ချယ်ဆီးဂန္တဝင်ကြီးရဲ့ကျောနံပါတ်ကိုရယူဖို့ တလေးတစားဖုန်းဆက် ခွင့်တောင်းခဲ့တဲ့ ကူလီဘာလီ

Posted on

ချယ်ဆီးအသင်းကစားသမားသစ် ကူလီဘာလီဟာ အသင်းနဲ့အတူ ကစားခွင့်သိပ်မရသေးခင်အချိန်မှာပဲ ပရိသတ်တွေရဲ့လေးစားမှုကို ခံယူလိုက်ပါပြီ။

ယခုနှစ်နွေရာသီမှာ နာပိုလီအသင်းကနေ ပေါင် ၃၃သန်းဝန်းကျင်နဲ့ပြောင်းရွှေ့လာတဲ့ အသက် ၃၁နှစ်အရွယ်ခံစစ်မှူးဟာ လာမယ့်ရာသီမှာကျောနံပါတ် ၂၆ကိုဝတ်ဆင်ကစားသွားဖို့ရှိပါတယ်။

ဒါပေမယ့် သူ့ရဲ့ကျောနံပါတ်ကိုအတည်ပြုမကြေငြာခင်မှာ ကူလီဘာလီဟာ အသင်းရဲ့ဂန္တဝင်ကြီးဖြစ်တဲ့ဂျွန်တယ်ရီထံကနေ ကျောနံပါတ်ကိုလက်လွှဲရယူဖို့ လေးလေးစားစားဖုန်းဆက်ခဲ့ပါတယ်။

ချယ်ဆီးအသင်းသမိုင်းမှာ ဆုဖလား ၁၅ကြိမ်အထိဆွတ်ခူးနိုင်ခဲ့တဲ့ အအောင်မြင်ဆုံးအသင်းခေါင်းဆောင်ဂျွန်တယ်ရီဟာ ကျောနံပါတ် ၂၆ကိုဝတ်ဆင်ကာ ပွဲပေါင်း ၇၀၀ကျော်ပါဝင်ကစားပေးခဲ့ပါတယ်။

ကူလီဘာလီက’ ကျွန်တော်ခင်ဗျားဆီကနေ ခွင့်ပန်စရာ တစ်ခုရှိပါတယ်.. ဂျွန် ရေ..။ ကျွန်တော်ဟာ နာပိုလီအသင်းမှာ ကျောနံပါတ် (၂၆) ကို ဝတ်ဆင်လေ့ ရှိတယ်ဆိုတာ ခင်ဗျားသိပါလိမ့်မယ်..။ အခုဒီအသင်းမှာလည်း ခင်ဗျားထွက်သွားကတည်းက ဘယ်သူကမှ ကျောနံပါတ် (၂၆) ကို မဝတ်ဆင်ခဲ့ကြပါဘူး..။”

” အဲဒီနံပါတ်ကို ခင်ဗျားကအနားပေးခိုင်း ထားတာလား.၊ ဒါမှမဟုတ် ဘယ်သူကမှ ခင်ဗျားရဲ့နံပါတ်ကို မဆက်ခံရဲကြတာလား.. ကျွန်တော်သေသေချာချာ မသိပါဘူး..။ ဒ့ါကြောင့်ဖြစ်နိုင်မယ်ဆိုရင် အဲဒီနံပါတ်ကို ကျွန်တော်ဆက်ခံချင်ပါတယ်..။ ” ဟု ခွင့်တောင်းခဲ့ပါတယ်။

ချက်ချင်းဆိုသလိုတယ်ရီကလည်း ’ ဒီမှာကိုယ့်လူ။ နံပါတ် ၂၆ဆိုတာငါ့အတွက် တကယ်အရေးပါတယ်။ ငါ့ကိုတကူးတကဖုန်းဆက်ပြီးပြောလို့ မင်းကိုတကယ်ကျေးဇူးတင်တယ်။ မင်းယူလိုက်လဲပြဿနာမရှိပါဘူးကွ။ ကျေကျေနပ်နပ်ကြီးပေးမှာပေါ့’

‘မင်းအဆင်ပြေဖို့ငါဆုတောင်းပါတယ်။ ဘာလို့ဆိုတော့ဒီနံပါတ်က ငါ့အတွက်အရမ်းအရေးပါတယ်လေ။ မင်းလဲနံပါတ် ၂၆ကိုဝတ်ခဲ့ဖူးတာဆိုတော့ ကျေနပ်စရာပဲကိူယ့်လူရဲ့။ ငါမင်းကိူပေးပါတယ်’ လို့ပြန်ပြောခဲ့ပါတယ်။

အဲ့ဒီမှာပဲ ကျေးဇူးတင်သွားတဲ့ကူလီဘာလီက ဒီဂျာစီကိုဝတ်ဆင်ရမှာတာဝန်ကြီးကြောင်းပြောခဲ့သလို တယ်ရီကလဲ’ ဖိအားတွေမထားပါနဲ့ကွ။ မင်းကငါတို့အတွက် ဆုဖလားတွေယူပေးမှာပဲလေ။ ဟုတ်တယ်မလား’ လို့ပြောခဲ့တာပါ။