ဒီဂျောင် အပါအဝင် အဲရခ်တန်ဟဂ် ချိန်ရွယ်နေတဲ့ ကွင်းလယ်ကြယ်ပွင့် (၃)ဦး

Posted on

မန်ယူနိုက်တဒ်အသင်း ရဲ့လာမယ့်နွေဈေးကွက်အတွက် အဓိက ခေါ်ယူမှုဟာ ကွင်းလယ်ပိုင်းဖြစ်လာနိုင်ပြီး တန်ဟဂ် ကတော့ လက်ရှိအချိန်မှာထဲက အလိုရှိတဲ့ ထိပ်တန်းအဆင့် ကွင်းလယ်လူတွေကို စတင်စောင့်ကြည့်နေပြီလို့သိရပါတယ်။ တန်ဟဂ် က အချက်လက်လေ့လာရေးပညာရှင်တွေနဲ့ ကင်းထောက်တွေရဲ့ သတင်းပို့ချက်ကိုသာမက ကိုယ်တိုင်လေ့လယဆန်းစစ်ရတာကို သဘောကျသူပဲဖြစ်ပါတယ်။ဒါကြောင့်လည်း တန်ဟဂ် က ကင်းထောက်ပိုင်နိုင်ပြီး လက်တံရှည်တဲ့ စတိဗ်မက္ကလာရင် ကို လက်ထောက်အဖြစ်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ လာမယ့်နွေအတွက် အသင်းရဲ့ ကစားကွက်/လိုအပ်ချက် နဲ့ ကိုက်ညီမယ့် ကွင်းလယ်လူတွေကို ရှာဖွေနေပြီး လက်တလောမှာ ကစားသမား (၃)ဦး ကို ချိန်ရွယ်လျက်ရှိပါတယ်။

ဖရန်ကီဒီဂျောင်

တန်ဟဂ် အတွက် ကမ္ဘာပေါ်မှာအလိုအရှိဆုံး ကွင်းလယ်လူကို ပြောပါဆိုရင် ဖရန်ကီဒီဂျောင် ပဲ ဖြစ်ပါလိမ့်မယ်။အဲရခ်ဆင် ကစားနေတဲ့နေရာက ဒီဂျောင် အတွက် တန်ဟဂ် ရဲ့ ရည်မှန်းချက်ဖြစ်ပြီး လာမယ့်နွေမှာရောက်ရှိလာရင်တော့ အဲရခ်ဆင် နဲ့ အလှည့်ကျ ကစားတာ ဒါမှမဟုတ် ဘရူနို နေရာကို ဝင်ရောက်ကစားတာမျိုးမြင်တွေ့ရနိုင်ပြီး ကတ်စမဲရိုး၊ဒီဂျောင်၊အဲရခ်ဆင် ဆိုတဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်အစုအဖွဲ့ကို မြင်တွေ့ရဖွယ် ရှိလာနိုင်တယ်။


ဂျုဒ့်ဘယ်လင်ဟမ်

ဘယ်လင်ဟမ် ကို ခေါ်ယူဖို့ ယူနိုက်တဒ် တာဝန်ရှိသူတွေ အသည်းသန်ကြိုးစားခဲ့ကြဖူးပြီး ကာရင်တန်ထိ ခေါ်ယူစည်းရုံးခဲ့ဖူးပါတယ်။ ပွဲထွက်ခွင့်အာမခံချက် နဲ့ ပရီးမီးယားလိဂ် မှာ တိုးတက်ရန်ခက်ခဲမှုတွေကြောင့် ဆန်ချို လမ်းအတိုင်း ဂျာမဏီ ကို ထွက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်လင်ဟမ် ကို ရီးရဲလ် အပြင် မန်စီးတီး ကလည်း အလိုရှိနေလို့ ခေါ်ယူဖို့ ခက်ခဲနိုင်တာကြောင့် ယူနိုက်တဒ် အနေနဲ့ အတော်လေး ကြိုးစားရဖွယ်ရှိပါတယ်။

ဒီကလန်ရိုက်စ်

ရိုက်စ် ကို ခေါ်ယူရေးက တန်ဟဂ် ရဲ့ အစီမံဆိုတာထက် အသင်းရဲ့ လိုလားချက်ကပိုပါလိမ့်မယ်။အင်္ဂလန်လက်ရွေးစင်ဖြစ်ပြီး လန်ဒန်ရဲ့ ငယ်မွေးခြံပေါက် ကစားသမားလည်းဖြစ်တာကြောင့် FA ရဲ့ မျက်နှာသာရဖို့ဆိုရင် မန်စီးတီးရဲ့ လမ်းစဉ်ဖြစ်တဲ့ ဂရေးလရှ်၊ကီဗင်ဖီးလစ် တို့ကို မလိုအပ်ပဲ ခေါ်ယူခဲ့တာမျိုး ယူနိုက်တဒ် ဘုတ်အဖွဲ့ကလည်း ပြုလုပ်ဖွယ်ရှိပါတယ်။