အဲရခ်တန်ဟဂ်ရဲ့ ခြိမ်းခြောက်မှုကြောင့် ပြောင်းရွှေ့ကြေးတိုးပေးခဲ့ရတဲ့ ဂလေဇာ

Posted on

မန်ယူနိုက်တဒ်အသင်းဟာ အပြောင်းရွှေ့ရာသီအတွင်း မူလသဘောတူညီထားတဲ့ အလုံးစုံ ပြုပြင်ပြောင်းလဲရေးကို သဘောတူရမယ့်အစား u turn လုပ်ခဲ့ပြီး ဘက်ဂျက်အနည်းငယ်သာ ချပေးဖို့ သဘောတူညီခဲ့တယ်လို့ The Athletic ကဖော်ပြခဲ့တဲ့ lauriewhit well ရဲ့ ဆောင်းပါမှာ ပါဝင်လာပါတယ်။

ယူနိုက်တဒ် နဲ့ တန်ဟဂ် တို့ စာချုပ်ချုပ်ခဲ့စဉ် က ဖရန်ကီဒီဂျောင်အပါဝင် ကစားသမားအများပြားခေါ်ယူပေးရန် သဘောတူညီခဲ့ပေမယ့် လက်တွေ့မှာတော့ မလာစီယာ၊အဲရခ်ဆင် နဲ့ မာတီနက်ဇ် တို့ကို ခေါ်ယူခဲ့ပြီးနောက် အပြောင်းရွှေ့ရာသီကို ပိတ်ချဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန် နဲ့ ဘရန်းဖိုဒ့် ကို အရေးနိမ့်ပြီးနောက်မှာတော့ လူဝယ်ရန်အရေးတကြီးလိုအပ်တာကြောင့် ရာဘီယော့၊အန်နာတိုဗစ် တို့လိုအောက်ကြေးကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြန်ပေမယ့် ပရိတ်သတ်ရဲ့ဖိအားကြောင့် လက်လျှော့ခဲ့တာပဲဖြစ်ပါတယ်။Glazers Out အရွေ့တွေက ပိုမိုကျယ်လောင်လာသလို ယူနိုက်တဒ်ကို ဝယ်ယူမယ်ဆိုတဲ့ အသံတွေလည်း ပိုမိုကျယ်လောင်လာတဲ့နောက် အသင်းကိုရောင်းချရန် ပရိတ်သတ်တွေက တောင်းဆိုခဲ့ကြပြီး လီဗာပူးလ် နဲ့ ပွဲမတိုင်ခင် ကြီးမားတဲ့ ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ပါတယ်။

တဖက်မှာလည်း အဲရခ်တန်ဟဂ် က အသင်းရဲ့လိုအပ်ချက်တွေကို မူလကတိအတိုင်းဖြည့်ဆည်းပေးခြင်းမရှိရင် စာချုပ်ပါ ထွက်ခွာခွင့်ကိုအသက်သွင်းပြီး ထွက်သွားတော့မယ်လို့ ြခိမ်းခြောက်ခဲ့တဲ့ နောက်မှာတော့ အခြေအနေတွေဟာ ပြောင်းလဲသွားခဲ့ပြီး ယူနိုက်တဒ် ဘုတ်အဖွဲ့ဟာ နောက်ထပ်ယူရိုသန်းရာကျော် ထပ်မံရင်းနှီးမြှပ်နှံခဲ့တာပဲ ဖြစ်ပါတယ်။

ကတ်စမဲရိုး ကို ယူရိုသန်း(၆၀) နဲ့ ခေါ်ယူခဲ့ပြီး နောက် အန်တိုနီ အတွက် ယူရိုသန်း(၉၀) အထိသာ ကမ်းလှမ်းခဲ့ပြီး နောက်ဆုတ်ဖို့ပြင်နေချိန်မှာပဲ အဲရခ်တန်ဟဂ် က ပါဝင်ခဲ့တာဖြစ်သလို အိုင်းယက်စ်အမှုဆောင်ချုပ် အက်ဒွင်ဗန်ဒါဆားရ် ကလည်း ကူညီခဲ့လို့ အပြောင်းရွှေ့ဟာ ယူရို(၉၅+၅)သန်းနဲ့ ပြီးမြောက်ခဲ့တာပဲဖြစ်ပါတယ်။

အကယ်လို့ တန်ဟဂ် ဟာ ပျော့ညံတဲ့နည်းပြ ဖြစ်နေပြီး ပရိတ်သတ်ရဲ့ ထောက်ပံ့မှုလည်း အားနည်းခဲ့မယ်ဆိုရင် ဂလေဇာ ဟာ စိတ်တိုင်းကျ ပြုမူသွားမှာဖြစ်ပါတယ်။ပရိတ်သတ်တွေသာ ဆန္ဒမပြခဲ့ရင် သို့မဟုတ် ဖိအားမပေးရင် ယူနိုက်တဒ်ဟာ ရာဘီယော့ နဲ့ အန်နာတိုဗစ် သာ ပိုင်ဆိုင်ပြီး စခန်းသိမ်းသွားနိုင်ပါတယ်။