MANCHESTER, ENGLAND - FEBRUARY 24: Alejandro Garnacho of Manchester United U18s celebrates scoring their first goal during the FA Youth Cup match between Manchester United U18s and Leicester City U18s at Old Trafford on February 24, 2022 in Manchester, England. (Photo by Tom Purslow/Manchester United via Getty Images)

ရှရဖ်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲအတွက် အခွင့်အရေးရလာမယ့် လူငယ်များ

Posted on

မန်ယူနိုက်တဒ်အသင်းရဲ့ ယူရိုပါလိဂ် ပွဲစဉ်ဟာ ပထမအသင်းကြီးကစားသမား တွေကို အနားပေးကာ လူငယ်ကစားသမားတွေအတွက် ပွဲကစားချိန်အများစု ဖန်တီးပေးဖွယ်ရှိပါတယ်။တန်ဟဂ် က ချဲလ်ဆီးကိုရင်ဆိုင်ခဲ့ပြီးနောက် (၁၀)ရက်အတွင်း (၄) ပွဲ ကစားခဲ့ရတဲ့ ကစားသမားတွေကို အနားပေးရန်အတွက် တနင်္လာနေ့ ကို လေ့ကျင့်ခန်းမပြုလုပ်ပဲ အနားယူခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ကစားသမားအများစုက အဆိုပါ (၄)ပွဲလုံးကို နားရက်မရပဲ ဆက်တိုက် ကစားခဲ့ရတဲ့အပြင် ဒဏ်ရာနဲ့ ရော်နယ်ဒို ပြသနာကြောင့် လူစားလဲဖို့ရွေးချယ်စရာနည်းပါးတာကြောင့်လည်း ကစားသမားတွေကို ပွဲဆက်အသုံးပြုနေရပြီး လာမယ့် ရှရဖ် နဲ့ ပွဲမှာတော့ အနားပေးဖွယ်ရှိပါတယ်။

တန်ဟဂ် က လူငယ်ကစားသမားတွေထဲက တိုက်စစ်အတွက် ဂါနာချို နဲ့ ဒဏ်ရာကနေပြန်လည်သက်သာလာပြီဖြစ်တဲ့ ဖာကွန်ဒို ကို နေရာပေးဖွယ်ရှိပြီး ကွင်းလယ်မှာ ဇီဒန်း၊ဆားဗေ့ချ် အပြင် လူငယ်အသင်းကနေ အသင်းကြီးမှာ လာရောက်လေ့ကျင့်နေတဲ့ ကိုဘီမိုင်နီ ကိုပါ လူစာရင်းထဲ ခေါ်ယူလာဖွယ်ရှိပါတယ်။

ဂါနာချို က ကစားရန်အသင့်ဖြစ်နေပြီ ဖြစ်ပြီး လာမယ့် ပွဲတွေမှာ ရော်နယ်ဒို ရဲ့ လစ်လပ်မှုကို အစားထိုးဝင်ရောက်မယ့် ကစားသမားဖြစ်လာပါလိမ့်မယ်။ ဥရုဂွေးတောင်ပံလူငယ်ကစားသမားဖာကွန်ဒို အတွက် ပွဲထွက်ခွင့်နဲ့အတူအငှားထွက်ကစားရေး အတွက်တန်ဟဂ် က ပြင်ဆင်ပေးနေပြီး ဆောင်းဈေးကွက်မတိုင်ခင် ယူရိုပါလိဂ် နဲ့ ကာရာဘောင် ပွဲတွေမှာ ပါဝင်လာဖွယ်ရှိပါတယ်။

ယူနိုက်တဒ် အနေနဲ့ ရှရဖ် နဲ့ပွဲမှာ မဖြစ်မနေ အနိုင်ယူရန်လိုပေမယ့် အိုးထရဒ့်ဖိုဒ့် မှာ ကစားရမယ့် ပွဲဖြစ်တာကြောင့် ကစားသမားအများစုကို အနားပေးထားဖွယ်ရှိပါတယ်။မက်ဂွိုင်းယား ကို အသင်းခေါင်းဆောင်အဖြစ် ပြန်လည်မြင်တွေ့နိုင်ပြီး ဘစ်ဆာကာ၊လင်ဒီလောဖ့်၊မလာစီယာ တို့နဲ့ မြင်တွေ့ရနိုင်ပါတယ်။ ကွင်းလယ်မှာ တော်မနေး ကို ပြန်မြင်ရနိုင်ပြီး ဖရဒ် နဲ့ အဲရခ်ဆင် ကို မြင်ရနိုင်ချေရှိပါတယ်။ တိုက်စစ်မှာတော့ ဒဏ်ရာကနေပြန်လည်သက်သာလာနိုင်တဲ့ မာစီရယ် ကို ဂါနာချို၊အန်တိုနီ တို့နဲ့ မြင်တွေ့ရဖွယ်ရှိပါတယ်။ ယူနိုက်တဒ် အနေနဲ့ ကစားသမားအများစုကို ပရီးမီးယားလိဂ် ပွဲ အတွက် အနားပေးထားကာ ကြားရက်ကိုတော့ အရံ+လူငယ်တွေနဲ့သာ ပွဲထုတ်လာနိုင်ချေများပါတယ်။