ဒဏ်ရာပြသနာတွေကြောင့် တိုက်စစ်ပိုင်းမှာ စိုးရိမ်စရာ ဖြစ်နေတဲ့ မန်ယူနိုက်တက်

Posted on

ဒဏ်ရာပြသနာတွေကြောင့် တိုက်စစ်ပိုင်းမှာ စိုးရိမ်စရာ ဖြစ်နေတဲ့ မန်ယူနိုက်တက်

မန်ယူနိုက်တက်ရဲ့အဓိက တိုက်စစ်မှုး ရက်ရှ်ကခြေစွမ်းပြဖို့ပြင်ရုံဘဲရှိပါသေးတယ် ၊  ကြွက်သွားဒဏ်ရာကြောင့် မနေ့ကလေ့ကျင့်ခန်းအစီစဉ်မှာလဲမပါဝင်နိုင်ခဲ့သလို၊ ဒီနေ့ပွဲအပြင် နိုင်ငံတကာပွဲစဉ်တွေတွေကိုလဲလွဲချော်ဖို့ရှိနေပါတယ်။

ယူနိုက်တက်အသင်း‌ရဲ့တိုက်စစ်မူး မာစီရယ်ဒဏ်ရာရနေတဲ့အပြင် အသင်းမှာ အ‌ထောင်တိုက်စစ်ကစားနိုင်တဲ့ကစားသမား ရက်ရှဖို့ဒ်ကလဲအာဆင်နယ်အသင်းနဲ့ပွဲစဉ် ကတည်းကကြွက်သားဒဏ်ရာရရှိခဲ့တယ်လို့နည်းပြတန်ဟတ်က အတည်ပြုခဲ့ပါတယ်။

တန်ဟတ်က “ လာမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ မားကပ်စ်ရပ်ဖိုဒ့် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။ အာဆင်နယ် နဲ့ပွဲအပြီးမှာ ကြွက်သားဒဏ်ရာရရှိသွားတဲ့အတွက် အနားယူဖို့လိုအပ်နေပါတယ်။ ဘယ်လောက်ကြာကြာနားရမလဲဆိုတာတော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် သူ့ဒဏ်ရာက အရမ်းမဆိုးတဲ့အတွက် အကြာကြီးနားရမယ်လို့တော့ မထင်ပါဘူး။ မကြာခင်မှာ သူ ကြံ့ခိုင်မှုအပြည့်အဝနဲ့ ပြန်လာနိုင်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ “ လို့ ဆိုခဲ့ပါတယ်။

ရပ်ဖိုဒ့်အနေနဲ့ မန်ယူနိုက်တက်အသင်းနဲ့ပြန်လည်ပူးပေါင်းမယ့်ရက်အတိကျမသိသေးပါဘူး။ ဒါကြောင့် တန်ဟတ်အတွက်  ရိုနယ်ဒို၊ အီလန်ဂါနှစ်ယောက်ဘဲ တိုက်စစ်နေရာအတွက်ရွေးချယ်ခွင့်ရှိပါတော့တယ်။ ရိုနယ်ဒိုကအနည်းငယ် ခြေစွမ်းပြဖို့ရုန်းကန်နေရမူ၊ အီလန်ဂါက လိုအပ်ချက်တွေရှိနေသေးတာကြောင်း အသင်းရဲ့ Form ဘယ်လောက်ဘဲကောင်းကောင်း ဂိုးသွင်းဖို့ တိုက်စစ်ကစားသမားမပါဝင်ရင် စိုးရိမ်စရာ အခြေအနေ ရှိနေတာကတော့ အသေအချာပါဘဲ။

ပြီးခဲ့တဲ့ရက်သတ္တပတ်က ဆိုစီဒက်စ်ကို ရှုံးနိမ့်ပြီးနောက် အုပ်စု E တွင် ပထမဆုံးရမှတ်ကို ရယူနိုင်ဖို့ ယူနိုက်တက်က ရှာဖွေရမှာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်၊ ဆန်ချိုနှင့် မက်ဂွိုင်းယားတို့ဟာ အင်္ဂလန်အသင်းရဲ့ ခေါ်ယူခြင်းကိုခံရဖို့ မျှော်လင့်နေကြတာဖြစ်ပြီး ဆောက်ဂိတ်ရဲ့ ကမ္ဘာ့ဖလားကစားမယ့် လူစာရင်းမှာပါဝင်ဖို့ ပစ်မှတ်ထားနေပေမယ့် ရပ်ဖို့ဒ်ကတော့ ဒဏ်ရာရသွားခဲ့ပါတယ်။