ယူနိုက်တက်ဆီ မပြောင်းခဲ့လို့ အကြီးအကျယ် တိုင်ပတ်နေတဲ့ ဖရန်ကီဒီဂျောင်

Posted on

မန်ယူနိုက်တဒ် ရဲ့ ဖရန်ကီဒီဂျောင် ခေါ်ယူဖို့အပြင်းထန်ကြိုးပမ်းမှုတွေဟာ နွေရာသီအပြောင်းရွှေ့ဈေးကွက်ပိတ်သိမ်းသွားတဲ့ နောက် တခန်းရပ်ပြဇာတ်လို အဆုံးသတ်သွားခဲ့ရပါတယ်။လန်ဒန် အထိ ဩဂုတ် (၃၀) မှာ ရောက်ရှိနေတဲ့ ဖရန်ကီဒီဂျောင် ဟာ အပြောင်းရွှေ့ဖြစ်မြောက်မယ်လို့ထင်ခဲ့ပေမယ့်လည်း ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ရဲ့ ခေါင်းမာမှုက အပြောင်းရွှေ့ကို ပျက်စေခဲ့တာပဲဖြစ်ပါတယ်။မန်ယူနိုက်တဒ် ဟာ ဒီဂျောင် နဲ့ အလုံးစုံသဘောတူညီမှု ရရှိထားပြီး ဘာစီလိုနာ နဲ့ ယူရို (၈၅)သန်းတန် သဘောတူညီချက် ရယူထားနိုင်ကြောင်း သတင်းတွေကဆိုပါတယ်။

ဒီဂျောင် အနေနဲ့ ဘာစီလိုနာ ထံကနေ ကြွေးကျန် ယူရို (၁၉)သန်း မရရှိတာကြောင့် အသင်းကနေ ပြောင်းရွှေ့ဖို့ငြင်းဆိုခဲ့ပြီး နောက် လက်တလောမှာတော့ နည်းပြဇာဗီ ရဲ့ ပညာပေးမှုနဲ့အတူ အရံခုံမှာ မိတ်ဆက်နေရပါတယ်။ ဇာဗီ က စပိန်ကွင်းလယ်အတွဲဖြစ်တဲ့ ဘူးစကွက်၊ပက်ဒရီ၊ဂါဗီ အတွဲကိုသာ အဓိက အတွဲအဖက် ဖြစ် အသုံးပြုလိုပြီး လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား မှာ စပိန်အသင်းကြီးအတွက် ဗဟိုကွင်းလယ် ဖြစ်လာစေဖို့ မျှော်လင့်နေတာပဲ ဖြစ်ပါတယ်။ဘာစီလိုနာ ရဲ့ ကွင်းလယ် မှာ ပက်ဒရီ နဲ့ ဂါဗီ အပြင် ကတ်စီ လို အသင့်သုံး ကစားသမားကျန်ရှိနေသေးတာကြောင့် ဒီဂျောင် ဟာ အရံ ဖြစ်သွားခဲ့ရပြီး လက်ရှိမှာတော့ မိနစ်အနည်းငယ်စီသာ ဝင်ရောက်ကစားခွင့်ရထားပါတယ်။

ဒီဂျောင် အနေနဲ့ ယူနိုက်တဒ် ကိုသာ ပြောင်းရွှေ့ခဲ့ရင် လက်ရှိအချိန်မှာ အဓိက ကစားသမားအဖြစ် သတ်မှတ်ခံရပြီး ပွဲတိုင်းအသုံးပြုနိုင်မှာ ဖြစ်သလို သူ့ရဲ့ ခြေစွမ်း နဲ့ စွမ်းဆောင်ရည်ကိုလည်း အမြင့်ဆုံးမှာ ပြသနိုင်မှာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းထံ အေတီကို ကနေ ပြောင်းရွှေ့သွားခဲ့ဖူးတဲ့ ဂရဇ်မန်း ဟာ လည်း ယူနိုက်တဒ် ကို မရွေးချယ်ခဲ့တဲ့နောက် အိမ်နိမ့်စံတစ်ယောက် ဖြစ်လာခဲ့ပြီး ကစားသမားဘဝ ထိခိုက်သွားခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာလည်း ဒီဂျောင် အနေနဲ့ ဘာစီလိုနာ မှာ အရံအဖြစ် ရှိနေခြင်း ကို လျှင်မြန်စွာဖြေရှင်းရန်လိုအပ်ပြီး ကမ္ဘာ့ဖလားအလွန်မှာတော့ ပုံမှန်ပွဲထွက်ခွင့်ရရှိမယ့် အသင်းကို ပြောင်းလဲ ကစားဖို့ အရေးတကြီးလိုအပ်လာပါလိမ့်မယ်။