ဖယ်လ်ကာအို

အသင်းဟောင်းမန်ယူနဲ့ပွဲမှာ ဖယ်ကာအို ဘာကြောင့် ကျောနံပါတ်(3)ကို ဝတ်ဆင်ကစားခဲ့တာလဲ?

Posted on

တချိန်က ထိပ်တန်းတိုက်စစ်မှုးတဦးဖြစ်ပြီး လက်ရှိမှာတော့ စပိန်လာလီဂါကလပ် ဗယ်လက်ကာနိုရဲ့ တိုက်စစ်ကို ဦးဆောင်နေတဲ့ ဝါရင့် တိုက်စစ်မှူးကြီး ဖယ်လ်ကာအိုက ယမန်နေ့ညမှာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ပြန်လည် ယှဉ်ပြိုင် ကစားခဲ့ရတဲ့ အပေါ်  ပျော်ရွှင်မိကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

ဖယ်လ်ကာအို

ဖယ်လ်ကာအိုက ယမန်နေ့ညမှာတော့ ဗယ်လက်ကာနိုကို ဦးဆောင်ကာ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ ပြန်လည် ရင်ဆိုင်ခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ဗယ်လက်ကာနိုတို့က တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ တိုက်စစ်မှူးဟောင်း ဖယ်လ်ကာအိုကို သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

အဆိုပါပွဲမှာ ထူးခြားချက်အနေနဲ့က ဖယ်ကာအို ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ပဲ ဖြစ်ပါတယ်။ ဖယ်ကာအိုအနေနဲ့ အသင်းမှာပုံမှန်ကျောနံပါတ် (9) ကိုဝတ်ဆင်ကစားလေ့ရှိသူပါ။ ဒါပေမယ့် ပုံပါအခြေနေမှာ ပရိတ်သတ်တွေအတွက် အနည်းငယ်မေးခွန်းထုတ်စရာဖြစ်ခဲ့ကြပါတယ်။

Getty Images

ဖယ်ကာအိုဟာ ၂၀၁၉ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ ဖခင်ကို ဂုဏ်ပြုသောအားဖြင့် ကျောနံပါတ် (၃)ကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ယင်းကျောနံပါတ်ဟာ သူ့ရဲ့ဖခင်ဝတ်ဆင်ခဲ့တဲ့ နံပါတ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၁-၁ ဗယ်လက်ကာနို ပွဲအပြီးမှာတော့ ဖယ်လ်ကာအိုက သူ့ကို ကြိုဆို အားပေးခဲ့ကြတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ အိုးထရက်ဖို့ဒ်ကွင်းဆီ ပြန်ရောက်လာခဲ့ရလို့ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သလို မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီရာသီမှာ အကောင်းဆုံး ရလဒ်တွေ ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးသွားခဲ့ပါသေးတယ်။

ဖယ်လ်ကာအိုက – “အိုးထရက်ဖို့ဒ်ကွင်းဆီ ပြန်ရောက်လာရလို့ ကျေနပ်မိပါတယ်။ ကျွန်တော်က ဒီနေ့မှာ အတော်လေး ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်တော့်အတွက် ဒီနေရာမှာ အရမ်းကို ကောင်းမွန်တဲ့ အမှတ်တရတွေလည်း ရှိတယ်လေ။ ကျွန်တော်က ပရိသတ်တွေဆီ ကနေ ချစ်ခြင်းမေတ္တာတွေကို အခုချိန်အထိ ခံစားနေရဆဲ ဖြစ်သလို ဒီအတွက်လည်း ကျေးဇူးတင်မိပါတယ်။ ကျွန်တော်က ဒီရာသီမှာ ယူနိုက်တက်အနေနဲ့ အကောင်းဆုံးအရာတွေ ရရှိပါစေလို့ ဆုတောင်းပေးချင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

Getty Images