ရော်နယ်ဒို ထွက်ခွာပါက ကျောနံပါတ် (၇) ကို ဆက်ခံဖို့ အပြိုင်နွှဲရမယ့် သရဲနီကစားသမားနှစ်ဦး

Posted on

မန်ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ်(၇)ဆိုတာ သမိုင်းကြောင်း အစဉ်အလာကြီးသလို ဂန္တဝင်ကစားသမားတွေချည်း ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဂျော့စ်ဘတ်၊ ကန်တိုနာကစလို့ ဒေးဗစ်ဘက်ခမ်း စီရော်နယ်ဒိုတို့လို ပုံရိပ်မြင့်ကစားသမားတွေ ဝတ်ဆင်ခဲ့တာကြောင့် အဆိုပါနံပတ်က အတော်လေး နာမည်ကြီးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒို ပထမအကြိမ် ထွက်ခွာသွားပြီးနောက် ဝတ်ဆင်ခဲ့တဲ့ကစားသမားများမှာတော့ ကျိန်စာသင့်ခဲ့ရပြီး ခြေစွမ်းခြေစတွေ ပျောက်ဆုံးခဲ့ရပါတယ်။ အဆိုပါကစားသမားတွေကတော့ အိုဝင် ဒီမာရီယာ ဒီပိုင်း ဗလင်စီယာတို့ဖြစ်ပြီး Valencia ကတော့ အဆိုပါကျောနံပါတ်ဝတ်ဆင်ပြီး ခြေစွမ်းပျောက်ခဲ့တာကြောင့် နဂိုဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၂၅) ကိုသာ ပြန်လည်ဝတ်ဆင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ရပါတယ်။

ရော်နယ်ဒို အသင်းကိုပြန်မရောက်မီပထမရာသီမှာ ဝတ်ဆင်ခဲ့တဲ့ ကာဗာနီကတော့ အဆိုပါနံပါတ်နဲ့ အောင်မြင်မှုများစွာကို လုပ်ဆောင်ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တော်တောင်ဖြစ်ခဲ့ပါသေးတယ်။ ပိုင်ရှင်မှန်ပြန်ရောက်လာတဲ့ အချိန်မှာတော့ အဆိုပါကျောနံပါတ်ကို ပြန်ပေးခဲ့ရပါတယ်။

ရော်နယ်ဒိုနဲ့ ယူနိုက်တက်ရဲ့စာချုပ်သက်တမ်းဟာ လာမယ့်နွေမှာ ကုန်ဆုံးမှာ ဖြစ်လို့ ပေါ်တူဂီသားကြီးအနေနဲ့ လာမယ့်နွေမှာ အသင်းက ထွက်ခွာဖို့ အလားအလာများနေပါတယ်။

တကယ်လို့သာ ယူနိုက်တက်အသင်းကနေ ရော်နယ်ဒို ထွက်ခွါသွားပါက သူ ရဲ့ကျောနံပါတ် 7 ကိုဆက်ခံရန်အတွက် အန်တိုနီ နဲ့ ဆန်ချိုတို့ နှစ်ယောက်လုံးအပြိုင်ကြိုးပမ်းလာဖွယ်ရှိတယ်လို့သိရပါတယ်။

ဆန်ချို ဟာ ဒေါ့မွန်အသင်းမှာရှိစဉ်အခါက ကျောနံပါတ်(၇) ကိုဝတ်ဆင်ကစားခဲ့ပြီး ယူနိုက်တက်နဲ့အတူ ပထမရာသီမှာ ခြေစွမ်းပြမကစားနိုင်ခဲ့သော်လည်း ယခု နည်းပြတန်ဟတ် လက်ထက်မှာတော့ အကောင်းဆုံး ခြေစွမ်းပြ ကစားလျက်ရှိပြီး ပရီးမီးယားလိဂ် (၆)ပွဲမှာ ၂ ဂိုးသွင်းယူထားပါတယ်။ဆန်ချိုအနေနဲ့လည်း ယူနိုက်တက်ကို ရောက်ရောက်ချင်းတုန်းက ကျောနံပါတ် ၇ ကို အလိုရှိခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရောက်ရှိလာခဲ့တဲ့အတွက် နံပါတ် ၂၅ကို ပြောင်းလဲ ရွေးချယ်ခဲ့ရပါတယ်။

နံပါတ်၇ ကို ရရှိရေးအတွက် ဆန်ချိုကို ဖိအားပေးနိုင်တဲ့ နောက်ထပ်ကစားသမားတစ်ဦးကတော့ ဘရာဇီးတောင်ပံကစားသမား ဖြစ်ကာ အသင်းကိုရောက်ရှိလာပြီး ပထမပွဲဦးထွက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့တဲ့ အဆိုပါကစားသမားဟာလဲ ကျောနံပါတ် (၇) ကိုဆက်ခံဖို့ အလားအလာကောင်းများ ရှိနေတာပဲဖြစ်ပါတယ်။