Getty Images

တိုက်စစ်မှုးရှာပုံတော်ဖွင့်နေတဲ့ ယူနိုက်တဒ်နည်းပြကြီး အဲရခ်တန်ဟဂ်

Posted on

မန်ယူနိုက်တဒ် အသင်းဟာ တိုက်စစ်မှုးရှာပုံတော်ဖွင့်နေပြီး လက်တလောမှာတော့ ကာလရှည်ကြာ ပစ်မှတ်ထားစောင့်ကြည့်ခြင်း မရှိတဲ့ အခြေအနေတွေကြောင့် Panic Buying ဖြစ်လာဖွယ်ရှိပါတယ်။

Getty Images

အဲရခ်တန်ဟဂ် က ပရီးမီးယားလိဂ် ကို နယ်သာလန်လိဂ်သဖွယ် ထင်မှတ်ပြီး တိုက်စစ်မှုး တစ်ယောက်နဲ့ လုံလောက်တယ်လို့ ယူဆခဲ့ဟန်တူပေမယ့် လက်တွေ့မှာတော့ မာစီရယ် ဒဏ်ရာရသွားချိန် မှာ ရော်နယ်ဒို တစ်ယောက်သာ ဦးတည်ကစားရတော့မယ့် အခြေအနေဖြစ်လာလို့ တ်ိုက်စစ်မှုးအသစ် တစ်ဦးကို အလျှင်အမြန် ခေါ်ယူသွားဖွယ် ရှိပါတယ်။

တန်ဟဂ် ရဲ့ ဦးစားပေး တိုက်စစ်ကစားသမားတွေက ဒါဝင်နူးနက်ဇ် နဲ့ အန်တိုနီ ဖြစ်ပေမယ့် နူးနက်ဇ် က လီဗာပူးလ် ထံ ပြောင်းရွှေ့သွားသလို အန်တိုနီ အတွက် အိုင်းယက်စ် အသင်းက ယူရိုသန်း(၈၀)သတ်မှတ်ထားတာကြောင့် လက်လျှော့ထားပါတယ်။

နယ်သာလန်လိဂ် မှာပဲ ပြီးခဲ့တဲ့ရာသီကတောက်ပခဲ့တဲ့ ကော်ဒီဂက်ပို ကို ခေါ်ယူဖ်ို့ကြိုးစားနေသလို ဘယ်တောင်ပံတိုက်စစ်ကစားသမားဟာ ယခုနွေမှာ အသင်းအပြောင်းအရွှေ့အတွက် စဉ်းစားနေတယ်လို့ သိရပါတယ်။နယ်သာလန် လူငယ်တိုက်စစ်မှုး က ဘယ်တောင်ပံကို ပိုမိုအားသန်သူ ဖြစ်တာကြောင့် ရောက်ရှိလာခဲ့ရင် မားကပ်စ်ရရှ်ဖိုဒ့် အတွက် ကြီးမားတဲ့ အားပြိုင်မှု ဖြစ်လာနိုင်ပါတယ်။

Getty Images

အသင်းရဲ့ လူငယ်ကစားသမားတွေထဲမှာလည်း ဖာကွန်ဒို၊အာမက်၊အီလန်ဂါ နဲ့ ဂါနာချို တို့ ရှိနေတာကြောင့် လာမယ့် ပွဲတွေအတွင်း ဂိုးမိုးခေါင်နေရင် မားကပ်စ်ရရှ်ဖိုဒ့် ရဲ့ ပွဲထွက်ခွင့်အာမခံချက်က ပျောက်ဆုံးသွားနိုင်ပါတယ်။

လက်တလောမှာတော့ မားကပ်စ်ရရှ်ဖိုဒ့် အနေနဲ့ ပွဲထွက်ခွင့်ရရှိနိုင်သေးပေမယ့် သွင်းဂိုးတွေ ခမ်းခြောက်လာရင်တော့ ဂါနာချို ကို တန်ဟဂ် က နေရာပေးဖွယ်ရှိပါတယ်။

အဲရခ်တန်ဟဂ် က တိုက်စစ်မှာ ကြံခိုင်မှုကောင်းပြီး အရပ်မြင့်မားတဲ့ တိုက်စစ်မှုးတစ်ယောက် အလိုရှိနေတာကြောင့် ဝက်စ်ဟမ်း တိုက်စစ်မှုးဟောင်း အနာတိုဗစ် ကို ခေါ်ယူရန်စီစဉ်ခဲ့ပါသေးတယ်။

သို့သော်လည်း ပရိတ်သတ်တွေရဲ့ ပြင်းထန်တဲ့ဖိအားကြောင့် ခေါ်ယူရေးကိုနောက်ဆုတ်ခဲ့ပြီး လက်တလောမှာတော့ အထောင်တိုက်စစ်မှုးရှာပုံတော်ဖွင့်မှုကို ယာယီရပ်နားထားပါတယ်။

Getty Images

ပရီးမီးယားလိဂ်မှာ အံမဝင်တဲ့ ကစားသမားတွေဖြစ်ခဲ့တဲ့ ဟယ်လာ၊တာဒစ် တို့က တန်ဟဂ် လက်အောက်မှာ ကမ္ဘာ့အဆင့်တန်းဝင် ကစားသမားတွေဖြစ်လာတာကြောင့် အဲရလ်တန်ဟဂ် ရဲ့ ကစားသမားအရည်အချင်းဆုံးဖြတ်တဲ့စွမ်းရည်က သံသယရှိစရာမလိုပေမယ့် လက်ရှိအချိန်မှာတော့ ယူနိုက်တဒ် ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေက နူနက်ဇ်နဲ့အန်တိုနီ ကို လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။