ဒဏ်ရာပြသနာကြောင့် တိုက်စစ်ပိုင်းအတွက် ခေါင်းကိုက်ရတော့မယ့် ယူနိုက်တဒ်နဲ့ တန်ဟဂ်

Posted on

လီဗာပူးလ် နဲ့ ပွဲမှာဒုတိယပိုင်းဝင်ရောက်လာပြီး ခြေစွမ်းပြခဲ့တာကြောင့် ပရိတ်သတ်တွေ ရဲ့ မျှော်လင့်ချက်ဖြစ်ခဲ့တဲ့ အန်သိုနီမာစီရယ် ဟာ ယနေ့ညနေ ကစားမယ့် ပွဲမှာတော့ ဒဏ်ရာကြောင့် အနားယူရတော့မယ်လို့သိရပါတယ်။

ရာသီသစ်မစတင်ခင် လေ့ကျင့်ခန်းမှာ ဒဏ်ရာရခဲ့တာကြောင့် မာစီရယ် ဟာ ဘရိုက်တန်၊ဘရန်းဖိုဒ့် တို့နဲ့ ပွဲတွေကို လွဲချော်ခဲ့သလို လီဗာပူးလ် နဲ့ ပွဲကိုလည်း ဒုတိယပိုင်းမှသာ ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယမန်နေ့ကပြုလုပ်တဲ့ လေ့ကျင့်ရေးမှာတော့ မာစီရယ် က ခြေသလုံး တကောက်ကြော နာကျင်မှု ခံစားနေရတာကြောင့် ဆောက်တပ်တန် နဲ့ ပွဲကို ပါဝင်နိုင်မှာမဟုတ်ကြောင်း နည်းပြကြီးတန်ဟဂ် က အတည်ပြုခဲ့ပါတယ်။

မာစီရယ် ရဲ့ ဒဏ်ရာရရှိမှုကြောင့် ယူနိုက်တဒ် နံပတ်(၉)နေရာမှာ ကစားနိုင်သူ အဖြစ် ရော်နယ်ဒို သာ ရှိတော့သလို ပေါ်တူဂီသားရဲ့ အပြောင်းရွှေ့သတင်းတွေကလည်း လှုပ်ခတ်နေတာကြောင့် မရောရာမှုတွေပြည့်နှက်နေပါသေးတယ်။

ယူနိုက်တဒ် အနေနဲ့ ဈေးကွက်အတွင်း တိုက်စစ်မှုးကောင်းတစ်ယောက် ခေါ်ယူရန် လွယ်ကူမှာ မဟုတ်ပဲ PSV ရဲ့ ဂတ်ပို၊ဘာစီလိုနာ ရဲ့ မန်းဖစ်ဒီပိုင်း တို့ကိုသာ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။ ရော်နယ်ဒို သာ ထွက်ခွာခဲ့ရင် သို့မဟုတ် ဒဏ်ရာရခဲ့ရင် လက်ရှိအသင်းမှာ တိုက်ရိုက်အစားထိုးနိုင်တဲ့ ကစားသမားမရှိပဲ ဘရူနို ကို F9 အဖြစ် အသုံးပြုရဖွယ်ရှိပါတယ်။

ဘရန်းဖိုဒ့် နဲ့ပွဲမှာ ရော်နယ်ဒို က မြှားဦးကနေ ပါဝင်လာပေမယ့် ချိတ်ဆက်မှုတွေလွဲချော်နေတာကြောင့် လီဗာပူးလ်နဲ့ပွဲမှာ အရံခုံထိုင်စေခဲ့တာဖြစ်ပြီး ဘရူနို ကလည်း ဘရိုက်တန် နဲ့ ပွဲမှာ F9 နေရာနဲ့ အံဝင်ခြင်းမရှိတာကို ပြသခဲ့ပြီးပါပြီ။

တန်ဟဂ် အနေနဲ့ ရွေးချယ်စရာအဖြစ် မားကပ်စ်ရရှ်ဖိုဒ့် ကို အထောင်တိုက်စစ်မှာ ထားသုံးနိုင်ပြီး အီလန်ဂါ / ဆန်ချို တောင်ပံနှစ်ဖက်နဲ့ ကြိုးကြာတို့ကို ရင်ဆိုင်ခဲ့သလို ခင်းကျင်းမလားဆိုတာတော့ ပြန်ပြီးစောင့်ကြည့်ရပါမယ်။မာစီရယ်ဟာ လူးဝစ်ဗန်ဂါးလ် နဲ့ ဆိုးလ်ရှား ရဲ့ ပထမရာသီတွေကလွဲရင် ကျန် နှစ်တွေမှာ အားထားလို့မရခဲ့ပဲ မကြာခဏဒဏ်ရာရနေသလို ခြေစွမ်းလည်းကျဆင်းတတ်တာကြောင့် တန်ဟဂ် အတွက်တော့ ကြီးမားတဲ့ အခက်ခဲတစ်ခုဖြစ်လာနိုင်ပါတယ်။