မေဆင်ဂရင်းဝုဒ် ကို ပြန်လည်ရရှိဖို့ အပြင်းအထန် ကြိုးစားနေတဲ့ မန်ယူနိုက်တဒ်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ လူမှုရေးပြသနာတွေ နဲ့ အိမ်တွင်းအကြမ်းဖက်မှုစွပ်စွဲချက်တွေကြောင့် အမှုရင်ဆိုင်နေရတဲ့ သံသယရှိသူ မေဆင်ဂရင်းဝုဒ် ကို အသင်းရဲ့ လူစာရင်းမှာ ပြန်ပြီး ပေါင်းထည့်နိုင်ဖို့ ကြိုးစားလျက်ရှိတယ်လို့ သတင်းတွေကဖော်ပြလာပါတယ်။

ဂရင်းဝုဒ် ဟာ အတူနေချစ်သူဖြစ်သူ ကို လိင်ပိုင်းဆိုင်ရာရယူရန် အတင်းကြပ်ဖိအာပေးခြင်း၊ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း အစရှိတဲ့ ပြစ်မှုတွေကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းမှု ခံခဲ့ရပြီး လက်ရှိအချိန်မှာတော့ သံသယတရားခံအဖြစ် အမှုရင်ဆိုင်နေရသူလည်းဖြစ်ပါတယ်။ဂရင်းဝုဒ် အတွက် နိုက်ကီ အပါဝင် စပွန်ဆာ အဖွဲ့စည်းအသီးသီးက စာချုပ်တွေကို ဖျတ်သိမ်းခဲ့ပေမယ့် မန်ယူနိုက်တဒ် အသင်းကတော့ စာချူပ်မဖျတ်သိမ်းခဲ့သလို ပုံမှန်လုပ်ခလစာအတိုင်းပေးချေလျက်ရှိပါတယ်။

ယူနိုက်တဒ် အနေနဲ့ ဥပဒေရေးရာအပိုင်းကို ဝင်ရောက်စွပ်ဖက်နိုင်စွမ်းမရှိပေမယ့် ကောင်းမွန်တဲ့ရှေ့နေအဖွဲ့စည်းတွေကိုငှားရမ်းပေးထားသလို ပြသနာရဲ့ အရင်းမြစ် နဲ့ အမှန်တရား ထွက်ပေါ်လာရေးကို အားစိုက်ကြိုးပမ်းနေပါတယ်။တရားရုံးကသာ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့ရင် အယူခံဝင်တာမျိူး ပြုလုပ်ပေးမှာ မဟုတ်ပေမယ့် သက်သေမခိုင်လုံမှုကြောင့် တရားသေ လွှတ်ပေးခဲ့ရင်တော့ ဂရင်းဝုဒ် ကို အသင်းမှာ ပြန်ပြီး အသုံးပြုနိုင်ဖို့ ကြိုးစားသွားမယ်လို့ အင်္ဂလန်မီဒီယာတွေကဖော်ပြလာပါတယ်။

အထူးသဖြင့် အိုင်းယက်စ် ကနေ ခေါ်ယူခဲ့တဲ့ အန်တိုနီ ကို နံပတ်(၁၁)ပေးလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် အဆုံးမှာတော့ (၂၁) သာ ပေးခဲ့တာက ဂရင်းဝုဒ် အပေါ် ယူနိုက်တဒ် ရဲ့ မျှော်လင့်ချက်ကို ပြသခဲ့တာလို့ ယူဆနေကြပါတယ်။

ဂရင်းဝုဒ် ရဲ့ တရားရင်ဆိုင်မှုက မကြာခင် အဖြေထွက်လာဖွယ်ရှိပြီး မန်ချက်စတာရဲတပ်ဖွဲ့ကတော့ သတင်းထုတ်ပြန်တာမျိုးထပ်မံပြုလုပ်ထားခြင်းမရှိသေးပါဘူး။ ယူနိုက်တဒ် ကစားသမားဟောင်း ရွိုင်ယန်ဂစ် ရဲ့ အလားတူ ပြစ်မှု မှာတော့ တော်ဝင်တရားရုံးက အပြစ်မရှိကြောင်း အမိန့်ချခဲ့သလို ဂရင်းဝုဒ် အနေနဲ့လည်း ကြေအေး (သို့) တရားသေလွှတ်ခွင့်ကို ရရှိနိုင်တယ်လို့ ယူနိုက်တဒ်တာဝန်ရှိသူတွေ ယူဆထားပါတယ်။

သို့သော်လည်း အခြေအနေတွေက ရှင်းလင်းစွာ သိရှိရတာမျိုးမရှိသေးပဲ ခန့်မှန်းချက်တွေသာဖြစ်လို့ တရားရုံးရဲ့ဆုံးဖြတ်ချက် ကိုသာ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။ဂရင်းဝုဒ် သာ ပြန်လည်ရောက်ရှိလာရင် တိုက်စစ်မှုး လိုအပ်ချက် လျော့ကျသွားမှာဖြစ်ပြီး လာမယ့်ရာသီမှာ အထောင်တိုက်စစ်မှုးနေရာကို တိုက်ရိုက်အစားထိုးနိုင်မှာလည်းဖြစ်ပါတယ်။