တန်ဟဂ် အသင်းပြောင်းခွင့်လုံးဝမပေးတဲ့ တဦးတည်းသော မန်ယူနိုက်တက်ကစားသမား

Posted on

မန်ယူနိုက်တဒ် တိုက်စစ်မှုး မားကပ်စ်ရရှ်ဖိုဒ့် အတွက် အကောင်းဆုံး ခြေစွမ်း နဲ့ ပုံစံကောင်းရရှိစေဖို့ အပြည့်အဝကူညီပေးသွားမယ်လို့ နည်းပြတန်ဟဂ် က ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကတိပေးလိုက်ပါတယ်။အင်္ဂလန် လက်ရွေးစင်အဖြစါ ရွေးချယ်မခံခဲ့ရပေမယ့် မားကပ်စ်ရရှ်ဖိုဒ့် ဟာ စက်တင်ဘာလ အတွင်း နှစ်ဂိုးသွင်း၊နှစ်ဂိုးဖန်တီးခဲ့ကာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို နည်းပြကြီးတန်ဟဂ် နဲ့ အတူ ပူးတွဲ ဆွတ်ခူနိုင်ခဲ့ပါတယ်။မားကပ်စ် အနေနဲ့ စက်တင်ဘယ အတွင်း ကစားချိန် (၄၅)မိနစ်တိုင်း ဂိုးနဲ့ဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ရဲ့ ဂိုးပါဝင်ပက်သက်မှုနှုန်းအမြင့်ဆုံး ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။

တန်ဟဂ် က “ကျွန်တော်သူ့ကို ပထမဆုံးနေ့ထဲက ‘ငါ့အနေနဲ့မင်းပျော်ရွှင်နေတာကို နေ့တိုင်း မြင်တွေ့ချင်တယ်၊ငါတို့မင်းအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ၊လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးမယ် ကျန်တာတော့မင်းဖက်က အစွမ်းကုန်ကြိုးစားပြီး ပျော်ရွှင်စွာ ဆက်ကစားဖို့ပဲ’ လို့ ပြောခဲ့တာပါ။ကစားသမားတစ်ယောက်အနေနဲ့ ကွင်းထဲမှာပျော်ရွှင်စွာကစားနိုင်မှသာ သူတို့ရဲ့ အကောင်းဆုံး ပုံစံကို ရရှိမှာပါ။ဒီတော့ ကိုယ့်ရဲ့အကောင်းဆုံးအရည်အသွေးကိုထုတ်ပြနိုင်လေ စွမ်းဆောင်ရည်ကပိုမိုမြင့်တက်လာလေ ဖြစ်ပြီး ကွင်းထဲမှာ ကောင်းမွန်တဲ့ပုံစံကောင်းကို ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ဒီ့နောက်မှာတော့ အရာရာကလွယ်ကူလာပြီး ကွင်းထဲ လုပ်တိုင်း အောင်မြင်လာပါလိမ့်မယ်”လို့ဆိုပ့ါတယ်။

အီတလီဂျာနယ်လစ် ဖဘရီဇီယိုရိုမာနို ကလည်း အဲရခ်တန်ဟဂ် က သူ့ရဲ့ ပထမဆုံးသော မန်ချက်စတာနည်းပြဘဝအစမှာထဲက မားကပ်စ်ရရှ်ဖိုဒ့် ဟာ ပြောင်းရွှေ့ခွင့်မရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူ့အသင်းရဲ့ လက်ရှိ/အနာဂတ် နှစ်ခုလုံးမှာ အရေးပါသူဖြစ်ကြောင်း ရှင်းလင်းစွာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တန်ဟဂ် က ယူနိုက်တဒ် ဘုတ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ရာမှာ မားကပ်စ် ကို စာချုပ်သစ် ချုပ်ဆိုရန်တိုက်တွန်းခဲ့ပြီး အင်္ဂလန်သားကလည်း နည်းပြသစ်ကြောင့် တိုးတက်မှုတွေရှိလာပြီးတဲ့နောက် ယူနိုက်တဒ် မှာပဲ ဆက်လက်နေထိုင်ဖို့ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ မားကပ်စ် နဲ့ ယူနိုက်တဒ် ရဲ့ စာချုပ် က တစ်နှစ်သာကျန်ရှိပြီး သတင်းတွေအရ ယူနိုက်တဒ်ဖက်က တစ်နှစ်ထပ်မံတိုးမြှင့်လိုက်တာကြောင့် ၂၀၂၄ဇွန်လ အထိ စာချုပ် ကျန်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။