ယူနိုက်တဒ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန် နေတယ်လို့ ဖွင့်ဟလိုက်တဲ့ အဓိကပစ်မှတ်တိုက်စစ်မှုး

Posted on

PSV အသင်းရဲ့ တိုက်စစ်မှုး ကော်ဒီဂတ်ပို ကတော့ သူ့အနေနဲ့ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့ရန်အတွက် စိတ်အားထက်သန်နေပြီး PSV အသင်းထံတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

ယူနိုက်တဒ် အနေနဲ့ အန်တိုနီ ကို ခေါ်ယူခဲ့ပြီးနောက် ဂတ်ပို ကပါ သူ့ရဲ့ အပြောင်းအရွှေ့အတွက် စတင်ကြိုးစားလာတာဖြစ်ပြီး PSV အသင်းကို ဖိအားပေးလာတာပဲဖြစ်ပါတယ်။ မန်ယူနိုက်တဒ် အနေနဲ့ ဂတ်ပို ကို လက်တလော ခေါ်ယူရန် အစီစဉ်မရှိပေမယ့် ရော်နယ်ဒို သာ ထွက်ခွာခဲ့ရင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀) ဝန်းကျင် နဲ့ ခေါ်ယူနိုင်ရန် PSV အသင်းနဲ့ ညှိနှိုင်းထားပြီးဖြစ်ပါတယ်။

တန်ဟဂ် အနေနဲ့ ရော်နယ်ဒို သာ ထွက်ခွာခဲ့ရင် ဒဏါရာပြသနာများတဲ့ မာစီရယ် ကြောင့် တိုက်စစ်ကို စိတ်မချပဲ ကစားသမားသစ် ခေါ်ယူရန် သာ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ဂတ်ပို က PSV အသင်းမှာ ဘယ်တောင်ပံကစားနေပေမယ့် အရပ်မြင့်မားပြီး နံပတ်(၉) တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အချင်းအားလုံး ပြည့်စုံနေတာကြောင့် ယူနိုက်တဒ် မှာ အထောင်တိုက်စစ်မှုးအဖြစ် အသုံးပြုလို့ရနိုင်တဲ့ ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။

PSV အသင်းရဲ့ လက်ရှိနည်းပြ က ရုဒ်ဗန်နစ္စတရွိုင်း ဖြစ်တာကြောင့်လည်း ဂတ်ပို အတွက် အတွေ့ကြုံနဲ့သင်ယူမှုတွေမှာ ပိုမိုအားကောင်းစေတာဖြစ်ပြီး ဒချ်ဂိုးမုဆိုးရဲ့ လက်အောက်ကနေ ယူနိုက်တဒ်တိုက်စစ် အတွက် အသင့်သုံး ကစားသမား ဖြစ်လာစေမှာပါ။

ယူနိုက်တဒ် အနေနဲ့ ဂတ်ပိုကို လက်ရှိရာသီမှာ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ခြင်း မရှိသေးပေမယ့် ရော်နယ်ဒို နေရာကို အစားထိုးရန် ရည်ရွယ်ထားပြီး ယခုရာသီမှာ ပေါ်တူဂီမထွက်ခွာလို့ မခေါ်ခဲ့ရင် လာမယ့်ရာသီမှာ သေချာပေါက် ခေါ်ယူဖွယ်ရှိပါတယ်။ ယမန်နေ့က PSVအသင်းရဲ့ ဂိုးပြတ်နိုင်ပွဲပွဲမှာ ဂတ်ပို က သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့သလို ပွဲအပြီးမှာတော့ –

” ကျွန်တော့်ကို ကမ်းလှမ်းထားတဲ့ အသင်းအများအပြားရှိပြီး မန်ယူနိုက်တဒ် ကတော့ အဆိုပါအသင်းတွေထဲမှာ ကျွန်တော့်အတွက် အလေးပေးစဉ်းစားရတဲ့အသင်းပါ။ကျွန်တော့် အနေနဲ့ အပြောင်းရွှေ့သတင်းတွေအပေါ် နှုတ်ဆိတ်နေဖို့ ကြိုးစားပေမယ့် ဒီအချိန်မှာတော့ ကျွန်တော့်ဆန္ဒကိုချုပ်တည်းဖို့က ပိုပြီးခက်ခဲလာပါတယ်”လို့ပြောဆိုခဲ့ပါတယ်။ယူနိုက်တဒ် နဲ့ ကစားသမားကြားမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး PSV အသင်းနဲ့လည်း ယူရိုသန်း(၄၀) နဲ့ ကနဦး သဘောတူထားနိုင်ပေမယ့် ရော်နယ်ဒို ရဲ့ ထွက်ခွာမှုအပေါ် ရာနှုန်းပြည့်မူတည်နေပါတယ်။