ကင်းပါဝါမှာ မြေခွေးတွေကို ငရဲတွင်းထဲ ပို့ခဲ့တဲ့ တန်ဟဂ်ရဲ့နတ်ဆိုးများ(ပွဲပြီးသုံးသပ်ချက်)

Posted on

အဲရခ်ဆန်ဟဂ် ရဲ့ ထူးခြားတဲ့ ပြောင်းလဲခြင်းမရှိတဲ့လူစာရင်း က ပရိတ်သတ်တွေကိုအံအားသင့်စေခဲ့ပါတယ်။ရော်နယ်ဒို ပြန်ပါဝင်လာမယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ လီဗာပူးလ် နဲ့ ပွဲထဲကအသုံးပြုခဲ့တဲ့ ဆန်ချို၊အီလန်ဂါ၊ရရှ်ဖိုဒ့် အတွဲကိုသာအသုံးပြုခဲ့ပြိး ဆန်ချို က နံပတ်(၁၀)နေရာကို LW ကနေ ဝင်ကစားတာ တွေ့ခဲ့ရပါတယ်။

ရရှ်ဖိုဒ့် က အထောင်တိုက်စစ်မှာ လေးပွဲမြောက် ပါဝင်ခဲ့ပေမယ့် အလုပ်ဖြစ်မှုနည်းခဲ့သလို hold up play မရတဲ့ပြသနာကြောင့် second ball ဆုံးရှုံးမှုတွေပါကြုံတွေ့ခဲ့ရပါတယ်။သို့သော်လည်း လုပ်အားနှုန်းကောင်းပြီး ချိတ်ဆက်မှုအားကောင်းသူတွေ ဖြစ်လို့ လက်စတာခံစစ်ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။

တတ်ဟဂ် က ရော်ဂျာ ရဲ့ တွန်းကန်အားကို တန်ပြန်နိုင်ဖို့အတွက် open play ဖွင့်ဆော့ခဲ့ပြီး ခပ်မာမာတုံပြန်စေကာ လျှင်မြန်တဲ့တိုက်စစ်နဲ့ ပြန်လည်ထိုးဖောက်စေပါတယ်။ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီး ကစားစေတာမျိုးက လက်ရှိကစားသမားတချို့နဲ့ အဆင်မပြေတာကြောင့် တန်ဟဂ် က တန်ပြန်တိုက်စစ်ကို ပြန်လည်ပုံဖော်ထားပြီး တိကျတဲ့အပေးယူတွေ နဲ့ ပြိုင်ဘက်ကို ချက်ကောင်းထိစေရန် လေ့ကျင့်ပေးထားနိုင်ခဲ့ပါတယ်။

အထူးသဖြင့် ခံစစ်ကနေ ရှင်းထုတ်လိုက်တဲ့ ဘောလုံးအများစုက ယခင်လို လျှံထွက်နေတာမျိုးမဖြစ်ပဲ တိုက်စစ်ပြန်စတင်ရန် အတိကျ ဖြစ်နေသလို တဖက်မှာလည်း တိုက်စစ်မှုးတွေကို အသေမနေစေပဲ လှုပ်ကစားစေတာကြောင့် ပိုပြီး လျှင်မြန်တဲ့ ကစားအားကို ရရှိလာစေပါတယ်။သွင်းဂိုးကိုတော့ ၂၃မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတဆင့် ဘရူနို ၊ ရပ်ဖို့ဒ်တို့ရဲ့ချိတ်ဆက်မှုကနေ ဆန်ချိုက ဂိုးသမားကို တချက်ကျော်ဖြတ်ပြီး လှပစွာ အဆုံးသတ်ခဲ့ပါတယ်။

လက်စတာစီးတီးအသင်းက ရာသီအဖွင့် (၄)ပွဲလုံး နိုင်ပွဲမရသေးတာကြောင့်အတော်လေးရုန်းကန်ခဲ့သလို အထူးသဖြင့် ပွဲချိန် (၄၅-၇၀)မိနစ် ကြားမှာ ဖိဖိစီးစီးကစားခဲ့လို့ ယူနိုက်တဒ် အတွက် စိုးရိမ်ခဲ့ရပါတယ်။သို့သော် ကတ်စမဲရိုး ရော်နယ်ဒို တို့ဝင်ရောက်လာတဲ့နောက် ပွဲကအတော်လေး ထိန်းသိမ်းနိုင်ခဲ့သလို ရော်နယ်ဒို ရဲ့ အမြင့်ဘောထိန်းချုပ်နိုင်စွမ်း၊ချိတ်ဆက်နိုင်မှုတွေက တိုက်စစ်ပိုင်းကိုပြန်လည်အသက်ဝင်လာစေပါတယ်။

တန်ဟဂ် အတွက် လာမယ့်ပွဲတွေမှာ နိုင်ပွဲတွေဆက်ရနေစေဖို့ဆိုရင် မာစီရယ်/ရော်နယ်ဒို ကို အထောင်နေရာမှာထားတာက ပိုမိုသင့်တော်ပြီး မားကပ်စ်ရရှ်ဖိုဒ့်အနေနဲ့တော့ အန်တိုနီ ပါ ဝင်ရောက်လာမယ့်အခြေအနေအရ ပွဲထွက်ခွင့်ပျောက်ဆုံးမှုနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။