ထောင်နန်းစံရဖို့အထိ ဖြစ်လာတဲ့ ပေါ့ဘာတို့ ညီအစ်ကိုရဲ့ ပြသနာအရှုပ်အထွေး

Posted on

ဂျူဗင်တပ်အသင်းရဲ့ စူပါစတား ပေါပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မားသီးယပ်ပေါ့ဘာဟာ ညီအစ်ကိုချင်း စောင့်ရှောက်ခဆိုပြီး ခြိမ်းခြောက်ငွေကြေးတောင်းတဲ့အတွက် ထောင်ဒဏ်ကျခံရ‌တော့မယ်လို့ ပြင်သစ်သတင်း‌စာတွေက ဖော်ပြခဲ့ကြပါတယ်။အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မားသီးယပ်ပေါ့ဘာနဲ့ အပေါင်းအပါ၃ဦးဟာ ညီဖြစ်သူဆီကနေ ၁၃နှစ်စာ စောင့်ရှောက်ပေးခဆိုပြီး ယူရို ၁၁သန်းတောင်းခံခဲ့ဖြစ်ပါတယ်။

ဒါကို လက်မခံနိုင်တဲ့ ပေါပေါ့ဘာက ရဲတိုင်လိုက်တဲ့အတွက် သူ့ကိုခြိမ်းခြောက်ငွေတောင်းခံခဲ့တဲ့ အစ်ကိုဖြစ်သူနဲ့ အပေါင်းအပါ သူငယ်ချင်းတွေဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ပဲရစ်မြိုမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင်များဟာ မက်သီးယပ်ကို ဖမ်းဆီးခဲ့ပြီးနောက် ယခုလို အတည်ပြုသတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး စုံစမ်းစစ်ဆေးမှုနဲ့ပတ်သတ်ပြီး အခြားသံသယရှိသူ၃ ဦးကိုလည်း အချုပ်ချထားကာ လက်ရှိအချိန်မှာ မက်သီးယပ်ဟာ သူ့အပေါ်တင်ထားတဲ့စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

သောကြာနေ့မှာတော့ ပြင်သစ်နိုင်ငံပဲရစ်မြို့က တရားရုံးမှာ သူတို့ကို ရုံးတင်စစ်ဆေးခဲ့ကြပြီး အပြစ်ရှိကြောင်းတွေ့ရှိခဲ့တဲ့အတွက် အခုဆိုရင် ထောင်ဒဏ်ကျခံရတော့မှာပါ။အစ်ကိုကြီးဖြစ်သူ မားသီးယပ်က ညီဖြစ်သူပေါ့ဘာဟာ အသင်းဖော်ဖြစ်သူ ကိုင်လီယန်ဘတ်ပ်ပေကို အောက်လမ်းနည်းနဲ့ ဒုက္ခရောက်အောင် ဖန်တီးခဲ့တယ်ဆိုပြီး ဆိုရှယ်မီဒီယာထက်မှာ ဖွခဲ့ရာကနေ ဒီပြဿနာဟာ အကျယ်ကျယ်ဖြစ်လာခဲ့တာပါ။

လက်ရှိအချိန်မှာ ပြင်သစ်ရဲတပ်ဖွဲ့အပါအဝင် ကာယကံရှင်ဖြစ်သူ ကွင်းလယ်လူ ပေါ့ဘာတို့မှ ထွက်ပေါ်နေတဲ့သတင်းများအပေါ် မည်သည့်မှတ်ချက်ကိုမျှ ပေးထားခြင်းတော့ မရှိသေးပါဘူး။ကွင်းလယ်လူ ပေါ့ဘာရဲ့အကိုဖြစ်သူ မက်သီးယပ်ဟာ အင်္ဂလန်နဲ့အခြားဥရောပနိုင်ငံများရဲ့ အဆင့်နိမ့်ပြိုင်ပွဲများတွင် သာမန်မထင်မရှားကစားသမားတဦးအဖြစ် ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ပေါပေါ့ဘာအတွက်တော့ လက်ရှိဘောလုံးရာသီဟာ ဒဏ်ရာပြဿနာတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် သူယုံကြည်အားကိုးရတဲ့ အေးဂျင့် ရိုငအိုလာကိုဆုံးရှုံးထားရတဲ့အတွက် အတော်ကိုစိတ်ရှုပ်ဖို့ကောင်းတဲ့ ရာသီအစလို့ သတ်မှတ်ရမှာပါ။

ဒဏ်ရာပြဿနာကြောင့် ဂျူဗင်တပ်အသင်းမှာ ပွဲထွက်ခွင့် မရရှိသေးသလို ” ကြံ့ခိုင်မှု တဝက်တောင် မပြည့်ဝသေးတဲ့သူကို ပြိုင်ပွဲဆီခေါ်သွားဖို့ စဉ်းစားမှာမဟုတ်ဘူး” လို့ဆိုခဲ့တဲ့ အသင်းနည်းပြဖြစ်သူ ဒက်ချမ့်ကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြင်သစ်အသင်းနဲ့ ပါဝင်ဆင်နွဲခွင့်ဖိုကလည်း မသေချာ မရေရာဖြစ်နေခဲ့ပါတယ်။

လူမှုရေးပြဿနာတွေ၊ ဒဏ်ရာပြဿနာတွေကနေ ပေါ့ဘာအချိန်မှီ ပြန်လာနိုင်ပါ့မလားဆိုတာကိုတော့ အချိန်ပေးပြီးစောင့်ကြည့်သွားရမှပဲ ဖြစ်ပါတယ်။