အန်တိုနီ ပြောပြတဲ့ သူ့ရဲ့ ဒုတိယဖခင် အကြောင်း

Posted on

အဲရခ်တန်ဟဂ် ရဲ့ မန်ယူနိုက်တဒ် ကို ပြောင်းရွှေ့ကြောင်း ကြေငြာခဲ့ပြီးနောက် ကစားသမားတွေ ရဲ့ နှုတ်ဆက်ဗီဒီယို မှာ သိသာထင်ရှားခဲ့သူက အန်တိုနီ ပဲ ဖြစ်ပါတယ်။

အန်တိုနီ က ဆရာဟောင်း အဲရခ် သာအလိုရှိရင် လိုက်လာခဲ့မယ်လို့ အသိပေးခဲ့ပြီး သူ့ရဲ့ ပြောစကားအတိုင်းပဲ မန်ချက်စတာကို မရောက် ရောက်အောင် လိုက်လာခဲ့ပါတယ်။ဆာအိုပေါ်လို မှာ ရှိစဉ်ထဲက မန်စီးတီး၊ချဲလ်ဆီး တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆိုခဲ့ပြီး လီဗာပူးလ်၊ရီးရဲလ် တို့ အကြီးကျယ်စောင့်ကြည့်နေတဲ့ကြားကပဲ တန်ဟဂ်ထံသာ ခိုနားခဲ့တဲ့ သူဟာ ဆရာ့နောက် ဖဝါးခြေထက် လိုက်ပါခဲ့ပြီး သူ့ရဲ့ ကစားသမားဘဝကို ပိုမိုမြင့်မားတဲ့နေရာကိုတက်လှမ်းနိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

အန်တိုနီ က “အဲရခ်ကလုံးဝမယုံကြည်နိုင်စရာကောင်းတဲ့ နည်းပြပါ။ကျွန်တော့်မှာ သူ့ရဲ့ စိုးမိုးမှုက ကြီးမားစွာရှိနေသလို နည်းပြနဲ့ပက်သက်ရင် အမြင့်မားဆုံးသော လေးစားမှု ထားရှိရတဲ့သူပါပဲ။ကျွန်တော်အိုင်းယက်စ်ကို စတင်ရောက်ရှိတဲ့ ပထမနေ့မှာပဲ သူက အနွေးထွေးဆုံး ကြိုဆိုခဲ့သလို အသားကျစေဖို့ ကူညီခဲ့သူပါ။”

” ကျွန်တော့်အပေါ် ယုံကြည်မှုလည်းအပြည့်ပေးခဲ့ပြီး အဲ့ဒီမှာ နှစ်ရာသီကြာ ခြေစွမ်းပြခဲ့တဲ့ အကြောင်းအရင်းတွေရဲ့နောက်ကွယ်က အချက်က အခွင့်အရေးရလို့မဟုတ်ပဲ သူ့ရဲ့ သွန်သင်မှုတွေအောက်မှာ ရှိနေခဲ့တာကြောင့်ပါ။ကျွန်တော်တို့ကြားမှာ သိပ်ကိုရင်းနှီးတဲ့ဆက်ဆံရေးရှိသလို နည်းပြနဲ့ကစားသမားကြားက ယုံကြည်မှုကလည်း အမြင့်ဆုံးမှာ ရှိနေတာပါ”လို့ဆိုပါတယ်။

ဆက်လက်ပြီး အန်တိုနီက “ဘောစ့်ကို မန်ယူနိုက်တဒ် ပြောင်းတော့မယ်လို့ ကျွန်တော်ကြားသိရတော့ တကယ်ဝမ်းနည်းမိပါတယ် ဒါပေမယ့်လည်း သူ့ကို ဒီမှာလည်း သူနဲ့ထိုက်တန်တဲ့အောင်မြင်မှုတွေ အများအပြားတွေ ဆွတ်ခူးစေချင်မိပါတယ်။အခုဆိုရင် ကျွန်တော်က သူ့ဘေးကို နောက်တစ်ကြိမ်ပြန်ရောက်လာခဲ့ပါပြီ ။”

” ဒီတော့ သူ့ရဲ့စီမံခန့်ခွဲမှုတွေအောက်ကနေပဲ ကျွန်တော်တို့အတူတကွအောင်မြင်မှုတွေရှာဖွေ သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ကျွန်တော် အိုင်းယက်စ်ကို စရောက်ချိန်ကဆိုရင် လူတယောက်ချင်းစီကို မှတ်မိဖို့ကြိုးစားနေရချိန် အဲရခ် က ကျွန်တော့်အကြောင်းအစ-ဆုံးသိသလို ကျွန်တော် ဘာကြိုက်တတ်လည်းဆိုတာကအစ သိပါတယ်။သူ့ရဲ့ကျွန်တော့်ပေါ်ထားတဲ့ ယုံကြည်ချက်က ကျွန်တော့်ကိုပိုခိုင်မာစေလာသလို ပိုပြီးကောင်းမွန်တဲ့ ကစားသမား ဖြစ်လာစေတာပါ”လို့ဆိုပါတယ်။