ရဲ့ deep defence ကစားဟန် အတွက် ရော်နယ်ဒို က အခက်ခဲဖြစ်မလားဆိုတာ စောင့်ကြည့်ရပါဦးမယ်။တန်ဟဂ် အနေနဲ့ ဂွာဒီယိုလာ ကို အသင်းရဲ့အားနည်းချက်ကြောင့် စွန့်လွှတ်ထားရတဲ့ high line def ကစားပြီး ကစားကွက်ပိုင်းအသာစီးယူရန်မဖြစ်နိုင်တာကြောင့် နည်းပြဟောင်းဆိုးလ်ရှားအသုံးပြုခဲ့တဲ့ ခံစစ်ပိတ်ပြီးတန်ပြန်တိုက်စစ် ကစားတဲ့ နည်းဗျူဟာကိုသာ ကျင့်သုံးလာဖွယ် ရှိပါတယ်။ မိုက်ကယ်အိုဝင် ကတော့ မန်စီးတီး ဖက်မှာရှိနေမယ်ဆိုတာကြောင့် ပရိတ်သတ်တွေကတော့ မန်ယူနိုက်တဒ် ကို အသာရတော့မယ် လို့ ထင်ကြေးပေးခန့်မှန်းလျက်ရှိပါတယ်