ပွဲကျပ်ကာလကိုကျော်ဖြတ်မယ့် အကောင်းဆုံး ကွင်းလယ်အတွဲကို ပြောပြလိုက်တဲ့ တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် ရဲ့ ကွင်းလယ်မှာ ကစားသမားအခင်းအကျင်းအရ စိတ်ကျ လူစာရင်းကို အသုံးချနိုင်သလို နည်းဗျူဟာဆန်းစစ်မှုတွေ လည်း စိတ်ကြိုက်ပြုလုပ်နိုင်တဲ့ အင်အားကို ပိုင်ဆိုင်ထားပါတယ်။ တန်ဟဂ် လက်ထက်မှာ တော်မနေး /ကတ်စမဲရိုး နေရာအပြောင်းလဲက လွဲရင် ဘရူနို နဲ့ အဲရခ်ဆင် က ပုံမှန်ပုံထွက်ခွင့် အပြည့်ရထားပြီး Omonia အသင်းနဲ့ ပွဲမှာတော့ ဖရဒ် က ကတ်စမဲရိုး နဲ့ အပြိုင် ပွဲထွက်လာကာ လာမယ့် ပွဲဆက်များတဲ့ ကာလအတွက် အကြိုပြင်ဆင်မှုတစ်ခုကို တန်ဟဂ် က ချပြလာပါတယ်။ ပြိုင်ဘက်က လိုအပ်တာထက်ပိုပြီး ခံစစ်ပိတ်ကာ တန်ပြန်တိုက်စစ်ကစားလိုတာ ဒါမှမဟုတ် High Press ကစားချင်တဲ့ ပုံစံကိုပြသတဲ့ အချိန်မျိုးမှာ အဲရခ်ဆင် ထက် ခံစစ်ပိုအားသန် တဲ့ ဖရဒ် က အဖြေ ဖြစ်လာနိုင်တာကို မနေ့ညက ပြသခဲ့ပြီး လာမယ့် ပွဲကြပ်ကာလမှာ ဘရာဇီးလ် ကွင်းလယ်က နေရာပိုရလာဖွယ်ရှိပါတယ်။

ကွင်းလယ်နဲ့ ပက်သက်လို့ တန်ဟဂ်က “လက်ရှိအချိန်မှာ ဘယ်ကွင်းလယ်က အကောင်းဆုံးလည်းဆိုတာ ပြောဖို့ခက်ပါတယ်၊သူတို့အတူတကွ ကစားတာပိုကြာလေ အချိတ်ဆက်ပိုမိလေ ဖြစ်လာမှာပါ။အသင်းအတွက်တော့ ပထမဆုံး အရေးကြီးတဲ့အချက်က တောင့်တင်းတဲ့ လူစာရင်းရှိဖို့ပါပဲ။ဖရဒ် က ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့သလို counter-press တွေကို သေချာပြုလုပ်နိုင်ခဲ့ပါတယ်။ကွင်းလယ်မှာတင် ဘောလုံးအတော်များများကို ဆယ်ယူနိုင်ခဲ့ပြီး တိုက်စစ်ကို ချက်ချင်းပြန်စတင်နိုင်တာတွေ အကြိမ်ကြိမ်တွေ့ခဲ့ရပါတယ်။”

” သူဂိုးမရခဲ့တာတော့ ကံခေမှုပါပဲ။ဒါက အသင်းအပေါ် မှာ သူ့ရဲ့ ထိရောက်တဲ့ ထောက်ပံ့နိုင်စွမ်းကို ပြသခဲ့တာပါ။ကျွန်တော့် အတွေးထဲမှာတော့ အသင်းအတွက် ဟန်ချက်ညီစေတဲ့ ကွင်းလယ်အတွဲဖက်တစ်ခု ရှိနေပါတယ်။အရေးကြီးတာက ဘယ်သူပဲ ဝင်ရောက်လာပါစေ အသင်းရဲ့ ကစားပုံကို ထိန်းထားနိုင်ဖို့ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူတို့ အားလုံးရဲ့ ကစားဟန်နဲ့ ပက်သက်လို့ ကျေနပ်မိပါတယ်”လို့ဆိုပါတယ်။

ပွဲဆက်များမှုနဲ့ပက်သက်ပြီး”ကျွန်တော့်အနေနဲ့က ပွဲတိုင်းကို တစ်ပွဲချင်းစီသာ ဂရုတစိုက် ချဉ်းကပ်ပြီး ယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။အသင်းရဲ့စုဖွဲ့မှုက အမှန်တကယ် ကောင်းမွန်နေပါပြီ ဒါပေမယ့် သူတို့မှာရှိနေတဲ့ တိုက်ခိုက်စွမ်းရည်ကို ထပ်ပြီးတွန်းတင်ပေးလိုက်မှသာ အသင်းလိုက်စုဖွဲ့မှုကပိုပြီးအားကောင်းလာမှာဖြစ်သလို ယုံကြည်မှုလည်းတိုးလာမှာပါ။ကျွန်တော်တို့ ရှေ့လျှောက်ပိုမိုခက်ခဲတဲ့ အသင်းတွေနဲ့ ဆက်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် တစ်ပွဲချင်းစီကိုသာ ဂရုစိုက်ပြီး ယှဉ်ပြိုင်ရပါလိမ့်မယ်။ဒီပွဲတွေက ကျွန်တော်တို့ရဲ့ တိုက်စွမ်းရည်ကိုစမ်းသပ်မယ့် ပွဲတွေ ဖြစ်သလို ဒီလိုပွဲတွေကနေ အသင်းရဲ့ ယုံကြည်မှုကို ပိုမိုမြင့်တက်အောင် တည်ဆောက်သွားနိုင်ဖို့ လိုပါတယ်”လို့ဆိုပါတယ်။