ဆောက်သမ်တန်နဲ့ပွဲစဉ်အပြီး ရော်နယ်ဒိုရဲ့အနာဂတ်ကို ထုတ်ဖော်ဝန်ခံလိုက်တဲ့ တန်ဟတ်

Posted on

ဆောက်သမ်တန်နဲ့ပွဲစဉ်အပြီး ရော်နယ်ဒိုရဲ့အနာဂတ်ကို ထုတ်ဖော်ဝန်ခံလိုက်တဲ့ တန်ဟတ်

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြဖြစ်သူ တန်ဟက် က အပြောင်းအရွှေ့ဈေးကွက်မပိတ်သေးသရွှေ့ တိုက်စစ်မှုး ရော်နယ်ဒို ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး တိကျသေချာတဲ့ အာမခံချက်မျိုးမပေးနိုင်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နွေဈေးကွက်ဖွင့်ချိန်နောက်ဆုံးအချိန်ထိ ကစားသမားသစ်တွေကို အားဖြည့်ခေါ်ယူသွားဖို့ လုပ်ဆောင်လျက်ရှိနေသလို ပြီးခဲ့တဲ့သောကြာနေ့တုန်းက အန်တိုနီအတွက် ကမ်းလှမ်းမှုတွေကို နောက်တစ်ကြိမ်ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။

သို့ပေမဲ့လည်း လက်ရှိအချိန်ထိ နောက်ဆုတ်ခဲ့ခြင်းမရှိသလို ပြောင်းရွေ့ကစားဖို့ အတွက် အသင့်ဖြစ်နေတဲ့ ကစားသမားတွေကို ကမ်းလှမ်းမှုတွေ ထပ်မံပြုလုပ်သွားမှာဖြစ်ကြောင်း အသိပေးခဲ့ပြီး ချန်ပီယံလိဂ်မှာကစားချင်နေတဲ့ ရိုနယ်ဒို ရဲ့အနာဂတ်နှင့်ပတ်သက်ပြီး အာမခံချက်မပေးနိုင်ကြောင်း တန်ဟက် က ထွက်ဆိုခဲ့တာပါ။

ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး တန်ဟတ်က “တိကျသေချာတဲ့အဖြေမျိုးမပေးနိုင်ပါဘူး။ အစီစဉ်သစ်ထဲမှာ ရိုနယ်ဒိုကိုအရေးပါတဲ့ နေရာမှာထည့်သွင်းထားတာဖြစ်ပြီး ရေးဆွဲထားတဲ့အစီစဉ်တိုင်း လုပ်ဆောင်သွားမှာပါ။”

“တကယ်လို့ ပြောင်းရွေ့ကစားချင်တဲ့ ကစားသမားကောင်းတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့ဘက်က ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့ အသင့်ပါပဲ။ ‌‌အပြောင်းအရွေ့ဈေးကွက်နောက်ဆုံးအချိန်ထိ ကမ်းလှမ်းမှုတွေပြုလုပ်သွားမှာပါ။” ဟု ဆိုသွားခဲ့ပါတယ်။

ဆောက်သမ်တန် အသင်းကိုအနိုင်ရခဲ့တဲ့ပွဲစဉ်အပေါ် တန်ဟက်က ” ဘရန့်ဖိုဒ့် အသင်းနဲ့ပွဲစဉ်ကရခဲ့တဲ့ သင်ခန်းစာသစ်တွေကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ဂိုးဧရိယာထဲဘောလုံးပေးပိုမှုတွေကို တင်းကျပ်စွာရှင်းထုတ်နိုင်ခဲ့တာပါ။ဒီကနေ့ရလဒ်အတွက် ဒီကနေ့သွင်းနိုင်တဲ့ အနိုင်ဂိုးအတွက် ကျွန်တော်တို့တွေ ပျော်ရွှင်ရပါတယ်။”

” ဒါ့အပြင် နောက်ထပ် အခွင့်ရေးကောင်းတွေ (၂-၃) ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်(၃၀) အတွင်းမှာ ထိန်းချုပ်ကစားနိုင်ခဲ့ခြင်းမရှိတာကြောင့် စိတ်ပျက်မိပေးမယ့် လာမယ့်ပွဲစဉ်တွေမှာ ဒီထက်ပိုကောင်းအောင်လုပ်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။