ယူနိုက်တက်ပရိသတ်တွေကို အကြီးအကျယ်စိတ်ပျက်စေမယ့် ရော်နယ်ဒိုရဲ့အနာဂတ်အလားအလာ

Posted on

ယူနိုက်တက်ပရိသတ်တွေကို အကြီးအကျယ်စိတ်ပျက်စေမယ့် ရော်နယ်ဒိုရဲ့အနာဂတ်အလားအလာ

မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ဟာ အစောပိုင်းတုန်းက ရိုနယ်ဒိုကို ဆက်လက်ထိမ်းသိမ်းပေးဖို့ အသင်းတာဝန်ရှိသူတွေထံ ပြောဆိုခဲ့ပေမယ့် လက်ရှိ ကစားသမားရဲ့ အပြုအမူတွေကြောင့် အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ရိုနယ်ဒိုဟာ စာချုပ်သက်တမ်း ၁ နှစ် ကျန်ရှိနေသေးပေမယ့် အသင်းမှ ထွက်ခွါလိုနေကြောင်း အတိအလင်း ပြောဆိုခဲ့ဖူးသူ တစ်ယောက်ဖြစ်သလို အေးဂျင့် မန်ဒက်စ်ကိုယ်တိုင်က ယခုအချိန်အထိ အသင်းသစ်တွေနဲ့ လိုက်လံချိတ်ဆက်လျှက်ရှိပြီး မဖြစ်ဖြစ်တဲ့နည်းနဲ့ ယခုနွေအတွင်းမှာတင် အသင်းပြောင်းရွှေ့လိုနေသူု တစ်ယောက်လည်း ဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ရိုနယ်ဒိုဟာ တန်ဟတ်ဂ်ရဲ့ မြန်နှုန်းမြှင့် ဖိအားပေး ကစားကွက်အောက်မှာ ပါဝင်ကစားဖို့ ဆန္ဒမရှိ ဖြစ်နေသလို အသင်းလေ့ကျင့်ရေးကွင်းမှာလည်း အသင်းဖော်တွေနဲ့ နီးနီးကပ်ကပ်မရှိပဲ တစ်ဦးထဲတောင် နေ့လည်စာ စားသုံးခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲဖို့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ပြန်လည် ထွက်ပေါ်လာနေတာ တွေ့ရပါတယ်။

The Athletic သတင်းစာရဲ့ အဆိုအရ တန်ဟတ်ဂ်ဟာ ၎င်းရဲ့ နည်းစနစ်တွေနဲ့ လိုက်လျောညီထွေစွာ ကစားပေးဖွယ် မရှိဖြစ်နေတဲ့ ရိုနယ်ဒိုကို လက်လွှွတ်ပေးဖို့သာ ဆုံးဖြတ်လိုက်ပြီး ဘရတ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပွဲအပြီးတုန်းကလည်း အသင်းပရိသတ်တွေကို နှုတ်ဆက်ခြင်း မရှိခဲ့တဲ့ ရိုနယ်ဒိုရဲ့ အပြုအမူတွေအပေါ်မှာ တန်ဟတ်ဂ်တစ်ယောက် စိတ်တိုင်းမကျ ဖြစ်နေရကြောင်း သိရပါတယ်။

ဒါ့အပြင့်လေ့ကျင့်ရေးအစီအစဉ်တွေမှာလည်း နည်းပြ အဲရစ်တန်ဟတ်ရဲ့ High-Pressing နည်းစနစ်တွေမှာ အံ့ဝင်ဖို့ရုန်းကန်နေရပြီး မကြာခဏငြင်းခုန်ဖို့ကြိုးစားမှုတွေရှိခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာတော့ နည်းပြ တန်ဟတ်ဟာ ရော်နယ်ဒို ကို အသင်းမှာဆက်ထိန်းထားဖို့ ဆန္ဒရှိခဲ့ပြီး ရောင်းချခြင်းမပြုရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ခဲ့ပါက ရော်နယ်ဒို ကို ထွက်ခွါခွင့်ပြုဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ယူအသင်းဟာ လက်ရှိ အနေအထားများအရ ပီအက်စ်ဂျီမှ အိုင်ကာဒီကို ထိပ်ဆုံးပစ်မှတ်အဖြစ် ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လက်စတာအသင်းနဲ့ ၁၀ နှစ်ကြာ ဖြတ်သန်းနေတဲ့ ဝါရင့်တိုက်စစ်မှူး ဗာဒီကိုလည်း ခေါ်ယူနိုင်ဖု့ိ စိတ်ဝင်စားမှုတွေ ပြသနေကြောင်း သတင်းရရှိပါတယ်။