ဟာလန်းကိုရပ်တံ့နိုင်မယ့် နည်းလမ်းကောင်းတွေမျှဝေပေးခဲ့တဲ့ လူကြမ်းကြီး ဂျပ်စတမ်း

Posted on

တစ်ခေတ်တစ်ခါက မန်ယူနိုက်တဒ် နောက်တန်းမှာ စတမ်း ဆိုရင် ကြောက်ဒူးတုန်ရလောက်တဲ့အထိ အရှိန်အဝါကြီးတဲ့ ခံစစ်မှုးတစ်ဦးရှိခဲ့ဖူးပါတယ်။ နယ်သာလန်သားတွေဟာ အနေအေးပြီး တည်ကြည်ကြပေမယ့် စတမ်း ကတော့ မူရင်းဒချ့်မျိုးစိတ်ကနေ ကွဲထွက်နေသူဖြစ်တာကြောင့် အမြဲတစေရန်လို နေတတ်ပြီး ဘယ်လိုပြိုင်ဘက်ကိုမဆို အမှောက်သိပ်ဖို့သာ စဉ်းစားတဲ့ သွေးရဲတဲ့ ခံစစ်မှုး တစ်ဦးဖြစ်ပါတယ်။

သူ့ဘဝမှာ ခပ်ကြမ်းကြမ်းဖျတ်ထုတ်တာမျိုးဟာ ထမင်းစားရေသောက်ဖြစ်ပြီး ကစားသမားဘဝ အနားယူပြီးလို့ ရံပုံငွေပွဲအဖြစ် ဘိုင်ယန် နဲ့ ကစားခဲ့တဲ့ ပွဲမှာတောင် လျှောထိုးဖျတ်ထုတ်တာတွေပြုလုပ်ခဲ့ပြီး ကွင်းပေါ်ရောက်ရင် အသက် နဲ့ ဆက်ဆံရေး က အရေးမပါကြောင်း ပြသခဲ့သူပဲဖြစ်ပါတယ်။ စတမ်း က လာမယ့် အောက်တိုဘာ(၂)ရက်နေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီ အတွက် စီးတီး တိုက်စစ်မှုး ဟာလန်း ကို ဟန့်တားနိုင်စေဖို့အကြံဉာဏ်တချို့ပေးခဲ့ပါသေးတယ်။

စတမ်းက “ဒီပွဲမျိုးမှာကစားမယ်ဆိုရင် သာမန်ထက်ပိုမိုကြမ်းတမ်းနေဖို့လိုပါတယ်။ပြိုင်ဘက်ကဘောလုံးကိုင်ထားချိန်မှာ စီးတီးရဲ့ကွင်းတဖက်ခြမ်းအထိ ဖိအားပေးထားနိုင်ဖို့လိုသလို ဟာလန်း ရဲ့ အနီးနားမှာ ခပ်ကြမ်းကြမ်း ကစားမယ့်သူတစ်ယောက်ကအနီးကပ် အချိန်ပြည့်ရှိနေဖို့လိုပါတယ်။ဟာလန်း ကို ပွဲထဲကနေ ပါဝင်ပက်သက်မှုမရှိလောက်အောင် ပြုလုပ်ဖို့လိုပြီး အထူးသဖြင့် ကိုယ့်အသင်းကဘောလုံးဆုံးရှုံးသွားချိန်မှာ မန်စီးတီး အတွက် ဘောလုံးလက်ခံရယူမယ့် သူက ဟာလန်း ဖြစ်မနေအောင် ဟန့်တားထားနိုင်ဖို့ကအရေးကြီးပါတယ်။”

” ဒီလိုပွဲမျိုးမှာ ကိုယ့်ရဲ့တွဲဖက်ကပေးတဲ့ အကာကွယ်ရမှုက သိပ်ကိုအရေးကြီးပါတယ်၊ဟာလန်း လို ကစားသမားနဲ့ တစ်ယောက်ချင်းရင်ဆိုင်တွေ့တဲ့အချိန်မှာ ကိုယ့်နောက်ကျောမှာ နေရာလွတ်အကျယ်ကြီးပေးထားရတာ က ဆယ်ကြိမ်မှာ ကိုးကြိမ်လောက် ကြုံတွေ့ရမှာဖြစ်လို့ သိပ်ကောင်းတဲ့အခြေအနေတော့ မဟုတ်ပါဘူး။ဒါကြောင့် သူနဲ့ တစ်ယောက်ချင်းရင်ဆိုင်ရပြီဆိုတာနဲ့ ခပ်ကြမ်းကြမ်းတုံပြန်တာကသာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်”လို့ဆိုပါတယ်။

ဆက်လက်ပြီး စတမ်းက “ဟာလန်း ရဲ့ ခြိမ်းခြောက်နိုင်မှုကြောင့် အသင်းတိုင်းဟာ သူတို့ရဲ့ ခံစစ်ကစားဟန် ကို အနည်းငယ်ပြင်ဆင်နေရပါတယ်။တချို့ကတော့ ဟာလန်း ကို ထိန်းချုပ်ဖို့ ကွင်းလယ်မှာ နောက်တစ်ယောက်ထပ်ထည့်ပြီး မန်စီးတီး ကွင်းလယ်နဲ့ခံစစ်မှာပဲ ဘောလုံးပေးပို့တာတွေ့ပြုလုပ်နေစေဖို့ ကြိုးစားကြပါတယ်။”

” ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ သူ့ကို ထိန်းချုပ်နိုင်မယ့် ခံစစ်မှုးတစ်ယောက်ကိုပဲ တိတိကျကျရွေးချယ်တာဝန်ပေးတာကပိုပြီးအဆင်ပြေပါလိမ့်မယ်။ဒါပေမယ့် သူ့ကိုထိန်းချုပ်မယ့် တစ်ယောက်က ကွင်းရဲ့တဝက်ကျော်လောက်ထိ တက်ကစားရမှာဖြစ်လို့ ကျန်ခဲ့တဲ့ တစ်ယောက်က နောက်ချန်နေရာလွတ်တွေကို အပြည့်အဝကာကွယ်ပေးဖို့တော့လိုပါတယ်”လို့သတိပေးခဲ့ပါတယ်။