ထိပ်တန်းကစားသမား (၃)ဦးနဲ့ ယူနိုက်တဒ် ရဲ့ ကွင်းလယ်လူသစ် ရှာပုံတော်

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ဗဟိုကွင်းလယ်ပြင်ဆင်ရေးက အဲရခ်တန်ဟဂ် ရဲ့ ခေါင်းမာမှု၊ ဘာစီလိုနာ ရဲ့ အရှုတ်အထွေးတွေနဲ့ အသင်းရဲ့ အားနည်းချက်တွေကြောင့် ပိုမိုဆိုးရွားတဲ့ အနေထားတစ်ခုကို ချဉ်းကပ်ရောက်ရှိသွားပါတယ်။ ယူနိုက်တဒ် အနေနဲ့ ဖရန်ကီဒီဂျောင် ကို ဒီနွေမှာ သေချာပေါက်ရရှိလိမ့်မယ်လို့ ယုံကြည်ခဲ့သလို ဘာစီလိုနာအသင်းနဲ့လည်း ယူရို(၇၅+၁၀)သန်း နဲ့ သဘောတူညီမှုရယူနိုင်ခဲ့ပါတယ်။

သို့သော်လည်း ဖရန်ကီ နဲ့ ဘာစီလိုနာ ကြားမှာ ယူရို(၁၉)သန်းဝန်းကျင် လစာငွေကြွေးကျန်ပြသနာ ရှိနေပြီး လက်ရှိအချိန်မှာတော့ တရားရုံးတက်ရမယ့် အခြေအနေထိ ရောက်ရှိလာပါတယ်။ဖရန်ကီဒီဂျောင် နဲ့ ဘာစီလိုနာ ကြား ညှိနှိုင်းလို့မရခဲ့ရင် ယူနိုက်တဒ် အနေနဲ့ ဆာဂျ့်မီလန်ကိုဗစ်ဆာဗစ် ကို ပြောင်းလဲခေါ်ယူဖွယ်ရှိပါတယ်။

ဆာဗစ် အနေနဲ့ လာဇီယို ကနေ ထွက်ခွာဖို့ဆိုရင် ယူရိုသန်း(၇၀)ဝန်းကျင်အထိ အသုံးပြုရနိုင်ပြီး ဖရန်ကီ နဲ့ ဈေးနှုန်းမကွာဟတာကြောင့် နောက်ရာသီမှာ နယ်သာလန်သားကို ခေါ်ယူဖို့က အခက်ခဲဖြစ်သွားနိုင်ပါတယ်။ ဆားဘီးယားကွင်းလယ်လူဟာ မန်ယူနိုက်တဒ် ထံ ပြောင်းရွှေ့ဖို့ ၂၀၁၉ ထဲက သတင်းကြီးနေသူဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဒီဂျောင်သာ မရရင် အမှန်တကယ် ရောက်ရှိလာဖွယ် ရှိပါတယ်။

ရာဘီယော့ အခြေအနေကတော့ ရှုတ်ထွေးနေဆဲ ဖြစ်ပြီး ယမန်နေ့ညက ပြင်သစ်သားကိုကမ်းလှမ်းထားတဲ့ မိုနာကို အသင်း ချန်ပီယံလိဂ်ကနေ ပြုတ်ခဲ့တာကြောင့် ယခုတစ်ပတ်အတွင်း တမျိုးတဖုံပြောင်းလဲလာဖွယ်ရှိပါတယ်။ ယူဗင်းတပ်စ် နဲ့ ယူရို(၁၈)သန်းတန် သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု တော့ ရရှိထားခြင်း မရှိသေးလို့ ယခုရက်ပိုင်းအတွင်းညှိနှိုင်းရဖွယ်ရှိပါတယ်။

ရာဘီယော့ ရဲ့ မိခင်ဖြစ်သူက ညှိနှိုင်းရခက်သလို ရွိုင်းအိုလာ နဲ့ ထူးမခြားနား ပြသနာ ရှာတတ်သူ ဖြစ်လို့ ပရိတ်သတ်တွေကတော့ စိုးရိမ်နေပါတယ်။သို့သော်လည်း တန်ဟဂ် က ရာဘီယော့ နဲ့ ဖုန်းပြောဆိုခဲ့တယ်လို့ သိရပြီး နည်းပြကြီးရဲ့ တိုက်ရိုက်ခေါ်ယူမှုဖြစ်ရင်တော့ အနည်းငယ်စိတ်အေးရနိုင်ပါတယ်။