ရှရဖ်ကို ရင်ဆိုင်ဖို့ တန်ဟတ် အသုံးပြုမယ့် ယူနိုက်တက် လူစာရင်း

Posted on

မန်ယူနိုက်တဒ်ရဲ့ယနေ့ညကစားမယ့် ရှရဖ် အသင်းနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဟာ တန်ဟဂ် အတွက် ယခုလအတွင်း ကစားရမယ့် နောက်ဆုံးပွဲစဉ်ဖြစ်သလို အဖွင့်ပွဲအရေးနိမ့်ထားတဲ့အတွက် မဖြစ်မနေအနိုင်ရဖို့ အရေးကြီးနေတဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ယူနိုက်တဒ် အနေနဲ့ အုပ်စုအဖွင့်ပွဲမှာ ဆိုစီဒက်ကို အရေးနိမ့်ခဲ့သလို တဖက်မှာလည်း ယခုလအတွင်း ကျန်ရှိတဲ့ လိဂ်ပွဲတွေဟာ ဘုရင်မကြီးနာရေး နဲ့ နိုင်ငံတကာ ပွဲတွေကြောင့် ဆက်လက်ယှဉ်ပြိုင်ရန် မရှိတော့တဲ့ အတွက် ယနေ့ညမှာ တန်ဟဂ် ရဲ့ စိတ်တိုင်းကျ လူစာရင်းကို ထုတ်သုံးလာဖွယ်ရှိပါတယ်။အထူးသဖြင့် ရှရဖ် ဟာ ပြီးခဲ့တဲ့ရာသီတုံးက မက်ဒရစ် ကို အနိုင်ယူခဲ့ဖူးတဲ့အသင်းဖြစ်တာကြောင့်လည်း ပေါ့ဆလို့မရပဲ အတော်လေး ဂရုစိုက်ကစားဖို့လိုတာပဲ ဖြစ်ပါတယ်။

(ဂိုး)ဒဟေးယား

တန်ဟဂ် အနေနဲ့ ဒူဗက်ကာ ကို ပထမပွဲမှာအသုံးပြုမယ်လို့ ထင်ခဲ့ပေမယ့် စပိန်သားသာ ပွဲထွက်လာခဲ့သလို ယနေ့ညမှာလည်း ဒဟေးယား ကပဲ နံပတ်(၁)နေရာအတွက် ပါဝင်ပွဲထွက်လာဖွယ် ရှိပါတယ်။

( ခံစစ်) ဒါးလော့၊ဗာရန်း၊မာတီနက်ဇ်၊မလာစီယာ

ရှော နဲ့ မက်ဂွိုင်းယား အပြင် လင်ဒီလောဖ့် ပါ ကြံခိုင်မှု ပြည့်ဝနေပေမယ့် တန်ဟဂ် အနေနဲ့ ဆိုစီဒက် ပွဲက ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကြောင့် သူစိတ်ချရတဲ့ ခံစစ်ကိုပဲ ပြန်လည်အသုံးချဖွယ်ရှိပါတယ်။ဒါးလော့ ပြန်ပါလာနိုင်ပြီး ဗာရန်း၊မာတီနက်ဇ် အတွဲကို ရှော နဲ့ ရံနိုင်ချေ ရှိပေမယ့် မလာစီယာ ကိုပဲ ထပ်မံအသုံးပြုနိုင်တယ်လို့ ယူဆရပါတယ်။

(ကွင်းလယ်) ကတ်စမဲရိုး၊အဲရခ်ဆင်၊ဘရူနို

တော်မနေး နေရာကို ကတ်စမဲရိုး ဝင်ကစားခဲ့တာက ရှေ့ပွဲမှာ အဆင်မချောပေမယ့် တန်ဟဂ်အနေနဲ့ ဘရာဇီးလ်သားကို ယခုပွဲမှာ ထပ်မံ အသုံးပြုဖွယ်ရှိပါတယ်။ မက်ဒရစ် မှာ ရှရဖ် ကို ရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့ကြုံတွေရှိသလို အသင်းနဲ့အသားကျစေဖို့ အကောင်းဆုံးအခွင့်အရေးပဲဖြစ်ပါလိမ့်မယ်။အဲရခ်ဆင်ကတော့ မဖြစ်မနေ ပါဝင်ရန်လိုပြီး ကစားကွက်ပုံဖော်ရာမှာ အခရာကျပါလိမ့်မယ်။ဘရူနို ကတော့ လက်တလောမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်နေလို့ ချန်လှပ်ဖွယ်မရှိပါဘူး။

( တိုက်စစ်) အန်တိုနီ၊ရော်နယ်ဒို၊ဆန်ချို

ရရှ်ဖိုဒ့် အတွက် ဒီအချိန်မှာ ဒဏ်ရာရနေတာက ကြီးမားတဲ့ထိုးနှက်မှုပါပဲ။အန်တိုနီ ဟာ အချိန်မရွေး ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်သူ ဖြစ်ပြီး အသင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်လာဖို့တာဆူနေလို့ ညာတောင်ပံကို အပိုင်စား သိမ်းဖွယ်ရှိပါတယ်။ ယူနိုက်တဒ် ရဲ့ ဘယ်ခြမ်းမှာ ဆန်ချို ရှိနေပြီး တိုက်စစ်မှာတော့ သွင်းဂိုးတွေဆာလောင်နေတဲ့ ရော်နယ်ဒို ကို မြင်တွေ့ရပါလိမ့်မယ်။