ဒါဘီပွဲစဉ်မှာ ဒဏ်ရာကပြန်လာမယ့်ကစားသမားတွေနဲ့ လွဲချော်မယ့်ကစားသမားကို အတည်ပြုလိုက်တဲ့ တန်ဟတ်

Posted on

မန်ယူနိုက်တဒ် တိုက်စစ်မှုးနှစ်ဦးဖြစ်တဲ့ မားကပ်စ်ရရှ်ဖိုဒ့် နဲ့ အန်သိုနီမာစီရယ် တို့ ဟာ မနက်ဖြန်ည ကစားမယ့် မန်ချက်စတာဒါဘီ မှည ပြန်လည်ပါဝင်နိုင်ကြောင်း နည်းပြကြီးတန်ဟဂ် က ဆိုခဲ့ပါတယ်။ ယူနိုက်တဒ် အနေနဲ့ တိုက်စစ်ကစားသမားနှစ်ဦးကို ဆုံးရှုံးထားတာကြောင့် ပြီးခဲ့တဲ့ ပွဲတွေမှာ ရော်နယ်ဒို ကိုသာ ဦးတည်ကစားနေရပြီး တိုက်စစ်ပိုင်းအခက်ခဲတွေရင်ဆိုင်နေရပါတယ်။ရော်နယ်ဒို က ယခုရာသီမှာ ခြေစွမ်း နဲ့ စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေတာကြောင့်လည်း အခက်ကြုံနေရသူဖြစ်ပြီး ပြီးခဲ့တဲ့ ပေါ်တူဂီအသင်း ပွဲတွေမှာလည်း ခြေစွမ်းကျနေလို့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုကို ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်တာကြောင့် ရရှ်ဖိုဒ့် နဲ့ မာစီရယ် ပြန်ပါဝင်နိုင်တဲ့သတင်းက ယူနိုက်တဒ် အတွက် သတင်းကောင်းလို့ဆိုနိုင်ပါတယ်။

တန်ဟဂ် က “လက်ရှိအခြေအနေက ဟယ်ရီမက်ဂွိုင်းယားက သေချာပေါက်လွဲချော်မှာ ဖြစ်ပေမယ့် ကျန်ကစားသမားတွေကတော့ အနည်းငယ်သာ စိုးရိမ်စရာရှိပါတယ်။အန်သိုနီမာစီရယ် က ပြီးခဲ့တဲ့ ရက်သတ္တပတ်တစ်ခုလုံး ကျန်ကစားသမားတွေနဲ့ စုပေါင်းလေ့ကျင့်ခန်း ဆင်းနိုင်ခဲ့လို့ သူ့အခြေအနေအပေါ် များစွာကျေနပ်မိပါတယ်။သူကလေ့ကျင့်ရေးမှာ ကောင်းစွာ ကစားနိုင်သလို သူ့အပေါ်အထင်ကြီးလောက်စရာ ခြေစွမ်းတွေမြင်တွေ့ခဲ့ရပါတယ်။ရရှ်ဖိုဒ့် လည်း လေ့ကျင့်ရေးကို ပြန်လည်ရောက်ရှိလာပါပြီ ဒါကြောင့် ကာလရှည်ကြာဒဏ်ရာရနေတဲ့ တွမ်ဇမ်ဘီ နဲ့ ဝီလျံ က လွဲရင် ကျန်ကစားသမားအားလုံး အခြေအနေကောင်းတယ်လို့ ဆိုနိုင်ပါတယ်”လို့ဆိုပါတယ်။

အဲရခ်တန်ဟဂ် က စက်တင်ဘာလ အတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံး မန်နေဂျာဆုကို ရယူနိုင်ခဲ့ပြီး သူ့အတွက်တော့ အဆိုပါဆုတံဆိပ်က အသင်းလိုက်ပေါင်းစပ်ဖွဲ့စည်းမှု ကောင်းတာကြောင့်သာ ရရှိခဲ့တာ ဖြစ်လို့ ဖွင့်ဟခဲ့ပါတယ်။တန်ဟဂ် က “ကျွန်တော် တို့ တစ်ယောက်ချင်းဘယ်လိုဆုတံဆိပ်ပဲ ရသည်ဖြစ်စေ ဒါက တစ်သင်းလုံးရဲ့ ပေါင်းစပ်လုပ်ဆောင်မှုကောင်းတာကြောင့်သာ ရရှိလာတာပါ။ဒါဟာ ကျွန်တော်တို့အားလုံး နေရာမှန် တစ်ခုထဲကို ရွေ့လျားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။”

” လက်ကျန်ပွဲတွေထဲမှာ ကျွန်တော်တို့ အသင်းအနေနဲ့ တိုးတက်ဖို့နေရာတွေရှိနေတယ်ဆိုတာကို နားလည်ထားသလို တိုးတက်မှုတွေလည်းတွေ့မြင်ရပါလိမ့်မယ်။ကျွန်တော်တို့အားလုံးက အသင်းရဲ့အမြင့်ဆုံးအဆင့်ကို ပြန်လည်ရောက်ရှိဖို့ အလုပ်တွေပြင်းပြင်းထန်ထန်ကြိုးစားနေကြသလို ဒီဆုဟာ ကျွန်တော်တို့ကိုလမ်းကြောင်းမှန်ပေါ်ရှိနေကြောင်း ပြသခဲ့တဲ့အရာလည်းဖြစ်ပါတယ်”လို့ဆိုပါတယ်။