မန်ချက်စတာဒါဘီပွဲစဉ်မတိုင်မီ ဒဏ်ရာပြသနာကြောင့် စိုးရိမ်စရာ ဖြစ်နေရတဲ့ မန်ယူနိုက်တက်

Posted on

မန်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အန်တိုနီမာစီရယ်နဲ့ မားကပ်စ်ရပ်ဖို့ဒ်တို့ဟာ  ယခုတပ်ယှဉ်ပြိုင်မယ့်  မန်ချက်စတာဒါဘီ ပွဲစဉ်အတွက် ဒဏ်ရာပြသာနာများ‌ကြောင့် လူစာရင်းမှာ ပါဝင်နိုင်ဖို့ မရေမရာဖြစ်နေကြောင်းသိရပါတယ်။ ရပ်ဖိုဒ့်ရဲ့ဒဏ်ရာမှာ မာစီရယ်ရဲ့ဒဏ်ရာလောက်ပြင်းထန်မှုမရှိသော်လည်း ကစားသမားနှစ်ဦးလုံးမှာ အသင်း၏လေ့ကျင်မှုများတွင် ပါဝင်ခဲ့ခြင်းမရှိခြင်းကြောင့် မန်ချက်စတာဒါဘီပွဲစဉ်အားလွဲချော်ရန်မှာ ရာခိုင်နှုန်းများနေပြီဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ စက်တင်ဘာလ အစောပိုင်းက အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အဆိုပါဒဏ်ရာကြောင့်ပဲ အင်္ဂလန်အသင်းကနေပါ ချန်လှပ်ခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ယူရိုပါလိဂ်ပွဲစဉ် ၂ ပွဲစလုံးကိုလည်း လွဲချော်ခဲ့ပါတယ်။ နည်းပြအဲရစ်တန်ဟတ် လက်အောက်မှာ အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိခဲ့ပေမယ့်လည်း အာဆင်နယ်ကို အိုးလ်ထရက်ဖို့ဒ်မှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ပြီးခဲ့တဲ့နှစ်တွေက အသင်းအတွက် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ အခု ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက်မှာတော့ form ကောင်းတစ်ခုကို ပြန်လည် ပြသနေနိုင်ပြီး (၆)ပွဲအတွင်း (၃)ဂိုးသွင်း (၂)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့တာကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ စက်တင်ဘာလအတွက် တစ်လတာ အကောင်းဆုံး ကစားသမား ဆန်ခါတင်စာရင်းမှာတောင် ပါဝင်ခဲ့ပါတယ်။ တောင်ပံတွေမှာသာ အများဆုံး ကစားလေ့ရှိတဲ့ ၂၄ နှစ်အရွယ် ကစားသမားဟာ နည်းပြတန်ဟတ်လက်အောက်မှာ နံပါတ် ၉ နေရာကို ပြောင်းကစားလျက်ရှိပြီး ခြေစွမ်းပြနိုင်နေတာကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုကိုတောင် အရန်ခုံမှာထိုင်စေခဲ့တဲ့ထိပါပဲ။ အခုဆိုရင် ဒါဘီပွဲစဉ်အတွက် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တာကြောင့် အီတီဟတ်မှာ ကစားမယ့် ပွဲကြီးပွဲကောင်းမှာပြန်လည် ပါဝင်လာဖို့ များနေပါတယ်။

မန်ယူနိုက်တဒ်အသင်းဟာ တိုက်စစ်မှာ ဒဏ်ရာပြသနာများနေပြီး အထူးသဖြင့် အထောင်တိုက်စစ်မှုးအဖြစ် ကစားနေတဲ့ အန်သိုနီမာစီရယ် ရဲ့ ကြံခိုင်မှု မပြည့်ဝတဲ့ ပြသနာ ကြောင့် တန်ဟဂ် တစ်ယောက် ခေါင်းကိုက်နေရတယ်လိုသတင်းတွေကဆိုပါတယ်။မာစီရယ် က ရာသီအစမှာထဲက ခြေလုံးကြွက်သား နဲ့ ဖနောင့်ကြော နာကျင်ပြသနာတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး လက်တလောမှာ လီဗာပူးလ် နဲ့ ဝင်ကစားခဲ့တဲ့ ဒုတိယပိုင်းကလွဲရင် နှစ်လကျော်ကြာမြင့်လာတဲ့ လိဂ်ပွဲတွေအတွင်း လွဲချော်နေရပါတယ်။

မာစီရယ် ရဲ့ ဒဏ်ရာနဲ့ပက်သက်ပြီး ကျွမ်းကျင် ဆရာဝန်တစ်ဦးကတော့ ” မန်ချက်စတာဒါဘီ မှာ သူ ပြန်ပြီးမပါဝင်နိုင်သေးရင် ဒဏ်ရာရဲ့အနားယူချိန်က ထင်တာထက်ပိုမိုကြာမြင့်နေတာကြောင့် စိုးရိမ်စရာ ကောင်းပါလိမ့်မယ်။မာစီရယ် အနေနဲ့ လာမယ့် ရက်သတ္တပတ်တွေအတွင်း အခြေအနေတိုးတက်မှုမရှိရင် သူ့ရဲ့ ကစားသမားဘဝ မှာပါ ဆိုးရွားတဲ့ထိခိုက်မှု ဖြစ်လာနိုင်ပါတယ်”လို့ MEN က ဖော်ပြခဲ့ပါသေးတယ်။